ခိုနူမ်းထုန် သတင်းဌါန

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများ ခွဲစိတ် မှုပြုလုပ်မည့် အိန္ဒိယဆရာဝန်များ စစ်ကိုင်း တိုင်းသို့  သွားရောက်
နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန့်  ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို့ တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါဝင်သည့် အဖွဲ့  သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို့  မနေ့ က ထွက် ခွာခဲ့ကြသည်။

အမေရိကန်နိုင်ငံ Smile Train Inc နှင့် SHIJA တို့ ကပူးတွဲစီစဉ်သည့် အဖွဲ့ ကို မဏိပူရပြည်နယ် ဒုတိယ ၀န်ကြီးချုပ် G Gaikhangam နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး K Govindas တို့ က ဦးဆောင် ပြီး ထွက်ခွဲခဲ့ကြကြောင်း ယမန်နေ့  ထုတ် The Time of India သတင်းစာ တွင် ဖေါ်ပြထားသည်။

ယင်းခွဲစိတ်မှုကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့  ပြည် သူ့ ဆေးရုံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မုံရွာ ဆေးရုံမှ ကျမ်းမာရေး ကြီးကြပ်ရေးမှူးက SHIJA အဖွဲ့ ထံ လူနာ ၁၅၀ ခန့်  ခွဲစိတ်ကုသမှု ရယူရန် စောင့် ဆိုင်း နေပြီ ဖြစ်ကြောင်း အကြောင်းကြားထားပြီးဖြစ်သည်ဟု သိရသည်။

ခွဲစိတ်မှုကို ယနေ့ မှစတင်မည်ဖြစ်ပြီး လူနာအခြေအနေ အပေါ်မူတည်ပြီး ယင်းအဖွဲ့ ၏ အချိန်ကို တရက် သို့ မဟုတ် နှစ်ရက် ထပ်တိုး၍ ကုသပေးမည်ဖြစ်ကြောင်း အဆိုပါသတင်းစာကဆိုသည်။

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများကို မြန်မာအစိုးရ၊ Smile Train Inc နှင့် SHIJA ဆေးရုံတို့ မှ ပူး ပေါင်းလုပ်ဆောင် မည်ဖြစ်သည်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲကုသမှု ဆေးရုံ အနည်းငယ်သာ ရှိသည့် မြန်မာ နိုင်ငံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါသည် တစ်သိန်းခန့် ရှိမည်ဟု ခန့် မှန်း ထားကြ သည်။

ဤလုပ်ဆောင်ချက်ကြောင့် အထူးသဖြင့် မဏိပူရပြည်နယ် အစိုးရနှင့် မြန်မာအစိုးရအကြား ဆက်ဆံရေး ပိုမိုမြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

ကုသမှုအစီအစဉ်တွင် နေစရိတ် စားစရိတ်အခမဲ့ပြုလုပ်ပေးမည်ဖြစ်ကာ တည်းခိုမည့် နေရာမှ ခွဲစိတ်မည့်နေရာအထိအခမဲ့ ပို့ဆောင်ပေး မည်ဖြစ်ပြီးး ခွဲစိတ်ပြီးသော လူနာများကို တည်းခို သည့်နေရာအထိ ပြန်လည်ပို့ဆောင်ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လူနာ(၁)ဦးလျှင် အစောင့်(၁)ဦးစီ စီစဉ်ပေးမည်ဖြစ်ပြီး နေထိုင်တည်းခိုရေး စားသောက်ရေး တို့ကိုလည်း အခမဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ လူနာများ တည်ခိုမည့်နေရာကို မုံရွာမြို့  သုဓမ္မစာရီဗိမာန်တော်တွင် စီစဉ်ပေးထားမည်ဖြစ်ကြောင်း Monywa Time သတင်းစာကို ကိုးကားပြီး Myanmadaily အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၅၀၀၀၀၀ဦး ခန့် ရှိမည်ဟု ခန့် မှန်းထားသည့် နိုင်ငံ တွင် နှစ်စဉ် ၃၅၀၀၀ ဦး ခန့် ရောဂါရှင် ကလေးမွေးဖွားလျက်ရှိကြောင်း သိရသည်။ SHIJA ဆေးရုံ ကို ၂၀၀၈ ခုနှစ်မှ စတင်တည်ထောင်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် မီဒီယာညီလာခံတွင် တိုင်း ရင်းသားမီဒီယာ တက်ရောက်မှုနည်း
မေလ ၂၀-၂၁ ရက်နေ့ ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဟိုတယ်ဖြစ်သည့် Place Hotel တွင် ကျင်းပပြု လုပ်သည့် ဒုတိယ အကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာများ တက်ရောက်မှု နည်း ပါးပြီး တိုင်းရင်းသား မီဒီယာကိစ္စ ဆွေးနွေးမှုလည်း မရှိကြောင်း သိရသည်။

“ဒီညီလာခံမှာ တိုင်းရင်းသား မီဒီယာကိစ္စဆွေးနွေးဖို့  တခုတလေမှ မပါပါဘူး၊ အဲဒါကြောင့် တိုင်း ရင်းသား မီဒီယာကိစ္စကိုလည်း မဆွေးနွေးဖြစ်ဘူး” ဟု ခိုနူမ်းထုန်သတင်းဌာနမှ အယ်ဒီတာဖြစ်သူ ကိုဆန်းသဲ ကပြောသည်။

ယင်းမီဒီယာညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ဦးအောင်ကြီး အပါအ၀င် UN အေဂျင်စီ၊ နိုင်ငံ တကာမှ မီဒီယာများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ သက်ဆိုင်ရာ သတင်းဌာနများမှ သတင်းထောက်၊ အယ်ဒီတာများနှင့် ဧည့်သည်တော် စုစုပေါင်း ၃၆၉ ဦး ပါဝင်တက်ရောက် ခဲ့ ကြောင်း သိရသည်။

