CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ

0

CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များ သည် ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ငြိမ်းချမ်းခန်းမတွင် ယမန်နေ့ က တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

နံနက်ပိုင်း တွင် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ချင်းတိုးတက်ရေးပါတီ ( CPP) ချင်းအမျိုးသား ပါတီ (CNP) နှင့် အရှိုချင်းအမျိုးသားပါတီ (ACNP) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ညနေ ပိုင်းတွင် ချင်းအမျိုးသားပါတီ၊ Shan National Democratic Party, All Mon Democratic Party,  ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ  (PSDP) , Rakhine Nationalities Progressive Party ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ကြပြန်သည်။

ဆွေးနွေးပွဲတွင် CNF နဲ့ အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စု သဘောတူညီချက်နှင့် UNFC ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် (၆) ချက် အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

CNF အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ယခုလို တွေ့ဆုံတာဟာ အနာဂါတ် ချင်းလူ မျိုးများ စည်းလုံးညီညွတ်မှုကို  အထောက်အကူပြုမှာဖြစ်ကြောင်းနဲ့ အရှိုချင်းအမျိုးသားပါတီ ထူထောင်တဲ့ အပေါ် ၀မ်းမြောက်ကြောင်း ပြောသည်။

အရှိုချင်း အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦး အောင်မင်းလှိုင် ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိတို့ဟာ မြို့နယ် ၂၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြောင်း၊ ယခုလို ချင်းအမျိုးသားတပ်ဦးနဲ့ တွေ့ဆုံနိုင်တာကို ၀မ်းမြောက် ကြောင်း ပြောသည်။

တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ နေ့သစ်ရောက်ရှိပါပြီ၊ ခေတ်အဆက်ဆက် ဗမာတိုင်းရင်း သားတွေက မိမိတို့ တိုင်းရင်း သားတွေကို မယုံကြည်သလို မိမိတို့ကလည်း သူတို့ကို မယုံ ကြည်ကြောင်း သို့သော် ယနေ့ အစိုးရသစ် ပေါ်လာပြီး နောက်ပိုင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နဲ့ အစိုးရအကြား အပစ်ရပ်ပြီး ယုံကြည်မှုကို တည်ဆောက် နေပြီဖြစ်သည်။

ယနေ့ကာလဟာ အင်မတန်မှ အရေးကြီးတဲ့ အချိန် ဖြစ်ကြောင်း မိမိတို့ တိုင်းရင်းသား ပါတီများ၊ လက်နက် ကိုင် အဖွဲ့အစည်းအားလုံး တပေါင်းတစည်း တည်းဖြစ်နေပြီဖြစ်ကြောင်း Shan National Democratic Party ခေါင်းဆောင် စ၀် သန်းမြင့် က ပြောသည်။

All Mon Democratic Party ခေါင်းဆောင် နိုင်လှမွန်က မြန်မာနိုင်ငံမပြိုကွဲဖို့ဆိုယင် ဖက်ဒရေ အုပ်ချုပ်ရေးစနစ် လိုအပ်ကြောင်း တန်းတူရေး လိုအပ်ကြောင်း ဆွေးနွေးပြီး ရခိုင်ခေါင်းဆောင် ကလည်း နိုင်ငံတော် အုပ်ချုပ်ရေးမှာ ဗဟိုချုပ် ကိုင်မှုကို တဖြည်းဖြည်း လျှော့ချသင့်ကြောင်း ယနေ့ရခိုင်ပြည်နယ်မှာ ဘင်္ဂလီပြသာနာကြောင့် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် တစုံတရာ လုပ်လို့မရတော့ကြောင်း ရခိုင် ဂက်စ်ရဲ့ အကျိုးအမြတ်ထဲ့ ၇၅ ရာခိုင်နှုန်းကို လွှတ်တော်မှာ တင်ပြ ထား သော်လည်း ထူးခြားမလာကြောင်း ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်ပြီး ညနေ ၄း၀၀ တွင် အစီအ စဉ်ကို အဆုံးသတ်ကြသည်။

ထို့အပြင် CNF ခေါင်းဆောင်များသည် UK နှင့် US သံအမတ်များနှင့် လည်းကောင်း၊ NLD ခေါင်းဆောင် ဦး တင်ဦး၊ ဦးဝင်းတင်၊ ဦး ၀င်းဆွေ တို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ထပ်မံသိရသည်။

“ အဓိက က တိုင်းရင်းသားတွေရဲ့ Identity ကိစ္စကို ဆွေးနွေးကြတယ်၊ ၆၂ ခုနှစ်ကတည်းက တိုင်းရင်း သားတွေ Identity မှေးမှိန်သွားကြောင်း၊ NLD အနေနဲ့ တိုင်းရင်းသားကိစ္စကို အထူးအလေးထားကြောင်း ပြောတယ်” ဟု CNF အဓိပတိ ကောင်စီဝင်  ပူး သောမတ်စ် ထန်နိုးက ပြောသည်။

Share.

About Author

Comments are closed.