ဒုတိယမြောက် CNF ဆက်ဆံရေးရုံး ထန်တလန်တွင်ဖွင့်လှစ်

ချင်းအမျိုးသားတပ်ဦး CNF ၏ ဒုတိယမြောက် ဆက်ဆံရေးရုံးကို ချင်းပြည်နယ် ထန်တလန် မြို့ ကျောင်းရပ်ကွက်တွင် ဇွန် ၂၉ ရက်နေ့မွန်းလွဲပိုင်းက ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်းသိ ရသည်။

ယင်းဆက်ဆံရေးရုံးကို ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ် ပြီး ဒေသခံ ၄၀၀ ကျော်က ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက်ခဲ့ကြသည်ဟု အခမ်းအနား ဖွင့်ပွဲကို သွားရောက်သတင်းယူနေသော Hakha Post အယ်ဒီတာ Lalawmpui ကပြော သည်။

“ ကျနော်အခုဖွင့်ပွဲကိုရောက်နေတယ်၊ ခုနဘဲ ၀န်ကြီးချူပ်ဦးဟိုင်းက ဖွင့်လှစ်ပေးသွားတာပါ၊ ချင်းပြည်နယ် ၀န်ကြီးတွေ ၊ မြို့မိမြို့ဖတွေနဲ့ ဒေသခံလူထုအများအပြား တက်ရောက်လာကြ တာကို တွေ့ရတယ်’’ ဟု Lalawmpui ကပြောသည်။

ထန်တလန်မြို့ ဆက်ဆံရေးရုံးတွင် CNF အဓိပတိကောင်စီအဖွဲ့ဝင် ပူးရာလ်နှင်း နှင့် အတူ ၀န်ထမ်း ၆ ဦးတို့ ရုံးထိုင်ကြမည်ဖြစ် သည်။

ချင်းအမျိုးသားတပ်ဦးသည် အစိုးရ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းပြည်နယ် တီးတိန်၊ ထန်တလန် နှင့် မတူပီ မြို့များတွင် ဆက်ဆံရေးရုံးများထားရှိကြမည်ဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့ကလည်း အလားတူ ဆက်ဆံရေးရုံးကို မတူပီမြို့ ပေါ် လောင်ဗန်းရပ်ကွက်က ပူးကျန်ပိုင်နေအိမ်ကို ရုံးအဖြစ်ငှားရမ်းပြီး ချင်းပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီး ဇော်မင်းဦးက ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF အထွေထွေအတွင်းရေးမှူး ပူးပေါလ်စီထားက ချင်းပြည်နယ် အစိုးရ၊ ပြည်သူလူထု နဲ့ CNF အကြား အတူတကွပူးပေါင်းပြီး လုပ်ငန်းများအကောင်အ ထည်ဖော်ဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ ဆက်ဆံရေးရုံး များဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ခိုနူမ်းထုန်ကိုပြောသည်။

“ ကျနော်တို့မှာ ပထမ ပဏာမဆွေးနွေးပွဲတုန်းက သဘောတူထားတာတွေရှိတယ်၊ အဲဒီ သဘောတူညီချက် တွေကို ကြည့်မယ်ဆိုရင် အစိုးရရယ် ပြည်သူရယ် CNF ဆိုပြီး တွဲပြီးတော့မှ အကောင်အထည်ဖော်စရာလုပ်ငန်းတွေအများ ကြီးရှိတယ်၊ အဲဒီဥစ္စာကို အစိုးရရယ် ပြည် သူရယ် ကျနော်တို့ CNF ရယ်ဆိုပြီးတော့မှ တွဲပြီးတော့မှ လုပ်ငန်းတွေလုပ်ကိုင် နိုင်ဖို့ အဓိက ပြည်တွင်းမှာ အခုလိုဆက်ဆံရေးရုံးဖွင့်ရတာဖြစ်တယ်’’ ဟုသူကပြောသည်။

CNF အနေဖြင့် ယခုလို ဆက်ဆံရေးရုံးများဖွင့်လှစ်သည့်အပေါ် ဒေသခံများအနေဖြင့် အပြည့်အ၀ ထောက်ခံကြို ဆိုကြောင်း ဒေသခံများအနေဖြင့် နိုင်ငံရေးဆိုင်ရာ အသိပညာများ တိုးပွားလာမည်ဟုယူယုံကြည်ကြောင်း ထန်တလန်မြို့မိမြို့ဖတဦးက ပြောသည်။

“ အရမ်းသဘောကျပါတယ်၊ CNF ခေါင်းဆောင် ပူးရာလ်နှင်းကနေပြီးတော့ ဖွင့်ပွဲအခမ်းအနား မှာလည်း နိုင်ငံရေးအကြောင်း တွေ ဟောပြောသွားပါတယ်၊ ဒါလူထုအတွက်လည်း တကယ်အ ကျိုးရှိပါတယ်၊ လူထုအနေနဲ့ နိုင်ငံရေးပြသာနာဆိုတာ သဘောမပေါက်ကြဘူးလေ ပူးရာလ်နှင်း က ဖက်ဒရယ်ပြည်ထောင်စုအရေးကိစ္စတွေကို ရှင်းပြပေးတော့ တကယ်ကို လူထု အတွက် အကျိုးရှိပါတယ်’’ ဟု သူကပြောသည်။

ထန်တလန်ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားအပြီးတွင် မြို့တော်ခန်းမဆောင်တွင် မြို့ခံလူထု နဲ့ တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ကာ ဒေသတွင်းအခြေစိုက် ချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီကိုယ်စားလှယ်များကလည်း မိမိတို့ပါတီကိုယ် စား ကျေးဇူးတင်စကားများ အသီး သီး ပြောဆိုသွားကြသည်ဟု အဆိုပါ မြို့မိမြို့ဖ တဦးကပြောသည်။

နောက်ထပ် ဆက်ဆံရေးရုံးဖွင့်လှစ်ရန် ရာထားသော တီးတိန်မြို့မှမူ လောလောဆယ် ဆက် ဆံရေးရုံးဖွင့်လှစ်နိုင်ဦှးမည်မ ဟုတ်ကြောင်း ပူးပေါလ်စီထားကပြောသည်။

တီးတိန်မြို့ဒေသခံများက သူတို့နယ်မြေတွင် CNF ဆက်ဆံရေးရုံးထားရှိမည့် ကိစ္စနှင့်ပတ်သက် ပြီး ဒီနှစ်ဆန်း ပိုင်းက နိုင်ငံတော် သမ္မတထံလိပ်မူပြီး ကန့်ကွက်စာပေးပို့မှုများရှိနေသောကြောင့် CNF အနေဖြင့် တီးတိန်ဒေသခံများနှင့် အရင်တွေ့ဆုံဆွေးနွေးကြဦးမည်ဟုလည်းသိရသည်။

ချင်းအမျိုးသားတပ်ဦး နှင့် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတို့သည် ပြီးခဲ့တဲ့ ဇန်န၀ါရီ လ ၆ ရက်နေ့က တကြိမ် မေလ ၇ ရက်နေ့က တကြိမ် ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၁၅ ချက်ပါသော သဘောတူညီ ချက်ကို လက် မှတ်ရေးထိုးခဲ့ကြသည်။

No Comments to “ဒုတိယမြောက် CNF ဆက်ဆံရေးရုံး ထန်တလန်တွင်ဖွင့်လှစ်”

Comments are closed.

%d bloggers like this: