CNF က (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပူး ၀မ္မသူးမောင်း အား ဂုဏ်ပြုမည်

0

ယခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့၊ မင်းတပ်မြို့တွင် ကျင်းပမည့် (၆၆) နှစ်မြောက် ချင်းအမျိုးသားအခမ်းအနားတွင် ချင်းအမျိုးသားခေါင်းဆောင် ပူးဝမ္မးသူးမောင်း အား ချင်းအမျိုးသားတပ်ဦးက ဂုဏ်ပြုလွှာ ချီးမြှင့်မှာဖြစ်သည်။

ပူး ၀မ္မသူးမောင်းသည် ချင်းအမျိုးသားနေ့ သတ်မှတ်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ဖလမ်းမြို့တွင် ကျင်းပသည့် ချင်းအမျိုးသား ညီလာခံတွင် ဦးဆောင်သူ နှင့်  ပထမဆုံးသော ချင်းအမျိုး သား နိုင်ငံရေးပါတီဖြစ်သည့် ချင်းတောင်ညီညွတ်ရေးပါတီထူထောင်သူ အမျိုးသားခေါင်းဆောင် ဖြစ် သည်ဟု သိရသည်။

” ချင်းလူမျိုးတွေထဲက အင်္ဂလိပ်ကို ပထမဆုံးတော်လှန်သူဖြစ်တယ်၊ ဂုဏ်ပြုထိုက်သူမို့ ဂုဏ်ပြုကြတာပါ၊ စီအဲန် အက်ဖ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ “ဟု ဒေသခံ တဦးက ပြောသည်။

ဂုဏ်ပြုလွှာကို လက်ရှိ ချင်းအမျိုးသားတပ်ဦး ဥက္ကဌ Salai Kipp Kholian က ချီးမြှင့်မှာဖြစ်သည်ဟု သိရသည်။

အဆိုပါ ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ် မင်းတပ်မြို့တွင် စီအဲန်အက်ဖ် နှင့် အစိုးရတို့ ပူးတွဲ ကျင်းပကြမှာဖြစ်ပြီး အစိုးရဖက်မှ ပြည်ထောင်စု သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီး များ၊  CNF ဖက်မှ အဓိပတိကောင်စီဥက္ကဌ ဆလိုင်းကစ်ခိုလျန် နှင့် ဥက္ကဌ အဖွဲ့ဝင်များ ၊ အထွေထွေအ တွင်းရေးမှူး ချုပ် ပူးဇင်ကျုံး နှင့် ပါတီခေါင်းဆောင်များ အပြင် အိုင်အယ်လ်အိုမှ တာဝန်ရှိများလည်း ပါဝင်လိမ့်မည်ဟုလည်း သိရ သည်။

ယခင် စစ်အစိုးရအဆက်ဆက်တွင် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ရရှိကြသော်လည်း အစိုးရနှင့် စီအဲန်အက်ဖ် ငြိမ်းချမ်းရေးရယူ ပြီးနောက်ပိုင်း ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပနိုင်ခဲ့ ကြခြင်းဖြစ် သည်။

ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးသည် ၆၅ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို မြို့တော်ဟားခါးမှာ ပူးတွဲ ကျင်းပခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code