တိုင်းရင်းသားမီဒီယာများမှ မွန်၊ ရခိုင်၊ ကရင် မီဒီယာများ တက်ရောက်ခွင့်ရရှိကြပြီး ချင်းသတင်း ဌာနများမှ ခိုနူမ်းထုန် သတင်း၊ The Hakha post နှင့် Chin world Media များမှတဦးစီ တက်ရောက် နိုင်ကြောင်း သိရသည်။

၂၀၁၃ခုနှစ် အိန္ဒိယနိုင်ငံ ကာလကတားမြို့ တွင် ဖွဲ့ စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်း အဖွဲ့ တွင် တိုင်းရင်းသား မီဒီယာများဖြစ်ကြသည့် လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ ကချင် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်)၊ ရွှေဟင်္သာ သတင်းဌာန၊ Karen Information Center (ကေအိုင်စီ)၊ ခိုနူမ်းထုန် သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန၊ နိရဉ္စရာ သတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်နှင့် သျှမ်းသံတော်ဆင့် သတင်းဌာန (၁၁)ဖွဲ့  ပါဝင်ကြ သည်။

ညီလာခံတွင် မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွင်း မီဒီယာ၏ အောင်မြင်မှု၊ အခက် အခဲ နှင့် ရှေ့ ဆက်လုပ်ဆောင်ရမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံ တကာ မြန်မာ့ သတင်း (ဘီအဲန်အိုင်) မှ ခိုနူမ်းထုန်သတင်းဌာန အယ်ဒီတာက Media, Peace and Conflict နှင့်ပတ်သက် သည့် အခြေအနေကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ် ဧပြီလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ မော်လမြိုင်မြို့  စထရင်း ဟိုတယ်မှာ ကျင်းပ ပြုလုပ်သည့် ပထမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အခြေခံပြီး နိုင်ငံတကာ စံနှုန်းနှင့် အညီ မီဒီယာ ပေါ်ထွန်းလာရေးနှင့် အဲဒီ ဥပဒေမှာ တိုင်းရင်းသား မီဒီယာ ဖွံ့ ဖြိုးလာစေရန်နှင့် တိုင်းရင်းသား မီဒီယာများ၏ ဖွံ့ ဖြိုးရေးကို လက်တွဲ ကူညီသွားရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အစိုးရများနှင့် ဒေသတွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံများ၊ သတင်း မီဒီယာ တိုးတက်ရေး လုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးရန်  ထုတ်ပြန်ခဲ့ကြ သည်။

သို့ သော် မြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပသည့် ဒုတိယအကြိမ် မီဒီယာ ညီလာခံတွင် တိုင်းရင်းသားမီဒီယာ ကိစ္စ ဆွေးနွေးရန် မပါရှိခြင်းသည် တိုင်းရင်းသားမီဒီယာများ၏ တိုးတက်ရေးဖွံ့ ဖြိုးရေးအတွက် အဟန့်  အတားတခုဖြစ်လာ နိုင်ကြောင်း သုံးသပ်ကြသည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ပထမအကြိမ် မီဒီယာညီလာခံကို ၂၀၁၂ခုနှစ် မတ်လ ၂၁-၂၂ ရက်နေ့ ၌ ရန်ကန်မြို့  Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံသို့  တင်ပို့် မည့် Pseudoephedrine အခွံ အမြောက်အများ မဏီပူရပြည်နယ် မြစ်တခုတွင် တွေ့ ရှိ
စစ်တပ်၊ ရဲနှင့် အစိုးရအရာရှိ တချို့  ပါဝင်ပတ် သက်သည် ဟု ယူဆရသည့် Pseudoephedrine ဆေးပြား အခွံကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Moreh မြို့  ရှိ မြစ်တခုကို တမိုင် နီးပါးခန့်  ဖုံးလွှမ်း လျက်ရှိ သည်ကို တွေ့ ရှိခဲ့သည်။

အိန္ဒိယနိုင်ငံ အတွင်းရှိ pharmaceutical ကုမ္ပဏီများမှ ထုတ်လုပ်သော ယင်းဆေးပြား များကို အိန္ဒိယ နိုင်ငံ အနှံ့ မှ သယ်ယူကြပြီး အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်းမှ တဆင့် မြန်မာနိုင်ငံ ဘက်သို့  တင်ပို့ လျက်ရှိကြောင်း ၂၀၁၃ခုနှစ် မေလ (၁၇) ရက်နေ့ ထုတ် The E-Pao အင်တာ နက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

Pseudoephedrine Hydrochloride ၆၀ ရာခိုင်းနှုန်း ပါဝင်သည့် Respifed, Hot and Cold Hingcop T, Actilab T အမည်တပ် ထားသည့် ဆေးပြားများကို မူးယစ်ဆေးဝါး အဖြစ် အသုံး ပြုနေ ကြောင်း အဆိုပါသတင်းက ဖေါ်ပြထားသည်။

အိန္ဒိယ- မြန်မာ နယ်စပ် လုံခြုံသည် နေရာတွင် သိုလှောင်ထားရှိသည့် ဆေးပြားများကို လွယ်လင့် တကူ သယ်ယူနိုင်ရန် အတွက် အခွံခွာခြင်းဖြစ်ကြောင်း၊ ယင်းအခွံခွာသည့် နေရာတွင် လုပ်သား ၁၀၀ ထက် မနည်း ပါဝင်ကာ လူတစ်ဦးလျင် တနေ့ လုပ်အားခ ရူပီးငွေ ၃၀၀ ဖြင့် အလုပ်လုပ် ကိုင်နေ ကြကြောင်း သိရသည်။

