အစိုးရမှ အကောင်အထည်ဖော်မည့်လေယာဉ်ကွင်း CNF လေ့လာ

0

အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်အတွင်း လေယာဉ်ကွင်းအတွက် ရာထားခဲ့သည့် ဖလမ်းမြို့နယ် Surbung တောင် လေ ယာဉ်ကွင်းကို CNF ခေါင်းဆောင်များနှင့် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖ များ ဒီဇင်ဘာ ၁၉ ရက်နေ့က သွား ရောက် လေ့လာကြကြောင်း သိရသည်။

အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာဇလှေထန်း နှင့် ဒုတိယအဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ရန်ကုန်မှ အပြန် ယခုကဲ့သို့ လေ့လာကြခြင်းဖြစ်သည်။

အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယ အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်ထဲတွင် ချင်းပြည်နယ်အတွင်း ခေတ် မှီလေယာဉ်ကွင်း တခု တည်ဆောက်ရန် ပါရှိသည်။

ယခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က မြန်မာ့လေကြောင်းမှ ဦးသန့်ဇော်မိုးနှင့်တာဝန်ရှိ ၇ ဦး ချင်းပြည်နယ်သို့ ရောက် ရှိပြီး ကွင်းဆင်းလေ့လာခဲ့ကြသည်။

“ သက်ဆိုင်ရာတွေ ပြောတာက ဒီလေယာဉ်ကွင်းသာ အကောင်အထည်ဖော်နိုင်ယင် မြန်မာနိုင်ငံမှာ အဆင့်အမြင့်ဆုံး နိုင်ငံတကာလေယာဉ်ကွင်းဖြစ်မှာပါ၊ ဒါပေမဲ့ အကုန်အကျတော့ များမယ်လို့ ပြောကြပါတယ်” ဟု ဖလမ်းမြို့နယ် အုပ်ချုပ် ရေးမှူးက ပြောသည်။

လေ့လာချက်အရ လေယာဉ် ပြေးလမ်းအဆုံးရှိ လူတရပ်စာ ကျင်း ထဲတွင် အင်္ဂလိပ်ဘာသာ 5. 12. 1907 လို့ရေးထားတဲ့ ကျောက်စာတွေ့ရသည်။

အဆိုပါ Surbung လေယာဉ်ကွင်းအတွက် မဆလ ခေတ်က တကြိမ်၊ န၀တ ခေတ်က တကြိမ် နအဖ ခေတ်က တကြိမ် သက်ဆိုင်ရာက လာရောက် လေ့လာပြီးကြောင်း သိရသည်။

“ လွန်ခဲ့တဲ့ ၁၉၇၆ ကတည်းက လေယာဉ်ကွင်း ဖြစ်တည်လာဖို့တော့ ကြိုးစားလာခဲ့ပါတယ်၊ မကြာခင်မှာပဲ သက်ဆိုင် ရာက ညွန်ကြားရေးမှူးကိုယ်တိုင် လာရောက် ကွင်းဆင်းမယ်လို့ ကြားရတယ်” ဟု ဖလမ်းမြို့မှ မြို့မိမြို့ဖ ပူး ထန်ကိမ်းက ပြောသည်။

လေ့လာချက်အရ အဆိုပါ လေယာဉ်ကွင်းအသည် ပြေးလမ်း ၈၀၀၀ ပေ၊ အကျယ် ၂၀၀ ပေ ရှိမည်ဖြစ်ကြောင်း သိရပြီး လက်ရှိ ကလေးမြို့လေဆိပ်ထက်အဆမတန် ကြီးမည်ဟု သိရသည်။ ကလေးလေဆိပ်သည် လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ ရှိသည်။

 

Share.

About Author

Comments are closed.