အာဏာပိုင်တွေက မီးသတ်ကားသယ်ယူရန် မတရားငွေကောက်ခံ

0

မင်းတပ်မြို့ မီးသတ်ဦးစီးဌာန၊ မြို့မိမြို့ဖ လူကြီးတွေက ဗဟိုအစိုးရမှ ထုတ်ပေးထားသည့် မီးသတ် ကားသယ်ယူရေး လမ်းစ ရိတ်အတွက် မြို့ပေါ် ကုန်စုံဆိုင်များထံ အကန့်အသတ်မဲ့ ငွေကောက် ခံနေကြောင်း သိရသည်။

“ ဇန္န၀ါရီလ ၂ ရက်နေ့က စံပြကုန်စုံဆိုင်ပိုင်ရှင် ဦး အောင်တုန်ထံ ကျပ်ငွေ ၃၀၀၀၀၊ ရွှေဝတ် ရည်ကာဖီကုန်စုံ ဆိုင်ပိုင်ရှင် ထံမှကျပ်ငွေ ၂၀၀၀၀ ကောက်ခံသွားတယ်” ဟု ဒေသခံ တဦး က ပြောသည်။

မင်းတပ်မြို့ပေါ်တွင် ကုန်စုံဆိုင်အနည်းဆုံး ၁၀၀ ကျော်ရှိမည်ဟု သိရပြီး အာဏာပိုင်တွေက အကန့်အသတ် မဲ့ ကောက်ခံ နေခြင်းဖြစ်ကြောင်း စည်းစနစ်ရှိရှိနဲ့ကောက်ခံသင့်ကြောင်း ထပ်ဆို သည်။

“ နိုင်ငံတော် သမ္မတကြီးရဲ့ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရ ဆိုတဲ့ မိန့်ခွန်းနဲ့ ဖီလာဆန့် ကျင်ဖြစ်နေ တယ် ” ဟု ဆလိုင်း အောင်လိန်းထန်းက ပြောသည်။

ခန့်မှန်းချက်အရ မြို့ပေါ် ကောက်ခံငွေ သိန်းပေါင်း ၂၅ – ၃၀ အကြား ရှိမည်ဟု ဒေသခံတွေ က ပြောကြသည်။

ပြီးခဲ့တဲ့ ဇန္န၀ါရီ ၉ ရက် နေ့ခင်း ၁၁ နာရီ ခန့်က မင်းတပ်မြို့ စံပြရပ်ကွက် ကွက်စိပ် (၃) နေ ဦး လိန်းရွှေ နှင့် ဒေါ် ဂီး ရောင် တို့ အိမ်မီးလောင်ပြာကျသွားကြောင်း မီးသတ်ကားမရှိသောကြောင့် အဆိုပါ မီးလောင်မှုကို အချိန်မှီ မဟန့် တား နိုင်ခြင်းဖြစ်ကြောင်း ပြောကြသည်။

Share.

About Author

Comments are closed.