Monthly Archives: June 2012

ဒုတိယမြောက် CNF ဆက်ဆံရေးရုံး ထန်တလန်တွင်ဖွင့်လှစ်

ချင်းအမျိုးသားတပ်ဦး CNF ၏ ဒုတိယမြောက် ဆက်ဆံရေးရုံးကို ချင်းပြည်နယ် ထန်တလန် မြို့ ကျောင်းရပ်ကွက်တွင် ဇွန် ၂၉ ရက်နေ့မွန်းလွဲပိုင်းက ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်းသိ ရသည်။

၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပ

ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့ သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန်မာဒီမိုကရေစီ အင်အားစုများက ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံး ပြည်နယ်ဖြစ်

ဇွန်လ ၉ ရက်နေ့က ထွက်ရှိသော မြန်မာနိုင်ငံ၏ ၂၀၁၁-၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင် စာမေးပွဲအောင်စာရင်းတွင် ချင်းပြည်နယ်သည် အောင်ချက်အနည်း ဆုံးရာခိုင်နှုန်းဖြင့် အောက်ဆုံး တွင်ရှိနေသည်။

မတူပီတွင် CNF ဆက်ဆံရေးရုံးဖွင့်ပြီ

ချင်းအမျိုးသားတပ်ဦး CNF က အစိုးရနှင့်ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့တွင် ဇွန်လ ၂၃ ရက်နေ့နံနက် ၁၀ နာရီက ၎င်းတို့၏ဆက်ဆံရေးရုံးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မူးယစ်ဆေးဝါး ၁၆၁ ကီလိုနှင့်အတူ မြန်မာနိုင်ငံသားတဦး ဒေလီတွင်ဖမ်းဆီး

မြန်မာနိုင်ငံသားတဦးနှင့် အိန္ဒိယနိုင်ငံသား နှစ်ဦးတို့ သည် မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့  မည့် မူးယစ်ဆေးဝါး ၁၆၁ ကီလိုဂရမ်နှင့်အတူ နယူးဒေလီမြို့ ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် CNF ဆက်ဆံရေးရုံးများ ဖွင့်လှစ်တော့မည်

အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းပြည်နယ်တွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ရန် ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်များသည် ဇွန်လ ၁၉ရက်နေ့က အိန္ဒိယ -မြန်မာ နယ်စပ် မှတဆင့် ချင်းပြည်နယ်ကို ထွက်ခွါသွားကြပြီဟု သတင်းရရှိသည်။

၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပမည်

ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန်မာဒီမိုကရေစီ အင်အားစုများက ကျင်းပပြုလုပ်ရန် စီစဉ်နေသည်။

ချင်း NGO များ နှင့် US Consul General တွေ့ဆုံ

ချင်းဒုက္ခသည် (Chin Refugee) ကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့ရှိ ချင်း NGO အချို့နှင့် United State Consul General, Dean R.Thampson တို့သည် ယမန်နေ့ Tourist Lodge တွင် တွေ့ ဆုံခဲ့သည်။

ဆရာဝန် နှင့် ခွဲစိတ်ကိရိယာ မလုံလောက်မှုကြောင့် လူနာများအခက်ကြုံ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆရာဝန်၊ ခွဲစိတ်ကိရိယာ နှင့် အခြားသော ဆေးသုံး ပစ္စည်း ကိရိယာများ လုံလောက်မှုမရှိကြောင့် လူနာများအခက်ကြုံနေကြောင်း သိရ သည်။

ကချင်ပြည်နယ်တွင် စစ်ဖြစ်ပွါးမှု ရပ်တန့် ရန် ဆန္ဒပြခဲ့

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အစိုးရတပ်က ကချင်လွတ်မြောက်ရေးတပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်သည့် တနှစ်တိတိပြည့်သည့် ယနေ့ တွင် စစ်ဖြစ်ပွါးမှုရပ်တန့် ရန် အိန္ဒိယနိုင်ငံ နယူး ဒေလီရှိ မြန်မာဒီမိုကရေစီအင်အားစုများက ဆန္ဒပြတောင်းဆိုကြသည်။