၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အတန်း တင်စားမေးပွဲ နဲ့ တိုက်ဆိုင်

0

၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ (၂၀) တွင် ကျင်းပမည့် ၆၅ နှစ်မြောက် ချင်းအမျိုး သားနေ့ ပွဲတော် သဘင် တွင် ချင်းပြည်နယ်ရှိ ပညာရေး ၀န်ထမ်း များ၊ ကျောင်း သူကျောင်းသားများ ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုး သား တပ်ဦးတို့ ဆွေးနွေး သဘော တူညီချက်အကျိုးဆက်အဖြစ် ချင်းအမျိုးသားနေ့တွင် အစိုးရ၀န်ထမ်းများ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲ့နိုင်ရေး အတွက် ချင်းပြည် နယ်အတွင်း ရုံးပိတ်ပေးရန် ၁၉၊ ၁၂၊ ၂၀၁၂ ရက်နေ့ က ပြည် နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ဆွေးနွေးခဲ့ကြသည်။

“ ပြည်နယ်အစိုးရနဲ့ စီအဲန်အက်ဖ် ဆွေးနွေးချက် အရ ပြည်နယ် ပညာရေးမှူးကို ချင်းအမျိုးသားနေ့ မှာ ကျောင်းသားတွေ စာမေးပွဲမဖြေဖို့၊ ရက်ရွှေ့ပေးဖို့ ကျတော် ဆွေးနွေးတယ်၊ ပညာရေးမှူးက အထက်ညွန်ကြား ချက်ဖြစ်တယ်လို့ပဲ တုံ့ပြန် တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က ယနေ့ ပြောသည်။

သတင်းများအရ အမှတ် (၂) အခြေခံ ပညာဦးစီးဌာနအောက် ချင်းပြည်နယ်အပါအ၀င် အထက် ဗမာပြည်တွင် ယခုလ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှစပြီး ဒုတိယနှစ်ဆုံးစာမေးပွဲကို စတင်ပြုလုပ်ကြ မည်ဖြစ် သည်ဟု သိရသည်။

“ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တော့ ဘာပဲဖြစ်ဖြစ် ပိတ်ပေးသင့်ပါတယ်၊ ကျတော်တို့လည်း ချင်းအမျိုး သားနေ့ ကို ဆင်နွှဲ့ ချင်တာပေါ့ဗျာ၊ ကျောင်းသားတွေကလည်း စာကို စိတ်ဝင်စားမှာ မဟုတ်ပါ ဘူး၊ အားလုံးပေါ့” ဟု ထန်တ လန်မြို့ပေါ် မှ အလယ်တန်းကျောင်းဆရာတဦးက ပြောသည်။

ယခုနှစ်တွင် ကျရောက်မည့် ၆၅ နှစ်မြောက်ချင်းအမျိုးသားနေ့သည် နှစ်ပေါင်းများစွာ ကျင်းပခွင့် မရှိတော့သည့် အမျိုးသား နေ့အား ပြန်လည်ကျင်းပခွင့် ရရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဒီလိုဖြစ်လာဖို့ ဆောင်ရွက်ပေးတဲ့ အစိုးရ နဲ့ ချင်းအ မျိုးသား တပ်ဦးတို့ အပေါ်လည်း အထူး ကျေးဇူး တင်ကြောင်း ဟားခါးမြို့ပေါ်မှ မြို့မိမြို့ဖ တဦးက ဆိုသည်။

ပြည်နယ်မြို့တော် ဟားခါးမြို့ ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ပြည် တွင်း ပြည်ပ အထူး ဧည့်သည်တော်များ၊ နိုင်ငံကျော် ချင်းအဆိုတော် များ ပါဝင်တက်ရောက်မည်ဟုလည်း ကြားသိရ သည်။

ထန်တလန်မြို့ချင်းအမျိုးသားနေ့တွင်မူ နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိ သည့် တောင်ကြော ဘော် လုံးပွဲ အပါအ၀င် ချင်းရိုးရာ အကပဒေသာ၊ ရိုးရာ အားကစားမျိုးစုံ ပါဝင်စေလျက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အိမ်တိုင်း ချင်းပြည်နယ်အလံကို လွှင့်ထူကြ မည်ဖြစ်ကြောင်းလည်း ပြောကြသည်။

Share.

About Author

Comments are closed.