အခွံခွာပြီးသော ဆေးလုံးများကို အိန္ဒိယ အရှေ့ မြောက်ဘက် လက်နက်အဖွဲ့  တချို့ နှင့် အာသံ ရိုင်ဖယ် ပူးပေါင်းကာ မြန်မာ နယ်စပ် သို့  ရောက်ရှိနိုင်ရန် တနေရာမှ တနေရာသို့  ပြောင်းရွှေ့  သယ်ဆောင်ခြင်း ဖြစ်ကြောင်း The E-pao သတင်းစာကဖေါ်ပြထားသည်။

တစ် ကီလိုမီတာခန့်  ရှည်လျားအောင် ဖုန်းလွှမ်းထားသည့် Pseudoephedrine အခွံက Lokchao မြစ်ကို ဖုန်းလွှမ်းလျက်ရှိကြောင်း သိရသည်။

၂၀၁၃ခုနှစ် မေလ ၂၆-၂၇ ရက်နေ့  စစ်ကိုင်းတိုင်းတွင် ပြုလုပ်မည့် မဏိပူရပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ မြန်မာ အစိုးရ တို့  ဆွေးနွေးပွဲတွင် မကိပူရပြည်နယ် ၀န်ကြီးချုပ် Okram Ibobi တက်ရောက်မည်ဖြစ်ပြီး ခရီးသွား လုပ်ငန်း၊ Imphal နှင့် မန္တလေးအကြား ဘတ်စ်ကား ပြေးဆွဲ မည့်ကိစ္စနှင့် လျှပ်စစ်ဓါတ်အားပေးဝေမည့် ကိစ္စများကို သာဆွေးနွေးသွား မည်ဟု သိရသည်။

တချိန်တည်းမှာပင် ၂၀၁၃ခုနှစ် မေလ ၁၃ ရက်နေ့ တွင် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ် အာဏာပိုင်များက မူးယစ်ဆေးဝါး ကုန်ကူး မှုကြောင့် ရိဒ်မြို့နယ်ခွဲ၊ အမှတ်(၁)ရပ်ကွက်နေ သူ များဖြစ်သော လာလ်ထန်တလိန်း (၃၁)နှစ်နှင့် လာလ်ဇီး မွန်နာ(၂၅)တို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၆(ခ)အရ အလုပ်ကြမ်းနှင့် ထောင် ဒဏ်(၅)နှစ်အား၎င်း၊ မရမ်ဆိုင်နွန် (၃၆)နှစ် နှင့် လားလ်ဂိုလျှန်နာ(၂၄) တို့အား ဥပဒေပုဒ်မ ၁၆(ခ)အရ အလုပ်ကြမ်း နှင့်ထောင် ဒဏ် (၇)နှစ်အား၎င်း ပြစ် ဒဏ်ချမှတ် ခဲ့ကြကြောင်း မြန်မာ ရဲတပ်ဖွဲ့ facebook စာမျက်မှာတွင် ဖေါ်ပြထား သည်။

အဆိုပါတရားခံများထံမှ Pseudoephedrine ဆေးပြား ၉၈၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မီဇိုရမ်မှ မြန်မာနိုင်ငံသား အိမ်ခြေ ၁၂၀ ကျော် မောင်းထုတ်
မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား အများစုနေ ထိုင်သည့် ရပ်ကွက်ဖြစ်ကြသော Rangvamual

နှင့် Phunchawng ရပ်ကွက်ရှိ မိသားစုအိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့သည်။

ဧပြီလကုန်ပိုင်းကတည်းက မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး NGO ဖြစ်သော CYMA တာဝန်ရှိ သူ များနှင့် အိမ်ရှင်များဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေး ချက်အရ တရားမဝင်နေထိုင် သူ နိုင်ငံခြား သား များအပါအဝင် အရက်ချက်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိသားစုများကို မေလ ၁၅ ရက်နေ့ မတိုင်ခင် ရပ်ကွက်မှ  ထွက်သွားရန် အသိပေးထားပြီဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl post သတင်းစာတွင် ဖေါ်ပြထားသည်။

“နောက်ဆုံးသတင်းအရ Phunchawng ရပ်ကွက်မှ အိမ်ခြေ ၉၀ ခန့် ပြောင်းရွေ့ကြပြီဖြစ် တယ်။ Rangvamual ရပ်ကွက်မှ အိမ်ခြေ ၃၀ ခန့်လည့်း  ယင်းရပ်ကွက်မှ ပြောင်းရွေ့ခဲ့တယ်”  ဟု အဆိုပါ သတင်းစာတွင် ဖော်ပြသည်။

ဆက်လက်ပြီး အာဏာပိုင်များက သတ်မှတ်ထားသည့် နေ့ရက်တွင် ရပ်ကွက်မှ မပြောင်းရွေ့၊ မထွက်ခွာသေးသည့် အိမ်ထောင်စု အခြေအနေကို ဆက်လက်စစ်ဆေးသွား မည်ဖြစ်ပြီး၊ တကယ် လို့ ရှိခဲ့ပါက ဆက်လက် မောင်းထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြောင်းရွေ့ခံရသည့် မိသားစုများမှာ အခြားရပ်ကွက်များတွင် အိမ်ငှားနေခြင်း၊ အချို့  မိသားစု များမှာ ဆွေမျိုး အိမ်များ တွင် ကပ်၍ နေကြသည်ဟု သိရပြီး၊ တချို့ အိမ်ထောင်စုများ သည် မြန်မာနိုင်ငံဘက်သို့  ပြန်သွားသူများလည်း ရှိသည်ဟုသိရသည်။

