CNF က၂၅ နှစ်ပြည့် ချင်းတော် လှန်ရေးနေ့ ငွေရတု သဘင်ကျင်းပ

0

ချင်းလက်နက်ကိုင်အဖွဲ့ချင်းအမျိုးသားတပ်ဦးက မတ်လ ၂၀ တွင် ကျရောက် သည့်၎င်းတို့၏ ၂၅ နှစ်ပြည့် တော် လှန် ရေးနေ့ ငွေရတုသဘင်ကို ၀ိတိုရိယ ဌာနချုပ်တွင် ကျင်းပကြသည်ဟု ကြားသိရသည်။

ချင်းအမျိုးသားများ ကိုယ့်ကြမ္မာကိုယ့် ဖန်တီးခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရေပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုက ရေစီထွန်းကားရေး ရည်မှန်း ချက်ဖြင့် ၁၉၈၈ ခုနှစ် မတ်လ ၂၀ တွင် ဖွဲ့စည်းတည်ထောင်ထားသည့် ချင်းအမျိုး သားတပ်ဦး၏ ၂၅ နှစ်ပြည့် တော်လှန်ရေးနေ့ အခမ်းအနားဖြစ်သည်။

ချင်းအမျိုးသားတို့သည် အင်္ဂလိပ်နယ်ချဲ့ကျူးကျော်မှုရန်၊ ပင်လုံဂတိက ၀တ်အရ ဖက် ဒရေပြည်ထောင်စု တည်ဆောက်ရေးမှ သွေဖီသွားသည့် ဗမာကြီးစိုးရေးကို အခြေခံသည့် တပြည်ထောင်စနစ်တည်ဆောက်နေမှုအား ခုခံတိုက်ပွဲဝင်လာ ခဲ့ကြ ကြောင်း ထိုသို့တိုက်ပွဲဝင်ခြင်း သည် မွေးရာပါအခွင့်အရေးများနှင့် အမျိုသား ဂုဏ်အင် လက္ခဏာ များအား ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်ကြောင်း အဆိုပါ အခွင့်အရေးများ အပြည့်အ၀မရမချင်း မျိုးဆက်တဆက်ပြီး တဆက်အ ကောင် အထည် ဖော်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာ ချက်ထဲတွင် ဖော်ပြထား သည်။

ဆက်လက်ပြီး မိမိတို့ ချင်းပြည်တွင် လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်ပြီး ချင်းအရေးကို ချင်းအမျိုး သား များကိုယ်တိုင် ဖန်တီးပြဌာန်းနိုင်သည့် အခြေအနေရောက်ရှိမှသာလျှင် စစ်ပွဲပြီးဆုံးသွား မှာဖြစ်ကြောင်း ထိုအခြေအနေမရောက်မချင်း ခုခံတော်လှန်စစ်လည် ဆက်လက်ရှိနေအုံးမည်ဟု ဆိုထားသည်။

ချင်းအမျိုးသားတပ်ဦးသည် တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒ ရေကောင်စီနှင့် တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်များအားလုံးနှင့် အတူ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံရေးဆွေး နွေးရာတွင် လည်းကောင်း၊ ပူးတွဲလုပ်ငန်းများ အကောင် ထည်ဖော် ဆောင်ရွက်ရာ တွင်လည်းကောင်း လက်တွဲတိုက်ပွဲ ၀င်သွားမည်ဟု ဆက်လက်ဖော်ပြ ထားသည်။

၂၅ နှစ်တာ တော်လှန်ရေးတိုက်ပွဲအတွေ့အကြုံဖြင့် ဖြတ်သန်းလာခဲ့သည့် ချင်းအမျိုးသားတပ်ဦး က နောင်လာမည့် အနာ ဂါတ်တွင် ချင်းတမျိုးသားလုံးစည်းလုံးညီညွတ်ရေးမှ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ရေး၊ အဖွဲ့အစည်းတဖွဲ့ ချင်းစီ အင်အားမှ တိုင်းရင်းသားအားလုံး အင်အားသို့ တက်လှမ်းပြီး ပျော်ရွှင်ချမ်းမြေ့သော တိုင်းပြည် တည်ဆောက် ရေးဆီ သို့  တက်ညီ လက်ညီချီတက်ရန် တိုက်တွန်းထားသည်။

အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦးတပ်မတော်ခေါင်းဆောင်များ၊ ချင်းမိဘပြည်သူများ တက်ရောက်ကြကြောင်း အလားတူ နိုင်ငံတကာရှိ ချင်းအမျိုး သားတပ်ဦး အဖွဲ့ဝင်  များ ရှိရာ ဒေသများတွင်လည်း တော်လှန်ရေး အခမ်းအနား များကို ကျင်းပကြသည်ဟုလည်း သိရသည်။

 

Share.

About Author

Comments are closed.