မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် လက်နက် အလက် ၃၀ ဖမ်းဆီး

0

မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် ရူပီး ငွေ သိန်း ၁၁၈၃၃၁၅၀ တန်ဖိုးရှိ လက်နက် ၃၀ ကျော်ကို မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အာဏာပိုင်တွေက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

အဆိုပါလက်နက်များကို အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ်ပြည်သူ့ရဲ၊ SB နှင့် CID, Special Narcotics PS Staff နှင့် Assam rifles တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသည့် လက်နက်များသည် Bangladesh လက်နက်ကိုင် Santi Bahini အဖွဲ့မှ ခွဲထွက်သော Parbatya Chattagram Jana Sanghati Samiti (PCJSS)
အဖွဲ့တွေရဲ့ လက်နက်ဖြစ်ကြောင်း  အာဏာ ပိုင်တွေ ပြောကြားချက်အရ သိရသည်။

AK-47 rifle 31, LMG နှစ်ခု နှင့် ကျည်စံ ၈၀၉ ထောင့်ကို Santi Bahini လက်နက်ကိုင်အဖွဲ့ဝင်များလို့ သိရသည့် Chakma အမျိုးသား ၃ ဦးထံမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ သယ်ဆောင် လာသူမှာ မြန်မာနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသသတင်းစာတွင် ရေးသားထားသည်။

ယင်းဖမ်းဆီးထားသော လက်နက်များကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ် Lengpui လေယဉ်ကွင်းလမ်း တောထဲ တနေရာတွင် ဖမ်းဆီးခြင်းဖြစ်ပြီး အဓိက တရားခံ
ထွက်ပြေးမှုကြောင့် မည်သူ့ထံမှ ရရှိကြောင်း မသိရပေ။

သတင်းများအရ မီဇိုရမ်ပြည်နယ်အတွင်း လက်နက်ဖမ်းဆီးမှုတွင် အရေအတွက်အများဆုံးဖြစ်သည်။

Share.

About Author

Comments are closed.