“ဒီကိစ္စနှင့် ပတ်သက်လို့  တချို့ အိမ်ထောင်စုတွေ ဆိုရင် မြန်မာပြည်ဘက်ကို လည်း မသွားရဲ ဖြစ်နေကြတော့ စိတ်သောကရောက်နေ တယ်” ဟု ဒေသခံတဦးက ဆိုသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ က နေ မိုင် ၂၀ ကွာဝေးသည့် Phunchawng နှင့် Rangvamual ရပ်ကွက်တွင် မြန်မာနိုင်ငံ သား တော်တော်များ များနေထိုင် ကြပြီး၊ အများစုမှာ  အရက်ချက် လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ကြသည်ဟု သိရသည်။ သို့ သော် မြန်မာနိုင်ငံသား မည်၍မည်မျှ နေထိုင်ကြသည်ကိုမူ အသေးစိတ်မသိရှိနိုင်ပေ။

အိုင်ဇောလ်မြို့ တွင် အခြေစိုက်သော CYMA သည် ၂၀၁၃ခုနှစ် မေလ (၁၅) ရက်နေ့ တွင် ယင်း ဒေသရှိ မြန်မာနိုင်ငံသားများကို ရပ်ကွတ်မှ အပြီးထွက်သွားကြရန် နှင့် အကယ်၍ မထွက်သွားပါက ၄င်းတို့ အပေါ် လုပ်ဆောင်သည့် အရေးယူမှု အပေါ် CYMA မှ တာဝန် ယူမည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

ဆိုင်ကယ် တိုက်မိသောကြောင့် လူငယ် (၃) ပြင်းထန်စွာဒဏ်ရာရ
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ တွင် မနေ့ ညက မော်တော်ဆိုင်ကယ်နှစ်စီး ရုတ်တရက် တိုက်မိရာ လူငယ် (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံးတင်နေရကြောင်း သိရသည်။

မတူပီမြို့  စဘောင်ရပ်ကွတ်ရှိ ဟားခါးနှင့် မင်းတပ်လမ်းစုံတွင် Salai Jessi မောင်း ဆိုင်ကယ်နှင့် ဆလိုင်း လျန်ဒိန်းနှင့် မီဆိုင်းတို့ မောင်းသည့် ဆိုကယ်တို့  ည ၁၁း၀၀ နာရီခန့် တွင် မတော်တဆ တိုက်မိခြင်းဖြစ်ကြောင်း CNF လိုင်စင်ရုံး တာဝန်ကျသူထံမှ သိရသည်။

“ဆလိုင်းရဲဆီးက အရက်မူးနေတယ်လို့  ဆေးရုံးဝန်ထမ်းတွေက ပြောကြတယ်။ သူတို့ မောင်းတဲ့ ဆိုင်ကယ်တွေတော့ ရဲက ထိန်းထားတယ်၊ ဒဏ်ရာပြင်းထန်တယ်ဆိုတော့ သူတို့  မြေပြန့် ဘက် ကိုဆေးကုသဖို့  ပို့ ကြတယ်”ဟု ဆလိုင်း ရိုကုန်းက အင်တာနက်ကတဆင့် ပြောသည်။

ယခုအခါ ဒဏ်ရာရသူများကို မည်သည့် ဆေးရုံတွင် ကုသမည်ကို မသိရသေးကြောင်း၊ ဆေးကုသ မည့်နေရာကို သူတို့ ဖာသာ စီစဉ်သွားမှာဖြစ်ကြောင်းလည်း ဆလိုင်းရိုကုန်း ခိုနူမ်းထုန်သထင်းဌာန ကိုပြောကြားခဲ့သည်။

မတူပီမြို့ ပေါ်တွင် တရုတ်လုပ် မော်တော်ဆိုင်ကယ် ၁၀၀၀ ခန့် ရှိမည်ဖြစ်ပြီး အများအားဖြင့် ဆိုင် ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိသူ အများအပြား ရှိနေကြောင်း သိရသည်။

တရုတ်လုပ် မော်တော်ဆိုင်ကယ်တစီးလျင် ၁၂၅ စီစီကို ၅၇၀၀၀၀ ကျပ်ငွေဖြင့်၎င်း၊ ၁၁၀ စီစီကို ၄၀၀၀၀၀ဖြင့် အသီးသီး ၀ယ်ယူနိုင်ကြောင်းနှင့် အသစ်ဝယ်ယူသည့် ဆိုင်ကယ်များကိုမူ ဆိုင်ကယ် လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိသူ များဖြစ်နေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ယာဉ်မောင်းလိုင်စင်မရှိသူများက မော်တော်ယာဉ်များမောင်းသူ များပြားသော ကြောင့် မကြာခဏ ဆိုသလို ကားသိမ်းမှောက်ခြင်း၊ တိုက်မိခြင်းဖြစ်ပွားကာ သေဆုံး ဒဏ်ရာရ မှု များပြားလျက်ရှိသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါး ကျပ်ငွေသန်း ၅၁၁ ဖိုး ဖမ်းဆီးခဲ့
၂၀၁၃ခုနှစ် မေလ (၃)ရက်နေ့ ၌ ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့  နယ် ဆဘောင်း သဲ ကျေး ရွာ တွင် အိန္ဒိယ နိုင်ငံ ထုတ် Pseudoephedrine ဆေးပြား ကျပ်ငွေ သန်း ၅၁၁ ဖိုးခန့် ဒေသခံ အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

