ပထမဆုရ စစ်ကိုင်းတိုင်း ချန်ပီယံဘော်လုံးအသင်းတွင် ချင်းကျောင်းသား နှစ်ဦးပါဝင်

0

 

၂၀၁၂-၁၃ ပညာသင်နှစ်၊ ဒုတိယအကြိမ် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွင် ပထမ အဆင့် ရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးဘော်လုံးအသင်းတွင် ချင်းကျောင်းသား နှစ်ဦးပါဝင်သည်ဟု သိရသည်။

ဘော်လုံးပြိုင်ပွဲကို ဒီဇင်ဘာလအတွင်း ပညာရေးဝန်ကြီးဌါနက နေပြည်တော်မှာ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ အားကစားသမားများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်။”ကျတော်နဲ့ Mama နှစ်ယောက်ပါတယ်။ ကရင်ပြည်နယ်နဲ့ ဗိုလ်လုမှာတွေ့ကြတော့ကျတော်တို့က ၃-၂ နဲ့ နိုင်တယ်” ဟု Salai Lalropekhlu ကပြောသည်။ အဆိုပါ နောက်ဆုံးဗိုလ်လု ပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆုကြေးငွေအဖြစ် ဂုဏ်ပြုလက်မှတ်နှင့် ငွေသား ကျပ် ၉ သိန်း ရရှိပြီး အားကစားသမား တစ်ဦးလျှင် ကျပ် ၄၅၀၀၀ စီ ခွဲဝေပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ အားကစားသမား တစ်ဦးလျှင် ကျပ်နှစ်သောင်းစီနှင့် ကလေးခရိုင်မှ တစ်ဦးလျှင် ကျပ် နှစ်သောင်းစီဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟုလည်း သိရသည်။

လေ့ကျင့်ကာလမှစ၍ ပြိုင်ပွဲပြီးဆုံးသည်အထိ ၃ လ ခန့်ကြာသွားကြောင်း ကျောင်းသင်ခန်းစာ နောက်ကျနေသည်ကိုမူ စိတ်မကောင်း ကြောင်း ဆွေမျိုးနီးစပ်သူ တစ်ဦးက ဆိုသည်။

” အခုလို ဆုတွေရတာတော့ ဝမ်းသာပါတယ်။ ဗမာပြည်မှာ အားကစားနဲ့အသက်မွေးဝမ်း ကျောင်းပြုဖို့က မလွယ်ဘူး ဆိုတော့ ဖြစ်နိုင်ရင် ကျောင်းစာကိုဦးစားပေးပြီးတော့ သင်စေချင်တယ်။ အခု ပြောပုံအရဆိုရင် သူတို့ကို အထူး အနေ နဲ့ ကျောင်းစာပြန်သင်ပေးတာတွေလည်း မရှိဘူးဆိုတော့ ကျတော်တို့ပဲနှစ်နာတာပေါ့” ဟု သူက ပြောသည်။

အဆိုပါ ချင်းကျောင်းသား အားကစားသမားနှစ်ဦးဖြစ်သည့်  Salai Pete (aka) Lal Ropek hlu သည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနေ အဘ Pu Lau Kam lo  နှင့် အမိ Pi Tindim တို့၏ သားကြီးဖြစ်ပြီး အထက လက်ပံချောင်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း  ပညာသင်ယူနေသူနှင့်   နောက်တစ်ဦးမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနေ ဆရာမ ဒေါ် Helen ၏ သား  Salai Mama ဖြစ်ပြီး အထကလက်ပံချောင်းကျောင်း တွင် တက္ကသိုလ်ဝင်တန်းပညာသင်ယူနေသူဖြစ်သည်ဟု သိရသည်။

Share.

About Author

Comments are closed.