လက်ပံချောင်း အထက ၀န်ကြီးချုပ် ဦးသာအေး ဖွင့်လှစ်

0

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းအား ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက် (ကြာသပတေး)နေ့နေ့လည် ၂း၀၀ ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးသာအေး မှ
ဖွင့်လှစ်ပေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး နှင့်အတူတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး တချို့ နှင့် သက်ဆိုင်ရာတိုင်း၊ ခရိုင်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များလည်း ပါဝင်တက်ရောက်ပြီး ဘင်ခရာအဖွဲ့ ၊ဂေါပက အကနှင့် အ တူ ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသားသီချင်း

သံပြိုင် သီဆိုကာ ၀န်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝန်ကြီးများ နှင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လှိုက်လှဲစွာ ကြိုဆိုကြသည်ဟု သိရသည်။
၎င်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အလောင်းဘုရားဆောင် အပေါ် ထပ်ခန်းမ၌ ကျောင်းသား မိဘ/ ပြည်သူများနှင့်အတူ ပြုလုပ်ကြပြီး ၀န်ကြီးချုပ် ဦးသာအေးက ယခုလိုမိန့်ကြားခဲ့ပါတယ်။
“ပညာရေးဖြင့် ခေတ်မီနိုင်ငံတော်တည်ဆောက်ရာမှာ အနှစ် ၃၀ ရေရှည်စီမံကိန်း ရဲ့ လုပ်ငန်းစဉ် ၁၀ ရပ်အား လက်တွေ့အကောင်အထည်ဖော် နေပါတယ်။ ပညာရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ ဒီဆယ်စုနှစ် အတွင်း ခေတ်မီပညာဖြင့် နိုင်ငံတော်၏ရေရှည်အကျိုးစီးပွားကို သယ်ပိုးနိုင်မည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရန် ဦးစွာလိုအပ်ကြောင်း လူတိုင်း သက်တမ်းစေ့ အသက်ရှင်ရမည်၊ ကျန်းမာမည်၊ သန်စွမ်းမည် လို့ ကျတော် တို့ ရည်မှန်းချက်ထားရှိပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးပေါင်းစပ်ပြီး ယနေ့ အခြေခံကျောင်းတွေမှာကျောင်းကျန်းမာရေးကို အလေးထား ဆောင် ရွက်နေပါတယ်”ပညာရေးအသုံးစရိတ်လည်း တိုးမြှင့်လျက်ရှိကြောင်းကို “၂၀၁၂-၂၀၁၃ မှာ ဘီလျံ ၃၀၀၊ နောက်ထပ်ဘီလျံ ၃၀၀၊ စုစုပေါင်း ၂၀၁၂-၂၀၁၃ မှာ ပညာရေးအတွက်  ဘီလျံ ၆၀၀၊ နောက်ဆက်တွဲ သုံးထားတာတွေနဲ့ ဘီလျံ ၇၅၀ လောက်ရှိ ကြောင်း ၂၀၁၃-၂၀၁၄ မှာဆိုရင်  ပညာရေးမှာ  ၀၈
ဘီလျံခွင့်ပြုထားကြောင်း ကျောင်းတွေအဆင့် တိုးပေးတာလည်း စစ်ကိုင်းတိုင်းထဲမှာ နှစ် နှစ်အတွင်း  ၁၆၁၀ ကျောင်းရှိကြောင်း၊ တစ်ရက်ကို နှစ်ကျောင်း နှုန်းတိုးပေးတဲ့ သဘောဖြစ်ကြောင်း ” ဆက်ပြောသည်။

အခမ်းအနား အစီအစဉ် (၂) အဖြစ် ကျောင်းဖွင့်ပွဲအထိမ်းအမှတ် အလံများအား ၀န်ကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးများ နှင့် သက်ဆိုင်ရာတိုင်း၊ ခရိုင်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ အသီးသီး ပေးအပ်ကြပြီး၊ အခမ်းအနား အစီအစဉ် (၃) အဖြစ် လက်ပံချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အ တွက် ၀န်ကြီးချုပ်မှ ကွန်ပြူတာ၊ကျောင်းသုံး ဗလာစာအုပ်၊ အားကစား ပစ္စည်းများနှင့် ဖတ်စရာမှတ်စရာ ဂျာနယ်စာစောင်များ ပေးအပ် လှူဒါန်းသွားကြောင်း သိရသည်။ ထို့နောက်အခမ်း အနား အစီအစဉ် (4) အဖြစ် လက်ပံချောင်း ကျောင်းအ ကျိုးတော်ဆောင် ကော်မတီဝင် ဦးဆန်ခွဲက ကျောင်းသားမိဘကိုယ်စား ကျေးဇူးတင် စကားပြောကြားသည်ဟုသိရသည်။

လက်ပံချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၇၀ ခုနှစ်တွင် တွဲဖက်အခြေခံပညာ မူလတန်းကျောင်း၊ ၁၉၇၈ ခုနှစ်တွင် အခြေခံပညာ မူလတန်းကျောင်း၊ ၁၉၈၀ ခုနှစ်တွင် တွဲဖက်အခြေခံပညာ အလယ်တန်းကျောင်း၊ ၁၉၉၁ ခုနှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်း၊ ၁၉၉၂ ခုနှစ်တွင် တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း၊ ၁၉၉၇ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ၂၀၁၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း အဆင့်ဆင့်ရရှိလာခဲ့သည်။

ကျောင်းဝန်းဧရိယာ ၉.၅၀ ဧက ရှိပြီး၊ ကျောင်းအဆောက်အဦးမှာ နှစ်ထပ်ဆောင် ၄ ဆောင်၊ printed media room ၁ခန်း၊ Computer Skill Room ၁ခန်း၊ Audio Room/Language Lab ၁ခန်း၊ Electronic Media Room ၁ခန်း၊ အိမ်တွင်းမှုခန်း ၁ခန်း၊ ကျောင်းဆရာအင်အား ၅၈ ဦး၊ ကျောင်းအုပ် ၁ ဦး၊ ထ/၀ ၁ ဦး၊ ကျောင်းစောင့် ၁ ဦး၊ ကျောင်းသားအင်အား ၂၂၅၄ ရှိသည်။ လက်ရှိကျောင်းအုပ်ကြီး မှာ ဒေါ်ဗျက်နယ် ဖြစ်သည်။

Share.

About Author

Comments are closed.