ဆဘောင်းသဲကျေးရွာ တပ်စခန်းရှိ တပ်မတော် သားများကအိန္ဒိယနိုင်ငံမှသယ်ယူ သည့်ဆေးပြား အလုံး ၃၆၅၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းဆေးပြားများကို မတူပီမြို့  ရဲစခန်းသို့  လွှဲပေး ခဲ့ကြောင်း ယနေ့  ထုတ် The Matupi Times သတင်းစာတွင် ဖေါ်ပြထား သည်။

“ဒီဆေးပြားများကို မတူပီ-မင်းတပ်- ပခုက္ကူမြို့  များမှ မန္တလေးမြို့ ကို သယ်ယူဖို့ ဖြစ်ပါလိမ့် မယ်။ အပေါ်လမ်းက လုံခြုံရေး ကြပ်လာတော့ ဒီဘက်လမ်းကို လာတာ” ဟု မီဇိုရမ်တွင်ရောက်ရှိ လာသည့် ဒေသခံတစ်ဦးကဆိုသည်။

ပိုင်ရှင်များဖြစ်ကြသည့် လားရှိုးမြို့ မှ U Ashi, U Shawk Kam နှင့် မင်းတပ်မြို့ မှ U Bu Mana တို့  အား Toyota Hilux Surf ကားနှင့်အတူ ဖမ်းဆီးပြီး မတူပီမြို့ တာဝန်ရှိ ရဲများက ပုဒ်မ- ၁၅/၁၀ (၈) ၁၉/(ဇ)တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်း အမှတ်-(၁)နှင့် (၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းများတွင် Pseudoephedrine ဆေးပြားများကို အာဏာပိုင်များက မူးယစ်ဆေးဝါးကုန်သည် များထံမှ မကြာ ခဏ ဖမ်းဆီးခဲ့သော်လည်း ချင်းပြည်နယ်တောင်ပိုင်းတွင်မူ ပထမအကြိမ် ဖမ်း ဆီးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ ကလည်း မီဇိုရမ်ပြည်နယ် မြို့ တော် အိုင်ဇောလ်တွင် ကျန်ဖိုင်းမြို့  ဘက်သို့  သယ်ယူမည့် Pseudoephedrine ဆေးပြား အလုံး သိန်း (၆၀)ကျော်ကို မီဇိုရမ် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

အလားတူ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ တင်ပို့ မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ Pseudoephedrine အမျိုးအစား မူးယစ်ဆေးများနှင့် အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ အား နယ်စပ်အနီးတွင် အိန္ဒိယ ရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့သည်။

Saikhumphai ဒုက္ခသည်များအတွက် မီဇိုရမ် မြို့နယ်အသီးသီးတွင် အလှူခံမည်
မီဇိုရမ်ပြည်နယ်၏ NGO များဖြစ်ကြသော Mizo Zirlai Pawl (MZP) နှင့် Mizo Students’ Union (MSU) တို့ ပူးပေါင်းပြီး Saikhumphai ဒုက္ခသည်များ အတွက် ရန်ပုံငွေ ရှာပေး သည့် အနေဖြင့် မီဇိုရမ် ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အလှူခံပုံးများထားကာ ရန်ပုံငွေရှာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်ကို ၂၀၁၃ခုနှစ်၊ မေလ (၆) ရက်နေ့  MSU ၏ဗဟိုဌာနချုပ် တွင် ပြုလုပ် သည့် အစည်းအဝေးက ချမှတ်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl Post သတင်းစာတွင် ဖေါ်ပြ ထားသည်။

“ယင်းကိစ္စကြောင့် မကျေနပ်တဲ့သူ၊ စိတ် ကသိကအောင့်ဖြစ်တဲ့သူ ရှိခဲ့ရင် တောင်းပန်လိုပါတယ်။ ဒီရွာမှာ လူဆိုး၊ လူမိုက်တွေလည်းရှိနိုင်ပေမဲ့ မီဇိုလူမျိုး အချင်းချင်းဖြစ်ကြတဲ့အတွ<wbr>က် ဒုက္ခရောက် နေ တဲ့ သူတွေကို ကူညီသင့်တယ်” ဟု MZP ဥက္ကဌ James Thanghmingmawia က ပြောခဲ့သည်။</wbr>

MSU Gen. Hqrs. Executive meeting မှ ဆုံးဖြတ်ချက်အရ ကျေးရွာ တစ်ရွာနဲ့ တစ်ရွာ အမြင်ချင်းမတိုက် ဆိုင်တဲ့အတွက် ဖြစ်လာတဲ့ပြဿနာဖြစ်ပေမဲ့ ဒုက္ခရောက်နေသည့် ရွာသား များ၏ အရေးကို ဦးစားလုပ်ဆောင်ဖို့ လိုကြောင်း၊ အခုလို စားဝတ်နေရေး အခက်အခဲ ကြုံနေ သည့် ဒုက္ခသည်များကို ကူညီရန် အထူးလိုအပ်ကြောင်း အဆိုပါသတင်းစာက ဆိုသည်။

တဆက်တည်းမှာပင် Saikhumphai Relief Committee (SRC) ကို MSU လူကြီးများ အစည်း အဝေးက ဖွဲ့ စည်းပြီး SRC တာဝန်ရှိသူများက အိုက်ဇောလ်မြို့ ရပ်ကွက် အသီးသီးတွင် အလှူခံပုံး များ ထားရှိရန် ချမှတ်ခဲ့ကြောင်း MSU ၏ ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

ဒုက္ခရောက်နေသည့် သူများအတွက် ကိုယ်တတ်နိုငသည့် ဖက်မှ ကူညီကြရန် ယင်းထုတ်ပြန်ချက် မှတဆင့် မီဇိုရမ်ပြည်သူလူထုကို ပန်ကြားခဲ့သည်။

