ချင်းပြည်နယ်တွင် တက္ကသိုလ်ထားရှိရေး CSU သဘောထားထုတ်ပြန်

0

Kaley University

ကလေးတက္ကသိုလ် အခြေစိုက် ချင်းကျောင်းသားများ သမဂ္ဂ က ချင်းပြည်နယ်တွင် တက္ကသိုလ် ကောလိပ် ထားရှိ သင့်ကြောင်း ယခုလ ၁၈ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

ကလေးတက္ကသိုလ် အသီးသီးရှိ ချင်းကျောင်းသားကျောင်းသူ ၄၀၀၀ ခန့် ကိုယ်စားပြု ချင်းကျောင်းသားများ သမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ၂၂ ဦးက ကလေးမြို့၊ စတောမ် ရပ်ကွက်၊ Youth Center တွင် ဆွေးနွေး လက်မှတ်ထိုးပြီး ကျေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ချင်းပြည်နယ်တွင် အစိုးရ အဆက်ဆက်က ယခုအချိန်ထိ တက္ကသိုလ်၊ ကောလိပ်မထားရှိခြင်းသည် အံ့သြစရာပြီးပြီး ချင်းကျောင်းသားများအနေဖြင့်အမိချင်းပြည်တွင်သား တက္ကသိုလ် ပညာ သင်ယူလိုကြောင့် ဆန္ဒဖော်ထုတ်လိုက်သည် ဟု ဖော်ပြထာသည်။

 

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ဒီဂရီကောလိပ်ဖွင့်လှစ်ရေးကော်မီတီကို ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ဟားခါးမြို့တွင် ဖွဲ့စည်းလိုက်ကြသည်။

 

ယင်း ကိစ္စနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်အတွင်း ကောလိပ်၊ တက္ကသိုလ်ကျောင်း ဖွင့်လှစ်ရေးဆိုတာ ပြည်နယ် အင်္ဂါရပ်တခုအနေနဲ့တော့ ညီညွတ်ပါ သည်။ သို့သော် တက္ကသိုလ်ထားရှိ မည့် ဒေသ၊ မြို့ရွေးချယ်မှုမှာ အခက်အခဲရှိနေသည်။ နောက်ပြီး ကျောင်းသားဦးရေလည်း နည်းမည်ဖြစ်သည့်အတွက် အခက်အခဲအများကြီးရှိနေမည်၊ အဲဒါကြောင့် ချင်းပြည်နယ်မှာ တက္ကသိုလ်ထား ရှိရေးဆိုတာ ဟာ အကျိုးအမြတ်နည်းပါတယ်၊  မူအရ သာ လက်ခံသေး သည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ တက္ကသိုလ် ကထိက ဟောင်း ဒေါက်တာဘမောင်က ဆိုသည်။

 

Saya Salai Khamh Ling ( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်)ကမူ ချင်းပြည်နယ်မှာ တက္ကသိုလ်၊ ကောလိပ် လိုအပ်တယ်၊ ဒါက ပြည်နယ်တခုရဲ့ အင်္ဂါရပ် တခုပဲ၊ အခု ဟားခါးမှာ GTI ဖွင့်လှစ်ထားတယ်၊ သူ့ဟာနဲ့သူ သွားနေတာပဲ၊ အခု ကလေးတက္ကသိုလ်မှာ ချင်းကျောင်း သားတွေ ၃၀၀၀ ခန့်ရှိတယ်၊ သူတို့က  ချင်းတောင်ကလာတဲ့ ကလေးတွေပါ၊ ဒီလိုပဲ ချင်းတောင်က ကျောင်းသားတွေဟာ ပခုက္ကူ၊ မုံရွာ၊ စစ်တွေ၊ မကွေး တက္ကသိုလ်တွေမှာ တက်နေကြတယ်။ ချင်းပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ဖြစ်သွားတဲ့ အရင်းခံက ပညာတတ်နည်းလို့၊ ပညာတတ်များဖို့က ကိုယ့်ဒေသမှာ တက္ကသိုလ်ကျောင်းထားသင့်တာပေါ့၊ ပြည်နယ် မြို့တော်မှာ ထားကို ထားသင့်တယ် ဟု ပြောသည်။

 

ဆရာ Khaivatha ( လက်ထောက်ကထိက၊ သမိုင်းဌာန၊ မကွေးတက္ကသိုလ်)က ချင်းပြည်နယ်မှာ တက္ကသိုလ် ရှိသင့်တာပေါ့၊ ချင်းပြည်နယ်မှာ တက္ကသိုလ်ထားဖို့ ကျောင်းသားဦးရေလည်း နည်းမယ်၊ မြို့ကြီးတွေမှာလို အသိပညာ၊ ဗဟုသုတတွေလည်း အားနည်းမယ် စသဖြင့် ပေါ့ ပြောနေကြတယ်၊ ကျောင်းသားဦးရေ နည်းတယ်၊ များတယ်ဆိုတာက အခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံတက္ကသိုလ်မှာ ကျောင်းသားရာ ဂဏန်းပဲရှိတယ်၊ ကျတော်တို့ ချင်းကျောင်းသားတွေက ထောင်ကျော်ရှိတယ်၊ အသိပညာ၊ ဗဟုသုတဆိုတာကလည်း ဘယ်နေရာပဲ တက်တက် ကျောင်း ဆရာ၊ ကျောင်းသားတွေကြိုးစားမှု ၊ အစိုးရရဲ့ ပံ့ပိုးမှု၊ တက္ကသိုလ် အင်္ဂါရပ်ပြည့်မှီမှုအပေါ် မူတည်တာပါ၊ ကိုယ့် ဒေသ ကိုယ့် မိဘတွေရှိတဲ့ နေရာမှာ တက်ရင် စိတ်ချမ်းသာမယ်၊ ငွေကုန်ကျလည်း သက်သာမယ်၊ ဒါပေမဲ့ တခုတော့ရှိတယ်၊ ရုံးသုံးဘာသာက ဗမာစာဖြစ်နေတော့ ကိုယ့်ဒေသမှာ တက္ကသိုလ်ဖွင့်ယင် ဗမာစကားတော့ အားနည်းမယ် ဟုမှတ်ချက် ပေးသွားသည်။

Share.

About Author

Comments are closed.