ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရေး CNF တောင်းဆို

0

Pu Zing Cung

ချင်းလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၀ ရက်ချင်းအမျိုး သားနေ့ကို ချင်းပြည်နယ်အတွင်း တရား ၀င် ရုံးပိတ်ရက် အဖြစ်နိုင်ငံတော် အစိုးရ အနေဖြင့် ပြန်လည်သတ်မှတ်ပေးရန် (၆၆)နှစ် မြောက် ချင်း အမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး CNFအထွေထွေအတွင်းရေးမှူးချူပ် ပူးဇင်ကျူံးက တောင်း ဆို လိုက်သည်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့တွင် ချင်းပြည်နယ်အစိုးရ၊ချင်းအမျိုးသားတပ်ဦး နှင့် မင်းတပ်မြို့မှ ထွဋ်ခေါင် ကြီးကုမ္ပဏီ တိှု့ပူးပေါင်းကျင်းပသော (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား၌ CNF အထွေထွေ အတွင်း ရေးမှူးချူပ် ပူးဇင်ကျူံးက ၄င်း၏ အထူးမိန့်ခွန်းတွင် ယခုလို ထည့်သွင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ချင်းပြည်နယ်အနယ်အရပ်ရပ်ကချင်းအမျိုးသားခေါင်းဆောင်ကြီးများ စုရုံးကြပြီးတော့ တိုက်သူကြီးအုပ်ချူပ်ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ကျင့်သုံး ဖို့ တခဲနက်ဆုံးဖြတ်ခဲ့ကြ ပါတယ်၊ လွတ်လပ်မှုကိုရွေးချယ် ခဲ့ကြပါတယ်၊ စည်းလုံးမှုအင်အားနဲ့ စနစ်ဟောင်းတခု ကနေစနစ်သစ် တခုဖြစ်တဲ့ သမိုင်းဝင် ချင်းအမျိုးသားနေ့ အဖြစ်ချင်းခေါင်းဆောင်ကြီးများနဲ့ ချင်းရေးရာကောင်စီတို့က သတ်မှတ်ခဲ့ ကြတာပါ”

” ချင်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ်နိုင်ငံတော်အစိုးရက သတ်မှတ်ပြီး မိမိတို့ရဲ့အမျိုးသား အောင်ပွဲနေ့ ကိုနိုင်ငံရေးအနှစ်သာရရှိရှိဆင်နွဲခဲ့ကြပါတယ်၊ ဒါပေမယ့်တပ်မတော်ကနိုင်ငံတော်အာဏာကိုရယူပြီး နောက် ချင်းအမျိုးသားနေ့ ကျင်းပခြင်းကို တလျှောက်လုံးပိတ်ပင်သွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာပဲ နိုင်ငံတော်အစိုးရ နဲ့ချင်းအမျိုးသားတပ်ဦးတို့ သဘောတူညီချက်အရတရားဝင်ပြန်လည်ကျင်းပခွင့်ရရှိခဲ့ပါတယ်၊ ဒါပေမယ့် ချင်းပြည်နယ် အတွင်းမှာတရားဝင် ရုံးပိတ် ရက်အဖြစ် မသတ်မှတ်နိုင်သေးတဲ့အတွက် ချင်းအမျိုးသားထုတရပ်လုံး စိတ်ရောကိုယ်ပါ တခဲနက် ဆင်နွှဲ့ခြင်းမရှိသေး ပါဘူး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ အနေနဲ့ ချင်းအမျိုးသားနေ့ကို ချင်းပြည် နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ကိုလည်း ဒီကနေ့ (၆၆) နှစ်မြောက်ချင်း အမျိုးသားနေ့အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်’’ ဟု ပူးဇင်ကျူံးက ထည့်သွင်းပြောဆိုခဲ့သည်။

ယခင် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်အစိုးရက ချင်းအမျိုးသားနေ့ကိုတရားဝတ်ရုံးပိတ်ရက်အဖြစ်သတ်မှတ် ခဲ့သော် လည်း နောက်ပိုင်းတွင် ချင်းအမျိုးသားနေ့ အဖြစ် ကျင်းပခွင့်မရတော့သည့်အပြင် ရုံးပိတ်ရက်အဖြစ် သတ်မှတ် ခြင်းမရှိတော့ကြောင်း ၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်ချင်းအမျိုးသားနေ့တွင် ရုံးပိတ်ရက် အဖြစ် အမြန်ဆုံး ပြန်လည်သတ်မှတ်ပေးမည်ဟု ယုံကြည်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ပူးဇိုဇမ် ကပြောသည်။

၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပသောလူထုညီလာခံကြီးမှာ လူထုကိုယ်စားလှယ် ၅ ထောင်ကျော်က ရှေးယခင်ကတည်း က ကျင့်သုံး ခဲ့ကြသည့် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ အုပ်ချူပ်မှုစနစ်ကို စတင်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၅၀ အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကိုချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြ ပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ၂၀ ရက်နေ့ကို ချင်းအမျိုးသား နေ့အဖြစ် ကျင်း ပလာခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code