MSU ၏ဆုံဖြတ်ချက်အရ အလှူခံမည့် ပုံးများကို အိုက်ဇောလ်မြို့ ရပ်ကွက် အသီးသီးဖြစ်ကြသော Bawngkawn Bazar peng, Chaltlang Dawrkawn, Tamhlun North, Chanmari kawn, Millennium Centre, Bara bazar, Israel Point, Sakawrpului, Bazar Bungkawn, Temple, Treasury Square, Khatla, Sikulpuikawn, Thakthing Bazar, Synod Book Room, Kulikawn, Vaivakawn နှင့် ကောလိပ်ကျောင်းများအပြင် မီဇိုရမ်ပြည်နယ် ခရိုင် အသီးသီး တွင် လည်း အလှူခံပုံးထားကာ အလှူခံသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ အပြင် မီဇိုရမ်ပြင်ပနှင့် အိန္ဒိယနိုင်ငံပြင်ပတို့ မှ အကူအညီပေးလိုသူများရှိပါက MSU ထံ လွယ်လင့် တကူ အဆက်အသွယ်ပြု လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က Vaphai ကျေးရွာလူထုက မီးရှို့ ဖျက်ဆီးလိုက်သော Saikhumphai ကျေးရွာရှိ ဒုက္ခသည်များကို အဖက်ဖက်မှ ကူညီရန် MZP မှ ကြိုးစားနေသော် လည်း မီဇိုရမ်တွင် အကြီးဆုံး NGO ဖြစ်သည့် Central Young Mizo Association (CYMA) နှင့် မီဇိုရမ်အစိုးရကမူ မည်သည့် တွန့် ပြန်ချက်မှ မလုပ်ဘဲ ငြိမ်နေသေး သည်ကို တွေ့ ရ သည်။

မီဇိုရမ် NGOs များက Saikhumphai ကျေး ရွာ မီးရှို့ ခြင်းကို ပြစ်တင်ရှုတ်ချ
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည် နယ် Champhai ခရိုင်ရှိ Saikhumphai ကျေး ရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်း ကလွဲပြီး လူနေ အိမ် ၄၀ ကို Vaphai ကျေး ရွာလူထုမှ မီးရှုခဲ့ သည့်အပေါ် မီဇိုရမ် NGOs များက ပြစ်တင် ရှုတ်ချခဲ့ကြသည်။

ယခုကဲ့သို့  မီးရှုခံလိုက်ရသည့်အတွက် လူဦးရေ ၂၀၀ ကျော်မှာ စားဝတ်နေရေး အလွန် အခက်အခဲ ကြုံတွေ့ကြရပြီး မီးရှို့ လိုက်သည့် အပေါ် မီဇိုရမ်ပြည်နယ်ရှိ NGO အသီးသီးက မီဇိုရမ် အစိုးရနှင့် Vaphai လူထုအား ပြစ် တင်ရှုတ်ချ လိုက်ကြ သည်။

အခုအချိန်တွင် ဒုက္ခရောက်နေသည့် Saikhum phai ကျေးရွာလူထုကို Farkawn ကျေးရွာရှိ Young Mizo Association (YMA) ဦးဆောင်မှုဖြင့် ဆန် ၁၇ အိတ်၊ စောင် (blanket) ၄၆ စောင်၊ တခြားအဝတ်အစားများကို ၄၀၇ ကားတစ်စီး စာ ထောက်ပံ့ခဲ့ကြောင်း၊ ထို့ အပြင် အာလူး၊ ပဲ၊ ကြက်သွန် စသည်များနှင့် ငွေသား ၂၃၀၀၀ ရှုပီး ကို ဧပြီလ ၃၀ ရက်နေ့တွင် ချက်ချင် ကူညီ ခဲ့ကြောင်း ဒေသ ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။

မီဇိုရမ်ပြည်နယ်၊ Champhai District အုပ်ချုပ်ရေးကလည်း အခုလို အဖြစ် မျိုးနောက်ထပ် မဖြစ် ရေ<wbr>လအောင် Vaphai နှင့် Saikhumphai ကျေးရွာ တ၀ိုက်တွင် လူ ၅ ဦးထက်ကျော်လွန်ပြီး စုစည်း ခွင့်ကို ပိတ်ပြင် ထား ကြောင်း သိရသည်။</wbr>

မီဇိုရမ်ပြည်နယ်တွင် အခြေစိုက်သော Human Rights and Law Network (HRLN) ကလည်း Saikhumphai ကျေးရွာရှိ အိမ်ခြေ ၄၀ ကျော် မီးရှုလိုက်သည့် ကိစ္စနဲ့ ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း နှင့် မီဇိုရမ်အစိုးရက လုပ်သင့်လုပ် ထိုက်သည့် ကိစ္စများကို လုပ်ဆောင် ရန်ပျက်ကွတ်သောကြောင်း ယခုကဲ့ လူရာချီ ဒုက္ခရောက်နေကြကြောင်း ထုတ်ပြန်ပြောဆိုလိုက် သည်။

Mizoram Bar Association အဖွဲ့ကလည်း မီဇိုရမ်အစိုးရကို ပြစ်တင်ပြီး Vaphai လူထု၏ လုပ်ရပ်ကို အဆုံးထိတိုင် ကန့်ကွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန် ပါသည်။

