၅ ဦးတွဲ တိုင်းရင်းလူငယ် တေးစီးရီး ဖြန့်ချီပြီ

0

album title

ဗမာဘာသာဖြင့် တိုင်းရင်းလူငယ် (၅) ဦး ပူးတွဲသီဆိုထားသည့်  “ငါး ” အမည် ရ တေးအယ်လ်ဘမ် ကို ယခု မတ်လ (၅) ရက်နေ့က စပြီး  မြန်မာတပြည် လုံး ဖြန့်ချီ လိုက်ပြီ ဟု သတင်းရရှိသည်။

” အယ်လ်ဘမ် နာမည်က “ငါး” လို့ခေါ်ပါတယ်။ နံပါတ် ၅ ပေါ့ဗျာ။ ဒီအခွေက ကျတော်ရယ် ကျတော့်သူငယ် ချင်းလေး ယောက်ရယ် ပေါင်းပြီး ထုတ်ထားတဲ့အခွေမို့လို့ပါ ” ဟု ချိုး ချင်းလူငယ် အဆိုရှင် ကိုလိန်းထန်း(ထန်းထန်း) က ပြော သည်။

လိန်းထန်း၊ ဒီနို၊ လင်းသစ်၊ ဇမ်မင်းနှင့် ZZZ ငါးဦးက စုပေါင်းပြီး ” ငါး ” တေးအယ်လ်ဘမ်အတွက် စာနယ်ဇင်းအသိပေး မိတ်ဆက်ခြင်း အခမ်းအနားကို ဖေဖေါ်ဝါရီလ (၂၁)ရက်မွန်းလွဲပိုင်းက မဟာ ဗန္ဒုလ ပန်းခြံလမ်းရှိ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာမှ တဆင့် တပြည်လုံးဖြန့်ချီလိုက်ခြင်းဖြစ်သည်။

အဆိုပါ တေးအယ်လ်ဘမ်ကို   ပြာပုံထဲကနေ ပြန်လည်မွေးဖွားလာတဲ့ နိုင်ငံ’ လို့ခေါ်တဲ့ State of Ash တီးဝိုင်းက တေး ခတ် ပေးပြီးခြင်းဖြစ်ပြီး The Sun Music Production က တာဝန်ယူ ဖြန့်ချီပေးတာဖြစ်ပြီး ရန်ကုန်မြို့ City Mart, Ocean, Seingayhar စသည့် စူပါမားကက်များတွင် ၀ယ်ယူရရှိနိုင် ပြီဖြစ်ကြောင်း ဆိုသည်။

လိန်းထန်းသည် ဆရာတော် ထန်းငိုင်းအွမ် (ခရစ်ယာန်သမ္မာကျမ်းစာကို ချိုးချင်းဘာသာဖြင့် ပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေသူ) ၏သားဖြစ်ပြီး ငယ်ရွယ်စဉ်မှစတင်ကာ ဘုရားကျောင်းမှာ ဂစ်တာတီး၊ စန္ဒရားတီးပြီး သီချင်းဆို ရူးသွပ်ခဲ့သူဖြစ်သည်။

” ကျတော်က AGTI Civil ပါ၊ မှော်ဘီ GTU ကပါ။ အခုလောလောဆယ်မှာ အင်္ဂလိပ်စာ အဝေးသင် ဒုတိယနှစ် တက်နေ ပါတယ်၊ ကျတော့်ရဲ့ Single Album အတွက် လည်း ပြင်ဆင်နေပါတယ်” ဟုထပ်မံပြောပြသည်။

ဆက်လက်ပြီး ယခုနှစ် သင်္ကြန်မှာ ရှိုးပွဲနဲ့ Rock Underground Show ပွဲတွေမှာ သီဆိုဖို့ရှိကြောင်း တဆက်တည် ယခုနှစ် မေလ မှာ တခြား rock band (၆) ဖွဲ့ ခန့်ဖြင့် ပေါင်းပြီး Show ပွဲ တစ်ခုလုပ်ဖိုရှိကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code