Saikhumphai ဒုက္ခသည်များအတွက် မီဇိုရမ် မြို့နယ်အသီးသီးတွင် အလှူခံမည်

0

မီဇိုရမ်ပြည်နယ်၏ NGO များဖြစ်ကြသော Mizo Zirlai Pawl (MZP) နှင့် Mizo Students’ Union (MSU) တို့ ပူးပေါင်းပြီး Saikhumphai ဒုက္ခသည်များ အတွက် ရန်ပုံငွေ ရှာပေး သည့် အနေဖြင့် မီဇိုရမ် ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အလှူခံပုံးများထားကာ ရန်ပုံငွေရှာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်ကို ၂၀၁၃ခုနှစ်၊ မေလ (၆) ရက်နေ့  MSU ၏ဗဟိုဌာနချုပ် တွင် ပြုလုပ် သည့် အစည်းအဝေးက ချမှတ်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl Post သတင်းစာတွင် ဖေါ်ပြ ထားသည်။

“ယင်းကိစ္စကြောင့် မကျေနပ်တဲ့သူ၊ စိတ် ကသိကအောင့်ဖြစ်တဲ့သူ ရှိခဲ့ရင် တောင်းပန်လိုပါတယ်။ ဒီရွာမှာ လူဆိုး၊ လူမိုက်တွေလည်းရှိနိုင်ပေမဲ့ မီဇိုလူမျိုး အချင်းချင်းဖြစ်ကြတဲ့အတွက် ဒုက္ခရောက် နေ တဲ့ သူတွေကို ကူညီသင့်တယ်” ဟု MZP ဥက္ကဌ James Thanghmingmawia က ပြောခဲ့သည်။

MSU Gen. Hqrs. Executive meeting မှ ဆုံးဖြတ်ချက်အရ ကျေးရွာ တစ်ရွာနဲ့ တစ်ရွာ အမြင်ချင်းမတိုက် ဆိုင်တဲ့အတွက် ဖြစ်လာတဲ့ပြဿနာဖြစ်ပေမဲ့ ဒုက္ခရောက်နေသည့် ရွာသား များ၏ အရေးကို ဦးစားလုပ်ဆောင်ဖို့ လိုကြောင်း၊ အခုလို စားဝတ်နေရေး အခက်အခဲ ကြုံနေ သည့် ဒုက္ခသည်များကို ကူညီရန် အထူးလိုအပ်ကြောင်း အဆိုပါသတင်းစာက ဆိုသည်။

တဆက်တည်းမှာပင် Saikhumphai Relief Committee (SRC) ကို MSU လူကြီးများ အစည်း အဝေးက ဖွဲ့ စည်းပြီး SRC တာဝန်ရှိသူများက အိုက်ဇောလ်မြို့ ရပ်ကွက် အသီးသီးတွင် အလှူခံပုံး များ ထားရှိရန် ချမှတ်ခဲ့ကြောင်း MSU ၏ ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

ဒုက္ခရောက်နေသည့် သူများအတွက် ကိုယ်တတ်နိုငသည့် ဖက်မှ ကူညီကြရန် ယင်းထုတ်ပြန်ချက် မှတဆင့် မီဇိုရမ်ပြည်သူလူထုကို ပန်ကြားခဲ့သည်။

MSU ၏ဆုံဖြတ်ချက်အရ အလှူခံမည့် ပုံးများကို အိုက်ဇောလ်မြို့ ရပ်ကွက် အသီးသီးဖြစ်ကြသော Bawngkawn Bazar peng, Chaltlang Dawrkawn, Tamhlun North, Chanmari kawn, Millennium Centre, Bara bazar, Israel Point, Sakawrpului, Bazar Bungkawn, Temple, Treasury Square, Khatla, Sikulpuikawn, Thakthing Bazar, Synod Book Room, Kulikawn, Vaivakawn နှင့် ကောလိပ်ကျောင်းများအပြင် မီဇိုရမ်ပြည်နယ် ခရိုင် အသီးသီး တွင် လည်း အလှူခံပုံးထားကာ အလှူခံသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ အပြင် မီဇိုရမ်ပြင်ပနှင့် အိန္ဒိယနိုင်ငံပြင်ပတို့ မှ အကူအညီပေးလိုသူများရှိပါက MSU ထံ လွယ်လင့် တကူ အဆက်အသွယ်ပြု လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က Vaphai ကျေးရွာလူထုက မီးရှို့ ဖျက်ဆီးလိုက်သော Saikhumphai ကျေးရွာရှိ ဒုက္ခသည်များကို အဖက်ဖက်မှ ကူညီရန် MZP မှ ကြိုးစားနေသော် လည်း မီဇိုရမ်တွင် အကြီးဆုံး NGO ဖြစ်သည့် Central Young Mizo Association (CYMA) နှင့် မီဇိုရမ်အစိုးရကမူ မည်သည့် တွန့် ပြန်ချက်မှ မလုပ်ဘဲ ငြိမ်နေသေး သည်ကို တွေ့ ရ သည်။

Share.

About Author

Comments are closed.