ချင်းအမျိုးသားခေါင်းဆောင် ပူး ၀မ္မသူးမောင်းပုံပါ အင်္ကျီ ဖြန့်ဝေ

0

ယခုနှစ် ဖေဖေါ်ဝါရီ ၂၀ တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီး ပူး ၀မ္မသူးမောင်း ပုံပါသော အင်္ကျီကို ချင်းပြည်နယ်တောင် ပိုင်း မင်းတပ်မြို့ပေါ်တွင် ယခု ဖြန့်ဝေ နေပြီဟု ကြားသိရသည်။

“ ခေါင်းဆောင်ကြီး ၀မ္မသူးမောင်း အသက်ပြန်ရှင်လာသလို ခံစားရတယ်ဗျာ၊” ဟု ဒေသခံ လူကြီး ပူး လဲခွီရှိန်းက ပြော သည်။

ဒေသခံတဦးက အရင်းအနှီးထုတ်ပေးပြီး ချိုးလူငယ်အဖွဲ့မှ အဆိုပါ အထိမ်းအမှတ်အင်္ကျီ အထည် ၁၀၀၀ ကို ယခုလ ၀၇ ရက်နေ့မှ စပြီး ဖြန့်ဝေ ခြင်းဖြစ်သည်ဟု ပြောကြသည်။

အင်္ကျီရှေ့ဖက်တွင် ပူး ၀မ္မသူးမောင်းဓါတ်ပုံနှင့် အ၀န်းလိုင်းတွင် FEBRUARY 20 ALWAYS ၊ ဟူ၍၄င်း၊ အင်္ကျီကျော ဖက်တွင် အောက်ချင်းငှက်ပုံနှင့် အပေါ်ပိုင်းတွင်  KCHOPAKHUIHNGUUP၊ အောက်ပိုင်းတွင် CHIN NATIONAL DAY ဟူ၍၄င်းပါရှိ သည်။

အလားတူစွာ ချင်းအမျိုးသားပါတီကလည့်း ပူးဝမ္မသူးမောင်း၏ တော်လှန်ရေးလှုပ်ရှားမှု သမိုင်းအကျဉ်းပါ Pamphlet ကို ထုတ်ဝေဖြန့်ချိနေ ကြကြောင်း လည်း သိရသည်။

ပူး ၀မ္မသူးမောင်း ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ်ဖေဖေါ်ဝါရီ ၂၀ တွင် လူထု ၅၀၀၀ ခန့်တက်ရောက် သည့် ဖလမ်းညီလာခံကြီးက ချင်းအမျိုး သားနေ့ ကို မွေးဖွားပေးလိုက်သည်။

“ ဖလမ်းညီလာခံဆိုတာက ကျတော်တို့ ချင်းတွေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို စတင် တည်ထောာင်တဲ့နေ့ပါ၊ ” ချိုး လူငယ်တဦး က ပြောသည်။

CNF နဲ့ သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကြောင့် နှစ်ပေါင်းများစွာ တိမ်မြှုပ်လုလု ချင်းအမျိုး သားနေ့ကို ချင်းပြည် နယ်နှင့် မြန်မာနိုင်ငံတ၀န်းရှိ ချင်းပြည်သူများ၊ နိုင်ငံတကာရောက် ချင်းပြည်သူများ စည်ကား သိုက်မြိုက်စွာ ကျင်းပကြ မည်ဟုလည်း ပြောကြ သည်။

Share.

About Author

Comments are closed.