နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန့်  ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို့ တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါဝင်သည့် အဖွဲ့  သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို့  မနေ့ က ထွက် ခွာခဲ့ကြသည်။ အမေရိကန်နိုင်ငံ Smile Train Inc နှင့် SHIJA တို့ ကပူးတွဲစီစဉ်သည့် အဖွဲ...
မေလ ၂၀-၂၁ ရက်နေ့ ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဟိုတယ်ဖြစ်သည့် Place Hotel တွင် ကျင်းပပြု လုပ်သည့် ဒုတိယ အကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာများ တက်ရောက်မှု နည်း ပါးပြီး တိုင်းရင်းသား မီဒီယာကိစ္စ ဆွေးနွေးမှုလည်း မရှိကြောင်း သိရသည်။ “ဒီညီလာခံမှာ တိုင်းရင်းသား မီဒီယာကိစ္စဆွေးနွေးဖို့  တခုတလေမှ မပါပါဘူး၊ အဲဒါကြောင့် တိုင်း ရင်းသား မီဒီယာကိစ္စကိုလည်း မဆွေးနွေးဖြစ်ဘူး” ဟု ခိုနူမ်းထုန်သတင်းဌာနမှ အယ်ဒီတာဖြစ်သူ ကိုဆန်းသဲ ကပြောသည်။
စစ်တပ်၊ ရဲနှင့် အစိုးရအရာရှိ တချို့  ပါဝင်ပတ် သက်သည် ဟု ယူဆရသည့် Pseudoephedrine ဆေးပြား အခွံကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Moreh မြို့  ရှိ မြစ်တခုကို တမိုင် နီးပါးခန့်  ဖုံးလွှမ်း လျက်ရှိ သည်ကို တွေ့ ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ အတွင်းရှိ pharmaceutical ကုမ္ပဏီများမှ ထုတ်လုပ်သော ယင်းဆေးပြား များကို အိန္ဒိယ နိုင်ငံ အနှံ့ မှ သယ်ယူကြပြီး အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်းမှ...
မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား အများစုနေ ထိုင်သည့် ရပ်ကွက်ဖြစ်ကြသော Rangvamual နှင့် Phunchawng ရပ်ကွက်ရှိ မိသားစုအိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့သည်။ ဧပြီလကုန်ပိုင်းကတည်းက မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး NGO ဖြစ်သော CYMA တာဝန်ရှိ သူ များနှင့် အိမ်ရှင်များဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေး ချက်အရ တရားမဝင်နေထိုင် သူ နိုင်ငံခြား သား များအပါအဝင် အရက်ချက်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိသားစုများကို မေလ ၁၅ ရက်နေ့ မတိုင်ခင် ရပ်ကွက်မှ ထွက်သွားရန်...
၂၀၁၃ခုနှစ် မေလ (၃)ရက်နေ့ ၌ ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့  နယ် ဆဘောင်း သဲ ကျေး ရွာ တွင် အိန္ဒိယ နိုင်ငံ ထုတ် Pseudoephedrine ဆေးပြား ကျပ်ငွေ သန်း ၅၁၁ ဖိုးခန့် ဒေသခံ အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။ ဆဘောင်းသဲကျေးရွာ တပ်စခန်းရှိ တပ်မတော် သားများကအိန္ဒိယနိုင်ငံမှသယ်ယူ သည့်ဆေးပြား အလုံး ၃၆၅၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းဆေးပြားများကို မတူပီမြို့  ရဲစခန်းသို့  လွှဲပေး ခဲ့ကြောင်း ယနေ့ ...
မီဇိုရမ်ပြည်နယ်၏ NGO များဖြစ်ကြသော Mizo Zirlai Pawl (MZP) နှင့် Mizo Students’ Union (MSU) တို့ ပူးပေါင်းပြီး Saikhumphai ဒုက္ခသည်များ အတွက် ရန်ပုံငွေ ရှာပေး သည့် အနေဖြင့် မီဇိုရမ် ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အလှူခံပုံးများထားကာ ရန်ပုံငွေရှာပေး မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်ကို ၂၀၁၃ခုနှစ်၊ မေလ (၆) ရက်နေ့  MSU ၏ဗဟိုဌာနချုပ် တွင် ပြုလုပ် သည့် အစည်းအဝေးက ချမှတ်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl...
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည် နယ် Champhai ခရိုင်ရှိ Saikhumphai ကျေး ရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်း ကလွဲပြီး လူနေ အိမ် ၄၀ ကို Vaphai ကျေး ရွာလူထုမှ မီးရှုခဲ့ သည့်အပေါ် မီဇိုရမ် NGOs များက ပြစ်တင် ရှုတ်ချခဲ့ကြသည်။ ယခုကဲ့သို့  မီးရှုခံလိုက်ရသည့်အတွက် လူဦးရေ ၂၀၀ ကျော်မှာ စားဝတ်နေရေး အလွန် အခက်အခဲ ကြုံတွေ့ကြရပြီး မီးရှို့ လိုက်သည့် အပေါ် မီဇိုရမ်ပြည်နယ်ရှိ NGO အသီးသီးက မီဇိုရမ်...
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ က မြန်မာနိုင်ငံ သို့  တင်ပို့မည့် ဆေးပြား ရူပီးငွေသိန်း ၃၆၀ ကျော်ဖိုး မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များက မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မှ Champhai သို့ သွားမည့် Tata Mobile (207) ကားကို တားပြီး စစ်ဆေးခဲ့ရာ Pseudoephedrine ဆေးပြား အလုံး သိန်း ၆၀ ကျော်၊ ရှုပီး ၃,၆၉,၃၂,၄၇၁ တန်းဖိုးရှိသည့် ဆေးပြားကို ဖမ်းဆီးမိ ခဲ့ကြောင်း ဒေသထုတ် သတင်းစာ တွင် ဖော်ပြ...
ချင်းလူမျိုးအများစုနေထိုင်သည့် အိန္ဒိယ အရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai ကျေးရွာရှိ လူနေအိမ် ၄၀ လုံးကို ဒေသခံလူထုက မီးရှို့  လိုက်တယ်လို့သိရသည်။ ဧပြီလ ၂၉ ရက် မနက်ပိုင်းက Saikhumphai ကျေး ရွာရှိ ချင်းလူမျိုး များနေထိုင်နေကြ သည့် နေအိမ် ကို Vaphai လူထု ၁၀၀ ကျော်က မီးရှို့  ဖျက်ဆီးလိုက်ကြောင်း လို့ Saikhumphai ကျေး ရွာနေ ချင်းအမျိုး သားတဦးက ပြောပါတယ်။
CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ့ များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ့  ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါလူထုတွေ့ ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို့ ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီတို့ကဆောင်ရွက်ပေးကြောင်း တွေ့ ဆုံပွဲတွင် ပါဝင်သူ တစ်ဦးကဆို သည်။