ဇိုမီးအမည်နာမဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြန်ပြု

0

မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မီရှင်က ဇိုမီးဆိုသော အမည်နာမကို အသုံးပြုပြီး နိုင်ငံရေးပါတီ တည် ထောင်နိုင်ကြောင်း မေလ ၃၁ ရက်နေ့က ပြန်လည်ခွင့်ပြုလိုက်သည်ဟုသိရသည်။

မြန်မာနိုင်ငံတွင် ဇိုမီးလူမျိုးမရှိဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်က မတ်လ ၈ ရက်နေ့ကတည်းက ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သော ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ( ZNC) ကို နိုင်ငံရေးပါတီ တည်ထောင် ခွင့်မပြု ခဲ့ပေ။

ထို့ကြောင့်  ပြည်ပရောက် ဇိုမီးလူမျိုးများက သက်ဆိုင်ရာ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် အပြင် ZNC က မြန်မာနိုင်ငံတွင် ဇိုမီးလူမျိုး အမှန်တကယ် ရှိနေကြောင်း စာပေ၊ သမိုင်းအထောက်အထား များနှင့် ရွေးကောက် ပွဲကော်မီရှင် ထံ မေလ ၂၈ ရက်နေ့က ပြန်လည်တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မီရှင် က ပြန်လည် လက်ခံခဲ့ခြင်းဖြစ် သည်ဟု ပါတီခေါင်းဆောင် ပူးကျင့်ရှင်းထန်ကပြောသည်။

“ အစတုန်းကတော့ ဇိုမီးဆိုတာ ချင်းပြည်နယ်မှာ လူမျိုးအနေနဲ့ မတွေ့ပါဘူး၊ ကျနော်တို့က ဇိုမီးဆိုတာ ချင်းနဲ့အတူတူပါ၊ တခြားလူမျိုးတွေက ချင်းလို့ခေါ်တယ်၊ ကျနော်တို့က ကိုယ့်ကိုကိုယ် ဇိုမီးလို့ခေါ်တာ ၊ အရင် ၉၀ ရွေးကောက်ပွဲတုန်းက လည်း ဇိုမီးအမျိုးသားကွန်ကရက်ပါတီဆိုပြီး လက်ခံပြီးသာါးဖြစ်တယ်ဆိုတဲ့ သမိုင်းအထောက်ထားတွေ၊ စာပေအထောက် ထားတွေနဲ့ ပြန်တင်ပြလိုက်တော့ ပြန်ပြီးလက်ခံလိုက်တာပါ’’ ဟု ပူးကျင့်ရှင်းထန်ကပြောသည်။

ဇိုမီးဟုခေါ်ဆိုသော ချင်းမျိုးနွယ်စုများသည် ချင်းပြည်နယ် အထက်ပိုင်း တီးတိန် နှင့် တွန်းဇံမြို့နယ်များ တွင် နေထိုင်ကြ ပြီး ပူးကျင့်ရှင်းထန် ဦးဆောင်သော ZNC ပါတီက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တီးတိန် နှင့် တွန်းဇံမြို့နယ်များတွင် မဲဆန္ဒ နယ်မြေ တနေရာစီရရှိခဲ့သည်။

ရွေးကောက်ပွဲ ကော်မီရှင်က ဇိုမီးဆိုသော ဝေါဟာရကို နိုင်ငံရေးပါတီအဖြစ် အသုံးပြုခွင့်ပြုလိုက်သော်လည်း နဂို ဇိုမီးအမျိုး သားကွန်ကရက်ပါတီအမည်ကိုမူ ပြန်လည်အသုံးမပြုတော့ရန် နှင့် ဇိုမီး ဝေါဟာရ ပါဝင်သော အခြား အမည်တခုခုကို ရွေး ချယ်ကာ တစ်ပတ်အတွင်း ပါတီတည်ထောင်ခွင့်ပြန်လည်လျှောက်ထားရန် အကြောင်းကြား သည်ဟုလည်း ပူးကျင့်ရှင်းထန် ကပြောသည်။

ယခုအခါ ZNC ပါတီဝင်များသည် ပါတီနာမည်သစ်ရွေးချယ်ရေးနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင် အစည်း အဝေးတွေပြု လုပ် လျက်ရှိပြီး၊ အင်တာနက် အွန်းလိုင်းမှတဆင့် ပြည်တွင်း ပြည်ပ မှ ဇိုမီးလူမျိုးများက မိမိကြိုက်နှစ်သက်ရာ အမည်ကို မဲပေး ရွေးချယ်နိုင်ရန် Global Zomi Alliance facebook တွင်လည်း ပါတီအတွက် ရွေးချယ်ရမည့် နာမည် ၁၃ ခုတင်ထားကြ သည်ဟုသိရသည်။

ယခုတင်ထားသော ပါတီနာမည်များထဲတွင် Zomi Nationalities League for Democracy (ZNLD) ဆိုသော နာမည် သည် ထိပ်ဆုံးတွင်ရှိနေသည်ဟုသိရသည်။

 

Share.

About Author

Comments are closed.