ကလေးမြို့ဗိုလ်ချုပ်လမ်းမတွင် ယဉ်တိုက်မှုနေ့စဉ်ဖြစ်ပွား

0

Kalemyo square

စစ်ကိုင်းတိုင်း၊ ကလေးမြို့  အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းတွင် မော်တော်ယာဉ်များ အရှိန်ပြင်းပြင်းမောင်း နှင်ကြသောကြောင့် ယဉ်မတော်တဆတိုက်မှုများနေ့စဉ်တွေ့နေရပါသည်။

ဘုရင့်နောင်လမ်း၊ ကလေးဝလမ်း၊ အထက(၂)လမ်း နှင့် လက်ပံချောင်းလမ်းများတွင်လည်းယဉ်မတော်တဆတိုက်မှုနေ့စဉ် လိုလို ဖြစ်ပေါ်လျက်ရှိပြိး အဓိက အဖြစ်များသည့် နေရာမှာ တာဟန်း အထက (၂) လမ်းခွဲ နှင့် နေကြာတိုက်လမ်းခွဲ၊ ကားကြီးဝင်းလမ်းခွဲတို့ဖြစ်သည်။

 

” စည်းကမ်းမဲ့ယာဉ်မောင်းနှင့် မှုအပေါ် စည်းကမ်းထိန်းသိမ်းမှု နဲ့ အရေးယူမှု အားနည်းချက်ကြောင့် လို့ ပြောနိုင်ပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။

 

ဆက်လက်ပြီး နေကြာတိုက် သုံးဘီးကားဂိတ်မှ ယဉ်မောင်းကျော်ကျော်က ‘ နေ့တိုင်းဂိတ်ရှေ့မှာယဉ်တိုက်မှုတွေ တွေ့နေ မြင်နေရတာ စိတ်မကောင်းဘူး၊ အလုပ်အတွက်တနေကုန် ဒီမှာရပ်နေရပြီးဒါတွေ မြင်နေရတာ အလုပ်လုပ်ချင်စိတ် တောင် မရှိဘူး။ ကျောင်းသား၊သူများကျောင်း တက်ချိန်နှင့်ကျောင်းဆင်းချိန်များမှာ တာဝန်ရှိသူတွေ လာနေပေးသင့်တယ်” ဟုပြောပြသည်။

 

မတော်တဆကားတိုက်မှု အများဆုံးမှာ ကျောက်သယ်၊ သဲ သယ်ယူသည့်ထော်လာဂျီယာဉ်များဖြစ်ကြောင်း ခေါက်ရေ များများ သယ်ယူနိင်ရေးအတွက်  အမြန်မောင်းနှင်နေကြသည့်အပြင်  ရှေ့နောက် ကားမီး ၊ အချက်ပြမီးမရှိဘဲ မောင်းနှင် နေ ကြခြင်းဖြစ်သ

Share.

About Author

Leave A Reply

*

code