Monthly Archives: August 2012

၂၃ ဦး ပါဝင်သည့် CNF ငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်း

ချင်းအမျိုးသားတပ်ဦးက လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်း ချမ်းရေး တည်ဆောက်နိုင် ရေး အတွက် ငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်းလိုက်သည်ဟု ကြား သိရ သည်။

အစိုးရ၏ Black list တွင် ချင်းခေါင်းဆောင်တချို့ပါဝင်

သမ္မတ ဦးသိန်းစိန်အစိုးရမှ သြဂုတ်လ ၃၀ ရက်နေ့က အမည်ပျက်စာရင်း သွင်းထားတဲ့ ၁၁၄၇ ဦးအား ပယ်ဖျက်လိုက်တဲ့ အထဲက ချင်းခေါင်းဆောင် တချို့ပါဝင်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ချင်းလူမျိုး (ဇိုမီး) လွှဆွဲသမား လူငယ် နှစ်ဦးရေ ထဲမျောပြီး သေဆုံး

အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ယခုလ ၂၈ ရက်နေ့ ညနေ ၈း ၃၀ ခန့်က ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးနယ်က လွှဆွဲသမားလူငယ် နှစ်ဦးရေထဲပါသွားပြီး သေဆုံးသွားကြောင်း သိရသည်။

အစိုးရ ၀န်ထမ်းအလုပ်ရရှိဖို့ ကျပ်ငွေ ၅ သိန်းလိုအပ်

ချင်းပြည်နယ်အစိုးရ အထွေထွေအုပ်ချုပ်ရေးရုံးက ရုံးဝန်ထမ်း ၁၅ ဦးခန့်အတွက် အလုပ်ခေါ်ယူ ထားရာ ဦးရေ ၂၀၀ ကျော် လျှောက်လွှာတင် ထားပြီး အလုပ်ရရှိဖို့ ကျပ်ငွေ ၅ သိန်းလိုအပ်သည်ဟု ပြောကြသည်။

ချင်းပြည်နယ်တွင် ဘိန်းအစားထိုးစိုက်ပျိုးရေးအကောင်အထည်ဖော်မည်

ချင်းပြည်နယ်အတွင်း ဘိန်းအများဆုံးစိုက်ပျိုးသည့် တွန်းဇံမြို့နယ်တွင် ဘိန်းအစားထိုးစိုက် ပျိုးရေးဖော်ဆောင်ဖို့ ပြည်နယ် အစိုးရက ငွေထုတ်ချေးမှု အစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ စာရင်းကောက်နေကြောင်း သိရသည်။

ဆိုင်ကယ်ဦးထုပ်မဆောင်းသူများလေ ယာဉ်ထိန်းရဲတွေ ငွေရလေ

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့ပေါ်တွင် ယခုတလော ဆိုင်ကယ်စည်းကမ်း မလိုက်နာသူ များပြားနေသောကြောင့် ထို့ကြောင့် ယာဉ်ထိန်းရဲတွေ ငွေများများရရှိနေကြောင်း သိရသည်။

ချင်းပြည်နယ် ကိုယ်စားပြု ၁၂ နှစ်အောက် ဘော်လုံးသမားရွေးချယ်မည်

နေပြည်တော်တွင် ကျင်းပမည့် ၁၂ နှစ်အောက် တိုင်းနဲ့ပြည်နယ်ဘော်လုံးပွဲသို့ ချင်းပြည်နယ် ကိုယ်စား သွားရောက် ယှဉ်ပြိုင်မည့် လက်ရွေးစင် ဘော်လုံးသမားရွေးချယ်ပွဲကို ယခုလ ၂၇ – ၂၈ ရက်နေ့တွင် မြို့တော်ဟားခါး၌ ကျင်းပသွား မည်ဖြစ် သည်။

Manipur သူပုန်တဦးက ချင်းအမျိုးသမီးသတ်ဖြတ်မှု လူထုရှင်းလင်းပွဲပြုလုပ်

ပြီးခဲ့တဲ့ဇွန် ၁၈ ရက်နေ့တွင် အိန္ဒိယ လူမျိုးစု လက်နက်ကိုင် တဦးဖြစ်သူ မိုးသူ (မြန်မာနာမည်) ဆိုသူက ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်ခွါ ဇာတိ လက်ရှိ စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းတွင်နေထိုင်သူ ကလေး (၅) ဦး မိခင် Pi Ting Iang (39) အပေါ် သတ်ဖြတ်မှု ကျုးလွန် စဉ် ဒေါ် ကျင်ငိုက်မန် (မိငယ်)က ၄င်း၏ အမြင်ကို ၂၁ သြဂုတ်လ ၂၀၁၂ နံနက် ၉း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ လူထု...

စီအဲန်အက်ဖ် စစ်ဖက်ရေးရာ တာဝန်ရှိများ ရှေ့လုပ်ငန်းစဉ် ချမှတ်

ချင်းအမျိုးသားတပ်ဦး၊ တပ်မတော် စစ်ဖက်ဆိုင်ရာ တာဝန်ရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၃ ရက်နေ့က ကျင်းပခဲ့ကြရာ အစည်း အဝေးက ချင်းအမျိုးသားတပ်မတော် စစ်ဖက်ရေးရာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကြကြောင်း သိရ သည်။

မျိုးချစ်မှန်ယင် ကိုယ့်တာဝန် မလစ်ဟင်းပါစေနဲ့

(ခွါနင်း လေသောင်) မျိုးချစ်မည်သည် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဘာတွေကို ဘယ်လိုကာကွယ် ရမည်ဆိုတာ မေးစရာ အများကြီးရှိနေမှာပါ၊ လက်ရှိ ချင်းပြည်မှာ တခြား တိုင်းရင်းသား ဒေသများနည်း တူ ရေကာတာကြီးများ၊ နိုင်ငံ ကူးလမ်းမကြီးများ၊ သစ်ထုတ်လုပ်မှု စီးပွါးရေးနှင့် သတ္တုတွင်းလုပ်ငန်း များ စသဖြင့် ရင်းနှီးမြုပ်နှံမှု အရှိန်အဟုန်မြင့် တက်နေပါပြီ။ သို့သော် ငွေအလုံးလိုက် အရင်းလိုက် ရနေကြချိန်မှာ ဆင်းရဲတွင်း နက်သထက် နက်ရမှာကတော့ ဒေသခံ ဆင်းရဲသား ချင်းလူထုပင် ဖြစ်ပါ တယ်။ အဲဒီ စီမံကိန်းများကို အထူးသဖြင့် တောင်ပိုင်း...