Saikhumphai ကျေးရွာ မီးရှို .ဖျက်ဆီးလိုက်ခြင်း နှင့်ပတ်သက်ပြီး Champhai ရဲဌာနက အမှုပေါင်း များစွာ ဖွင့်ထားသည်ဟု သိရသော်လည်း ယခုအချိန်အထိ တရားခံ တဦးတယောက်မျှ ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ရှိ လွတ်တော်အမတ်ဟောင်းများအဖွဲ<wbr>့ဖြစ်သည့်  Former Legislators Association of Mizoram (FLAM) အဖွဲ့က လည်း Vaphai လူထုဖက်မှ မည်သို့ ပင် မှန်ကန် သည်ဖြစ်စေ အခုလို အဖြစ်ဆိုးကြီး ဖြစ်လာသည်အထိ မလုပ်ဆောင် သင့်ကြောင်း ဝေဖန်ပြော လိုက်ကြသည်။ </wbr>

Mizo Zirlai Pawl (MZP) က ဒုက္ခရောက်နေသည့် ဒုက္ခသည်များကို အစိုးရမှ ချက်ချင်း အကူ အညီပေးသွားရန် တိုက်တွန်းပြီး Vaphai အာဏာပိုင်များအား အခုလိုနောက်ထပ် မဖြစ်လာရေး အတွက် တောင်းဆိုလိုက်သည်။

သို့ သော် မီဇိုရမ်တွင် အကြီးမားဆုံး NGO ဖြစ်တခုသည့် Central YMA ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတခုမျှ ဖွင့်ဟပြောဆိုခြင်း မရှိသေးသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဒေသခံများ ကဆိုကြသည်။

ကျေးရွာမီးရှုခံလိုက်ရပြီး အိုး၊အိမ်မဲ့ ဖြစ်သူ လူဦးရေ ၂၀၀ ကျော်သည် လောလော ဆယ်တွင် မီးလောင်ခဲ့သည့် ရွာတွင်ပင် မိုးကာသဲ များဆောက်လုပ် ၍ နေထိုင်နေ ဆဲဖြစ်ကြောင်း၊ ယခု အလှူ ရှင်များမှ ကူညီသည့် အထောက်အပံ့ဖြင့် သာ နေထိုင် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တင်ပို့မည့် ဆေးပြား ရူပီးငွေ သိန်း ၃၆၀ ဖိုး မီဇိုရမ်တွင် ဖမ်းဆီး
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ က မြန်မာနိုင်ငံ သို့  တင်ပို့မည့် ဆေးပြား ရူပီးငွေသိန်း ၃၆၀ ကျော်ဖိုး မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အာဏာပိုင်များက မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မှ Champhai သို့ သွားမည့် Tata Mobile (207) ကားကို တားပြီး စစ်ဆေးခဲ့ရာ Pseudoephedrine ဆေးပြား အလုံး သိန်း ၆၀ ကျော်၊ ရှုပီး ၃,၆၉,၃၂,၄၇၁ တန်းဖိုးရှိသည့် ဆေးပြားကို ဖမ်းဆီးမိ ခဲ့ကြောင်း ဒေသထုတ် သတင်းစာ တွင် ဖော်ပြ သည်။

ကားသမားပြောကြားချက်အရ “ဆေးပြားပိုင် ရှင်ဖြစ်သူ Pathanga က ကားပစ္စည်း ဖြစ်တယ် ဆိုပြီး ၂၆ အိတ်ရှိတဲ့ ဆာလာအိတ်ကို တင်ပေးဖို့ပြောပါတယ်၊ သူကတော့ Champhai ကနေဘဲ စောင့်နေ မယ်ဆိုပြီး အခြားကားနဲ့ ထွက်သွားခဲ့တယ်။ ဆေးပြားမှန်းမသိလို့ တင်မိတာပါ” ဟု ဆိုသည်။

တရားခံကိုမူ ယခုအထိ မီဇိုရမ်အာဏာပိုင်များက မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေစပြီး Pseudoephedrine ဆေးပြား များ ရောင်းဝယ်ခြင်း ကို ခေတ် စားလာ တာဖြစ်ပြီး မီဇိုရမ်အာဏာပိုင် များကလည်း မကြာခဏ ဖမ်းဆီးသည်။ ယင်းဆေးပြား များကို အိန္ဒိယနိုင်ငံ အလယ်ပိုင်းဒေသများမှ အရှေ့ မြောက်ဘက် ပြည်နယ် များမှ တဆင့် မြန်မာနိုင်ငံ ဘက်သို့  တင်ပို့ ခဲ့ကြသည်။

မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံဘက်သို့  တဆင့်တင်ပို့ လေ့ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ Pseudoephedrine အမျိုးအစား မူးယစ်ဆေးများနှင့်အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ အား နယ်စပ်အနီးတွင် ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

အလားတူ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာ ရဲကင်းတပ်ဖွဲ့က ဆူဒိုအက်ဖီ ဒရင်းဆေးပြား ၁၆,ဝဝဝ ပြားစီပါ ၄ ထုပ်၊ ၁ဝ,ဝဝဝ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၁ဝ၆,ဝဝဝ ပြား၊ အလေးချိန် (၁ဝ.၆)ကီလို၊ စုစုပေါင်း တန်ဘိုးငွေကျပ်(၁၂,၇၂ဝ,ဝဝဝိ/-)အား အိန္ဒိယနိုင်ငံသား တဦးထံမှ ဖမ်းဆီးရမိခဲ့သေးသည်။

မီဇိုရမ်တွင် ချင်းလူမျိုးနေထိုင်သည့် အိမ် ၄၀ မီးရှို့ ခံရ
ချင်းလူမျိုးအများစုနေထိုင်သည့် အိန္ဒိယ အရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai ကျေးရွာရှိ လူနေအိမ် ၄၀ လုံးကို ဒေသခံလူထုက မီးရှို့  လိုက်တယ်လို့သိရသည်။

