UNHCR မှ ကျင်းပသည့် ကမ္ဘာ့လူငယ်များနေ့ အပြေးပြိုင်ပွဲတွင် မိုင် Awi Ami ပထမဆုရရှိ

0

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် ၁၇၊၈၊၂၀၁၃ နေ့က ကျင်းပပြုလုပ်သည့် ကမ္ဘာ့လူငယ် များနေ့ အပြေးပြိုင်ပွဲ အမျိုးသမီး အပြေးပြိုင်ပွဲတွင် ချင်းပြည်နယ် ပလက်ဝဒေသက မိုင် Awi Ami က ပထမဆု ရရှိကြောင်း သတင်းရရှိသည်။

11MA_KLအဆိုပါ အပြေးပြိုင်ပွဲကို UNHCR (Malaysia) မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံသားတွေ အပါအ၀င် Sudan, Afghanista, Somalia, Sri Lanka, Pakistan, Iraq, Iran နှင့် Palestine နိုင်ငံတို့မှ စုစုပေါင်း လူ ၂၀၀ခန့်ပါဝင် ယှဉ်ပြိုင်ကြောင်း၊Taylor’s University မှ ကျောင်းသား၂၅ယောက် volunteer အဖြစ် ပါဝင် ကူညီ အားဖြည့်ပေးခဲ့ကြောင်း ပွဲ စီစဉ်သူ UNHCR-Social Protection Unit မှ Project Monitor ဖြစ်သူ Salai Laitha ပြောပြချက် အရသိရသည်။

၅ ကီလိုမီတာ ဝေးသည့် ခရီးကို မိုင် Awi Ami က ၃၂ မိနစ် ၂၇ စက္ကန့်ဖြင့် ပထမရရှိခဲ့ခြင်း ဖြစ်သည်။အမျိုးသားပြိုင်ပွဲတွင် ဆူဒန်နိုင်ငံသား Abdel Razy Estez Adam က ပထမဆုရရှိသွားသည်။

” ၅ ကီလိုမီတာ တာဝေးဆိုတော့ တစ်ချို့ အောအန်ကြသူတွေရှိတယ်။ လမ်းတစ်ဝက်မှာ လဲကျသူတွေရှိတယ်။ တစ်ချို့ဆို အရေးပေါ် လူနာတင်ယဉ်နဲ ဆေးရုံခေါ်သွားသူတွေတောင်ရှိတယ်။ ဒီလိုမျိုး ပွဲမျိုးမှာ ကိုယ့်လူမျိုး အမျိုးသမီးလေးက ပထမဆုရတော့ အရမ်းကို ပီတိဖြင်မိပါတယ်။” ဟု ပြောသည်။

UNHCR-Social Protection Unit သည် ဒုက္ခသည် များ အတွက် စာသင်ကျောင်းများ၊ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပေးခြင်း စသည်ဖြင့် လုပ်ဆောင်နေကြာင်း၊ UNHCR-Social Protection Unit အနေဖြင် ၂၀၀၉ နှစ်ကနေ ယခုနှစ် အထိ Project တစ်ခုလျှင် RM 120000 နှုန်းဖြင့် Project ပေါင်း ၃၅၉ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်းသိရသည်။

Share.

About Author

Comments are closed.