CNF နဲ့ ချင်းပြည်နယ်အစိုးရ ဦးဆောင်ပြီး မြို့တော်ဟားခါးတွင် ချင်းအမျိုးသားနေ့ ကျင်းပမည်

0

ယခုနှစ် ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် ၆၅ ကြိမ်မြောက် ချင်းအမျိုး သားနေ့ကို CNF နဲ့ ချင်းပြည်နယ်အစိုးရမှ ဦးဆောင် သွားကြမည်ဟု သိရသည်။

ယခုလ ၆ ရက်နေ့က ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးအကြိုဆွေးနွေးပွဲပြုလုပ်ရာမှာ သိန်း ၁၃၀ ကုန်ကျစရိတ် ခန့် မှန်းရပြီး နှစ်ဖက် တ၀က်စီ ကျခံရန် ညှိနှိုင်းထားကြကြောင်း ထပ်မံသိရသည်။

အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦး ထိပ်သီးခေါင်းဆောင်များဖြစ်ကြသည့် Pu Lian Uk, Dr. Za Hlei Thang နှင့် တခြားခေါင်းဆောင် များပါဝင် ကြမည် ဖြစ်ပြီး ပြည်ထောင်စုအစိုးရဖက်မှ ဒုတိယ သမ္မတ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင် မင်း၊ ဦးဝင်းထွန်း တို့ပါဝင်ကြမည်ဖြစ်သည်ဟု သိရသည်။

“ ဒါတင်မကပဲ၊ ငြိမ်းချမ်းရေးအတွက် ကူညီပံ့ကြသည့် ပြည်ပ အဲန်ဂျီအိုများ ပါဝင်နိုင်ဖို့လည်း စီစဉ်နေတယ်” ဟု စီအဲန် အက်ဖ် ခေါင်းဆောင်တဦး က ပြောသည်။

ထို့အပြင် နိုင်ငံကျော် ချင်းအဆိုရှင်များ၊ တဖက် မီဇိုရမ်ပြည်နယ်မှ အဆိုရှင်များက ဖျော်ဖြေကြ မည်ဟု သိရပြီး အခမ်း အနားကို Sky net TV ဖြင့် ထုတ်လွှင့် ရန် ပြည်နယ်အစိုးရမှ ပြင်ဆင် ထားကြောင်း ပြောကြသည်။

အခမ်းအနားကို ဟားခါးမြို့ ၀မ္မသူးမောင်း အားကစားကွင်းတွင်ကျင်းပကြမည်ဖြစ်ပြီး ပျော်ပွဲတွင် ချင်းရိုးရာ နပမ်းသတ်၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ရိုးရာ ၀တ်စားဆင်ယင်မှု နှင့် ရိုးရာ Khuang Cawi ပွဲများပါဝင်မည်ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားနေ့ ကျင်းပကြမည့် အသီးသီး ထံသို့ တတ်နိုင်သလောက် ပံ့ပိုးရန် ပြင်ဆင်ထားကြ သည်ဟုလည်း ပြောကြသည်။

Share.

About Author

Comments are closed.