ထန်တလန်ရဲစခန်း နယ်မြေ ကာဆီးမှုကြောင့် အများပြည်သူ သွားလာရေးခက်ခဲ

0

ချင်းပြည်နယ် ထန်တလန်မြို့ပေါ် ရဲစခန်းဧရိယာအတွင်း ကားလမ်းကို သက်ဆိုင်ရာက ဇွန်လ ၃ ရက်နေ့ကတည်းက ကာဆီးပိတ်ဆို့မှုကြောင့် အများပြည်သူသွားလာရေးအခက်အခဲနဲ့ ရင်ဆိုင်နေ ကြကြောင်း သိရသည်။

“ရဲစခန်းနောက်ဖက်မှာရှိတဲ့ စခန်းဧရိယာအတွင်းဖြတ်သွားတဲ့ ကားလမ်းကို သံဆူးကြိုး တလိုင်းနဲ့ ကားဆီးထားတယ်၊ အမှန်တော့ အဲဒီမှာ ဂိတ်ဖွင့်ပေးသင့်တယ်၊ အခုတော့ ရပ်ကွက်သားတွေ၊ သားသမီးတွေခင်ဗျာ ကျောင်းသွား ကျောင်း လာရာမှာ တောတိုးပြီး သွားနေကြရတယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ရဲစခန်းတာဝန်ရှိတွေ ယခုကဲ့သို့ ကားလမ်းကို ပိတ်ဆို့ခြင်းမှာ ပြီးခဲ့တဲ့လက ချင်းအမျိုးသား တပ်ဦးမှ အသုံးပြုနေသော ကားတစီး ဖြတ်သွားအပြီး ပြသာနာဖြစ်ခဲ့ကြပြီးနောက်ပိုင်း ဖြစ်သည်ဟု  ပြောကြသည်။

အများပြည်သူသွားလာတဲ့လမ်းမို့ ဖြတ်မောင်းတာဖြစ်ကြောင်း ယခုလို ဖြတ်မောင်းတဲ့ ကိစ္စကို နှစ် ဖက် ဆွေး နွေးပြေ လည်ထားကြောင်း သို့သော် အများပြည်သူအတွက် အသွားအလာ ခက်ခဲသွား တာ လုံးဝ မဖြစ်သင့်ကြောင်း စီအဲန် အက်ဖ် ဖက်မှ ပြောသည်။

သံဆူးကြိုးတလိုင်းထဲနဲ့ ကာဆီးထားသောကြောင့် ခရီးသွားဧည့်သည်တဦးသည် သံဆူးကြိုးကို မမြင်သဖြင့် ဆိုင် ကယ်နဲ့ တိုက်ပြီး ဒါဏ်ရာရရှိသွားကြောင်း အဆိုပါ တရားခံကို ရှာဖွေပြီး အရေး ယူမည်ဟု ပြောဆိုခဲ့ကြသည်ဟုလည်း ဒေသခံ တွေထံမှ သိရသည်။

“ ဘယ်တပ်စခန်း၊ ဘယ်ရဲစခန်းဖြစ်ဖြစ် စခန်းအနီး လူသွားလမ်း၊ မော်တော်ကားလမ်းအဖြစ်မှာ ဂိတ်ဖွင့်ပေးကြတာပါ၊ ယခုဟာက အများပြည်သူကို လက်နက်အားကိုးနဲ့ အာဏာပြတာဖြစ်တယ်” ဟု လူငယ်တဦးက ပြောသည်။

ရဲစခန်းမှ လမ်းပိတ်ဆို့မှုကြောင့် သွားလာရေးခက်ခဲသည် အိမ်ခြေ အနည်းဆုံး ၅၀ ခန့်ရှိမည်ဟု ခန့်မှန်းပြောဆိုကြသည်။

ထို့အပြင် ထန်တလန်မြို့ပေါ် ပြည်သူ့ရဲများသည် ဘာသာရေးအသင်းမှ အရက်တားဆီးမှု မရှိတော့သည့်နောက်ပိုင်း အရက်တွေကို ဖမ်းဆီးပြီး မတရားငွေကောက်ခံနေကြောင်း ထပ်မံ သိရသည်။

Share.

About Author

Comments are closed.