ဘားစ်ကား နဲ့ ဆိုင်ကယ်တိုက်၊ ပခုက္ကူ ချင်းတက္ကသိုလ်ကျောင်းသား တစ်ဦး သေဆုံး

0

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့က ပခုက္ကူမြို့မှ ပေါက်မြို့သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနှင့် ချင်းပြည်နယ် မင်း တပ်မြို့မှ ပခုက္ကူမြို့သို့ မောင်းနှင်လာသည် မော်တော်ဆိုင်ကယ်တစ်စီး တို့ တိုက်မိရာမှ ဆိုင်ကယ် မောင်းနှင်လာသည့် ဆလိုင်း ယောဘူ(အသက် ၂၆နှစ်) ပွဲချင်း သေဆုံးသွားကြောင်း သိရှိရသည်။
ဖြစ်ပုံမှာ ပခုက္ကူမှ ပေါက်မြို့သို့ သွားသည့် ခရီးသည်တင် မှန်လုံကားသည် ချင်းပြည်နယ် မင်းတပ်မြို့မှ  ပခုက္ကူမြို့သို့ မောင်းနှင်လာသည် မော်တော်ဆိုင်ကယ်တစ်စီး တို့ ပခုက္ကူမြို့မှ မိုင် ၂၀အကွာ ကမ္မရွာနှင့် ဂျိုးပျံရွာအကြား အဲဒီနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်မိခြင်းဖြစ်သည်။

 

“ဆလိုင်း ယောဘူက ပခုက္ကူတက္ကသုလ်မှာ ကျောင်းတက်နေသူပါ။ အဲဒီနေ့ ကျောင်းတက်ဖို့ ဆိုင်ကယ်နဲ တစ်ယောက် တည်း လာတာ၊ သတင်း ကြားကြားချင် ကျတော်တို့ အခင်းဖြစ်တဲ့နေရာကို သွားကြတော့ ခေါင်းကွဲ၊ လက်နှစ်ချောင်းလုံး ကျိုးကာ ပွဲချင်း သေဆုံးခဲ့ရတယ် ” ဟု အခင်းဖြစ်တဲ့နေရာကို ချက်ချင်း ကိုယ်တိုင် သွားရောက်ခဲ့သော တက္ကသိုလ် ခရစ်ယာန် မိတ်သဟာယ(ပခုက္ကူ) အတွင်းရေးမှူး ဆလိုင်း ဘွေကျိုးထန်က ခိုနုမ်းသုမ်ကို ပြောပြသည်။

 

သေဆုံးသူအလောင်းကို သူ့ဇာတိမင်းတပ်မြို့ကို သယ်ဆောင်သွားကြပြီး ၁၂ ဇွန် ရက်နေ့တွင်   သဂြိင်္ုလ်လိုက်ကြောင်း ၊ အမှုအခင်းကိုတော့ ဘာမှ စစ်ဆေးမှု မရှိသေးကြောင်း ဆက်ဆိုသည်။

 

အခင်းဖြစ်ရာနေရာသို့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မီတီ (ပခုက္ကူ)နှင့် United Christian Fellowship (ပခုက္ကူ) တို့မှ ကျောင်းသားခေါင်းဆောင်းများ သွားကြပြီး အသုဘချရာ မင်းတပ်မြို့ အထိ လိုက်ပါပို့ဆောင်ကြကြောင်း သိရသည်။

 

ဆလိုင်း ယောဘူသည် မင်းတပ်မြို့ ဇာတိဖြစ်ပြီး ပခုက္ကူတက္ကသိုလ်တွင် နောက်ဆုံးနှစ် သင်္ချာ မေဂျာဖြင့် ပညာ သင်ကြား နေသူဖြစ်သည်။

Share.

About Author

Comments are closed.