လူရည်ချွန်ရွေးပွဲမှာ အညံ့ဆုံး ကျောင်းသားကို ရွေးကြတယ် (အယ်ဒီတာ့ထံပေးစာ)

0

ယခုနှစ် ၂၀၁၄ ခုနှစ် ဇန္န၀ါရီ ၂၄ – ၂၆ အထိ ချင်းပြည်နယ် ဖလမ်းခရိုင်အပိုင် ဖလမ်း၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ထန် တလန် (၅) မြို့နယ်မှ အထက်တန်းအဆင့် အဌမတန်း၊ န၀မတန်း၊ ဒသမတန်း ကျောင်းသားများ လူရည်ချွန် ဖြေဆိုရာမှာ အညံ့ဆုံး ၁၀ တန်း ကျောင်းသားတဦးကို ဘုတ်အဖွဲ့မှ ရွေးခဲ့ကြပါတယ်၊

အမှန်မှာ အမှတ် အများဆုံးကျောင်းသားဟာ ဟားခါးမြို့ အမှတ် (၁) အ ထ က မှ ၁၀ တန်းကျောင်း သားဖြစ်ပြီး အခုအရွေး ခံရသူဟာ အင်္ဂလိပ်စာမှာ ၅ မှတ်သာရရှိပြီး ရှူံးနိမ့်သူဖြစ်ပါတယ်၊ အမှတ် အများဆုံးကျောင်းသားနဲ့ အမှတ် ပေါင်း ၁၀၀ ကွာခြားပါတယ်၊

လူရည်ချွန်ရွေးရာမှာ အတန်းတတန်းအသီးသီးစီမှ ကျား နှင့် မ တဦး နှစ်ဦးစီရွေးရမှာဖြစ်ပြီး အခု ၁၀ တန်းအဆင့်မှာ  အမျိုးသမီးရွေးတာက ကျေနပ်စရာဖြစ်သော် လည်း ယောင်္ကျားလေး ရွေးတာ ကျတော့ ပွင့်လင်းသန့်ရှင်းမှု မရှိ ကြောင်းပါ၊

ယခင်နှစ် ဟားခါးမှာ ပြုလုပ်တဲ့ လူရည်ချွန်ပြိုင်ပွဲမှာလည်း ယခုနှစ်ပုံစံဖြစ်ခဲ့ပါတယ်၊  နိုင်ငံတော် အစိုးရက ဂုဏ်ပြုလက် ဆောင်အပြင် မြန်မာပြည်အတွင်း အထင်ကရနေရာများ ကို လေ့လာမှုပြု လုပ်ပေးလေ့ရှိတယ်၊

ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာက အရေးယူပေးစေလိုပါတယ်၊

ပညာရေး ၀န်ထမ်းတဦး

ဖလမ်းမြို့

Share.

About Author

Leave A Reply

*

code