ကလေးမြို့နယ်အတွင်း ပျက်စီးသွားသောတံတားခုနှစ်စင်း ပြုပြင်ရန် သမ္မတခွင့်ပြု

0

ပြီးခဲ့သော ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေကြီးမူကြောင့် ကလေးမြို့နယ် အတွင်းရှိပျက်စီး သွားသော တံတားခုနှစ်စင်းကို ပြန်လည်ပြုပြင်ရန် သမ္မတက ခွင့်ပြုလိုက်ကြောင်း ကလေးမြို့နယ် စည်ပင် သာယာရေးကော်မတီး ဥက္ကဌ ဦးခမ်လျန်းခိုင် က ပြောသည်။

“ပျက်စီးသွားသောတံတားပြုပြင်ရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရမှ တစ်ဆင့် နိုင်ငံတော် သမ္မတ ထံတင်ပြတောင်းခံခဲ တာဖြစ်တယ်၊ သမ္မတကလည်း ခွင့်ပြုတယ်”လို့ ဦးခမ်လျန်းခိုင်က ပြောဆိုခဲ့ကြောင်း ကလေးမြို့မီဒီယာ အွန်လိုင်းဝပ်ဆိုက် တွင် ဖော်ပြသည်။

အဆိုပါ ပြန်လည်ပြုပြင်ရန်တောင်းဆိုထားသော တံတားခုနှစ်စင်းမှာ ဆိပ်ကမ်းသာတံတား၊ ဆည်ကြီးတံ တား၊ ပြည်တော်သာတံတား၊ နတ်တံခါးတံတား၊ ဇီးချောင်းတံတား၊ နတ်မြောင်း တံတား နှစ်စင်း တို့ ဖြစ်ကြောင်း သိရသည်။

ယင်းတံတားများအနက် နတ်တံခါးတံတား၊ ဇီးချောင်းတံတား နှင့် ဆိပ်ကမ်းသာတံတားများကို သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ကျန်တံတားများကို သစ်သား တံတားအဖြစ် တည်ဆောက်သွား မည်ဖြစ်ကြောင်း နဲ့ ကျပ်သန်း ၄၉၆ ဒသမ ၆၂၀ ကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ပျက်စီးသွားတဲ့တံတားများဟာ အများသုံးဖြစ်တယ်၊ တရွာနဲ့တရွာ၊ တမြို့နယ်နဲ့ တမြို့နယ်ကို အဓိကဖောင်ကူးပေးနေတဲ့ တံတားများဖြစ်တဲ့အတွက်ကြောင့် အကောင်း ဆုံး တည်ဆောက်စေ ချင်တယ်။ နတ်တံခါး တံတားဆိုရင် ငွေအများကြီး ကုန်ကျခံပြီး ဆောက် လုပ်ခဲ့တာဖြစ် တယ် ဒါပေမဲ့ ဆောက်ပြီး တာတောင်သိပ်မကြာဘူး ပျက်စီးသွားတယ်။ အခုဆိုရင် သွားရေးလာရေးမှာ အရမ်း ဒုက္ခရောက်တယ်” ဟု ပျဉ်းတောဦးသား တဦးက ပြောတယ်။

Share.

About Author

Leave A Reply

*

code