ဧပြီလ ၂၉ ရက် မနက်ပိုင်းက Saikhumphai ကျေး ရွာရှိ ချင်းလူမျိုး များနေထိုင်နေကြ သည့် နေအိမ် ကို Vaphai လူထု ၁၀၀ ကျော်က မီးရှို့  ဖျက်ဆီးလိုက်ကြောင်း လို့ Saikhumphai ကျေး ရွာနေ ချင်းအမျိုး သားတဦးက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ ရွာကိုမီးရှုဖို့ Vaphai ကျေး ရွာ လူထု အသက် ၁၅ မှ ၆၀ ကြားလူထုအများကြီး ကျတော်တို့ နေတဲ့ ရွာဘက်ကို တက်လာတယ်၊ မီဇိုရမ်ရဲတွေ ကဟန့်တားနေတဲ့ အချိန်မှာဘဲ၊ Tiau ချောင်းဘက်ကနေ လူဦးရေ ၁၀၀ ခန့် ထပ်ရောက်လာတော့ ပြည်သူရဲတွေကလည်း မဟန့်တား နိုင်တော့ဘူး၊ အဲဒီလူတွေက ကျနော်တို့နေတဲ့ အိမ်တွေ မီးရှို့ လိုက်တယ်” ဟုအဆိုပါ ချင်းအမျိုးသား တဦးက ပြောပါတယ်။

Tuai ချောင်း ဘက်ကနေ တက်လာတဲ့ Vaphai ရွာသားများသည် ပုလင်းထဲ ရေနံဆီထည့် ထားပြီး နေ့လယ် ၁၂ နာရီကျော်တွင် ပုလင်းကိုမီးရှို့ ကာ ပုလင်းနဲ့ Saikhumphai ကျေးရွာ သားများ၏ နေအိမ်ကိုပေါက်ကာ တရွာလုံးမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

Saikhumphai ရွာသားတချို့ သည် အဝက်အစား၊ အိပ်ယာ၊ အိုးခွက်ပန်းကန်များကို သာ ပြန်ရနိုင် ကြပြီး ယခု လောလောဆယ် မည့်သည့်နေရာတွင် အခြေစိုက်မည်၊ ဘယ်ဖက်ကို ဦးတည်ပြီး ပြောင်းရွှေ့  မည်ကို မသိရှိဘဲ ရွာနီးနားတွင် ခေတ္တာ ခိုလှုံနေ ဆဲဖြစ်ကြောင်း သိရသည်။

“ငိုတဲ့သူကငို၊ ကျနော်တို့မှာ သွားစရာ၊ နေစရာကို မရှိတော့ဘူး လမ်းဘေးမှာဘဲ ငုတ်တုတ်ထိုင်နေ ကြတယ်” ဟုဒေသခံတစ်ဦးက ဆိုသည်။

အခုမီးရှုခံလိုက်ရသည့် အိမ်ပိုင်ရှင်များသည် မီဇိုရမ်ပြည်နယ်တွင် နေထိုင်ခွင့် ID ကပ်ပြားရှိထား သည့် ပုဂ္ဂိုလ် များ ဖြစ်ကြောင်း ပြောဆိုကြသော်လည်း ကျန်ဖိုင်ခရိုင် Khawbung ကျေးရွာ ရဲမှူး Pu Lalrohlua က တရားမ၀င် မီဇိုရမ်ထဲတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၂၅) ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထို့ ကြောင့် တရားမ၀င်နေထိုင်ကြသည့် နိုင်ငံခြားသားများကို ခရိုင်တရားရုံးက ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၃၁)တွင် Saikhumphai ကျေးရွာမှ ထွက်ခွါကြရန် အမိန့် ထုတ် ထားပြီးဖြစ် သည်။

Saikhumphai ကျေးရွာတွင် Pu Fungthanga, Vanlalkunga, Rozama, Rinmuani, Tialmenpari, Manglianhrea, Rohungliana, Lalnunthanga, Paktinthanga, Tawkruaia နှင့် Thawngliankapa မိသားစုများနေထိုင်ကြပြီး လူဦးရေအားဖြင့် (၇၃) ဦးရှိကြောင်း ရဲမှူး Lalrohlua အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

သို့ သော် ဒေသခံများကမူ မီးရှို့ ခဲ့သည့် အိမ်ခြေ (၄၀) ရှိကြောင်း အတည်ပြုပြောဆိုခဲ့ကြသည်။

Saikhumpai ကျေးရွာသည် ၁၉၆၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံဘက်ကနေ ချင်းလူမျိုး တချို့ စတင်ပြောင်းရွှေ့လာကြတာဖြစ်ပြီး Vaphai ကျေးရွာကောင်စီအဖွဲ့ကလည်း အသိ အမှတ်ပြုကာ နေထိုင်ခွင့်ပြုထားသူများ ဖြစ်ပါသည်။ ထိုသို့ နေထိုင်ခွင့်ပြု၍ ချင်းလူမျိုးများသည် ၄င်းကျေး ရွာတွင် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြကာ အသက်မွေး<wbr>၀မ်းကြောင်းခဲ့ကြသည်။</wbr>

မီဇိုရမ်အာဏာပိုင်များသည် ၂၀၁၂ခုနှစ် နိုဝင်ဘာလဆန်းပိုင်တွင် ချင်းလူမျိုးလူဦးရေ ၈၀ ခန့်ကို ကျေးရွာ ကနေ မောင်းထုတ်လိုက်ကြပြီး သူတို့နေ ထိုင်ခဲ့တဲ့အိမ်တွေကိုလည်း ချိတ်ပိတ်ခဲ့ သည်။