CNF နဲ့ ချင်းကျေးလက်ပြည်သူများဆက်လက်တွေ့ဆုံ

0

ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း ၈ မြို့အပြင် မြို့နယ်အတွင်း ကျေးလက်ဒေသပြည်သူလူထုနှင့် ဆက် လက် တွေ့ဆုံမှုပြု လုပ်နေသည်။

စီအဲန်အက်ဖ် မတူပီဆက်ဆံရုံးမှ ဆက်ဆံရေးအရာရှိ ပူး ထန်ယဲန်းနှင့် ဆက်ဆံရေးဒုတိယတာဝန်ခံ ပူး မန်လိုင်းဦး ဆောင် သည့် အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှစပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာနှင့် မဆာတွီရွာ ပြည်သူလူထုနှင့် ၄င်း၊မင်းတပ်မြို့နယ် စွန်တောင်၊ ရို၊ လေရှီး ကျေးရွာပြည်သူလူထုနှင့် ၄င်းတွေ့ဆုံခဲ့ကြသည်ဟု သိရ သည်။

“ ကျင်ဒွေးကျေးရွာလူထုတွေ့ဆုံပွဲမှာ ဒေသခံလူထု ၅၀၀ ခန့်တက်ရောက်ကြတယ်၊ ဘာသာရေးခေါင်းဆောင်၊ အစိုးရ ၀န်ထမ်း၊ ရပ်မိရပ်ဖ၊ ကျောင်းသားလူငယ် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ကြတာ အားရစရာပါ” ဟု ဆက်ဆံရေးရုံးအုပ် ဂျိမ်းစ် ရိုလဲန်း က ပြောသည်။

အလားတူ စီအဲန်အက်ဖ် ထန်တလန်ဆက်ဆံရုံးမှ ဆက်ဆံရေးအရာရှိ ပူး အိပ်ခ်ျစီရာလ်နှင်း နှင့် ဆက်ဆံရေး ဒုတိယ တာဝန်ခံ ပူး ဘီလ်ကျုံး ဦးဆောင် သည့် အဖွဲ့သည်လည်း ချင်းပြည်နယ်ဟားခါးမြို့နယ်အတွင်း ကျေးလက်ဒေ သပြည်သူ လူထုနှင့် တွေ့ဆုံမှုပြုလုပ်နေကြကြောင်း ထပ်မံသိရသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲကို ပြုလုပ်ပြီးပါက ချင်းပြည်နယ်ပြင်ပရှိ ချင်းပြည်သူများ၊ တက္ကသိုလ်ကျောင်းသားများနှင့်လည်း ထပ်မံတွေ့ဆုံမှာဖြစ်သည်ဟုလည်း ကြားသိရသည်။

“ လူထုတွေ့ဆုံပွဲကို ယခုနှစ် မိုးတွင်းမှာအပြီးပြုလုပ်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ချင်းအမျိုးသားညီလာခံကို ကျင်းပဖို့ စီစဉ် ထားပါတယ် ”ဟု ပူး မန်လိုင်းက ပြောသည်။

Share.

About Author

Comments are closed.