မြွေတောင်ဖားတောင် သယံဇာတ တူးဖော်ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ

0

မြန်မာနိုင်ငံ အနောက်ဖက်၊ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ်ရှိ မြွေတောင် ဖားတောင် နီကယ်သတ္တုရိုင်းကို ကိုယ်ထူကိုယ်ထ တူးဖော်နေသူများအား ယခုလမှ စပြီး သက်ဆိုင်ရာက တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။

မြွေတောင်ဖားတောင် သတ္တုရိုင်းကို အနီးအနားရှိပြည်သူများက တူးဖေါ်ခြင်းမပြုတော့ရန် ဆော်သြပြီး ပိတ်ပင်ခိုင်း ထား ကြောင်း၊ တူးဖေါ်ပြီးသော သတ္တုရိုင်းများကို အ ရည်အသွေးအပေါ်မူတည်ပြီး ဒေသခံတွေက ထောင်ဂဏန်း ကနေ သိန်းဂ ဏန်းအထိ အရောင်းအ၀ယ်လုပ်နေကြကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာ တွင် ဖေါ်ပြထားသည်။

သတ္တုရိုင်းကို ဒေသခံပြည်သူများအပြင် အခြားနယ်မှ ပြည်သူများလည်း လာရောက်တူး ဖေါ်နေကြခြင်းဖြစ်ပြီး ကလေး နယ်နှင့် တာဟန်းမြို့များရှိ ပွဲစားမှတဆင့်  မန္တလေး ကနေ တဖက်တရုတ်နိုင်ငံသို့  တင်ပို့ နေကြသည်ဟု သိရသည်။

အဆိုပါ သတ္တုရိုင်းများသည် ပန်းပုလုပ်ငန်းများမှာ အကျုံးဝင်သည်ဟု သိရပြီး လုပ်ခွင့် ပိတ်ပင်ခံရသူများသည် လက်ရှိတွင် အခြားနယ်သို့  လုပ်ငန်းပြောင်း လုပ်နေ ကြပြီဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

ကိုယ်ထူကိုယ်ထ သတ္တုရိုင်းလုပ်ငန်းကို ဒေသခံလူမှုအဖွဲ့ အစည်းများအပါအ၀င် သဘာဝပတ် ၀န်းကျင် စောင့်ကြည့် ရေးအဖွဲ့  များက ပညာပေးလှုံ့ ဆော်မှုများပြု လုပ်ပြီး မြို့ နယ်အထောက် အကူပြုအဖွဲ့ ၊ ဌာနဆိုင်ရာများ ၏ တားမြစ်မှု များကြောင့် ယခုကဲ့သို့  ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ယင်းလုပ်ငန်းကို တရုတ်နိုင်ငံပိုင် North Mining Investment Company မှ တူးဖေါ်ရန် ပြင်ဆင်လျက်ရှိပြီး မြွေတောင် ဖားတောင်တည်ရှိရာ ချင်းပြည်နယ်အစိုးရကို ကုမ္ပဏီမှ နှစ်စဉ် အမေရိကန်ဒေါ်လာ (၅)သိန်း ထောက်ပံ့သွားမည်ဖြစ် ကြောင်း သိရသည်။

 

 

Share.

About Author

Leave A Reply

*

code