အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက်များဖမ်းမိ

0

armed ceased

 

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တခုတွင် ယခုလ ၄ ရက်နေ့က မြန်မာနိုင်ငံသား ၂ ဦးထံ လက်နက်များ ဖမ်းဆီးရမိကြောင်းသိရသည်။

 

ကျန်ဖိုင်းမြို့ရဲအဖွဲ့မှ ကြိုတင်သတင်းရရှိချက်အရ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခွါထားဘက်မှ မီဇိုရမ်ပြည် ဘက်သို့ ထွက်လာသော Maxi cap ကားအမျိုးစားတစီးကို ကျန်ဖိုင်းမြို့နယ် Khankawn စစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ် ဆေးရာ ကားထဲဝှက်ထားသော လက်နက် M4 A1 carbine machine gun (colt 5.56) တလက်၊ ကျဉ်စံ ၁၂ တောင့်၊ ကျဉ်ဘောက်တစ်ခု၊ အေကေ ၄၇ အမျိုးစား ရိုင်ဖယ် ၄ လက်၊ ကျဉ်ဆံ ၁၂၀၀၊ ကျဉ်ဘောက် ၄ ခုနှင့်အတူ ပိုင်ရှင်ဟု ယူဆရသော မြန်မာနိုင်ငံသားတစ်ဦးကိုဖမ်းဆီးခဲ့ပြီး ကျန်တဦးမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းတွင်ဖော်ပြထားသည်။

လက်နက်နှင့်အတူ အဖမ်းခံရသူ ဦးဇမန်း နှင့် ထွက်ပြေးလွတ်မြောက်သွားသည့် ဦးလျန်မန်းတို့သည် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက်တွင်နေထိုင်သူများဖြစ်ကြကြောင်း ကျန်ဖိုင်းရဲအဖွဲ့ကပြောဆိုထားသည်။

 

ဦးဇမန်းကို ကျန်ဖိုင်းမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ထားပြီဟု သိရပြီး ဦးလျန်မန်းကိုမူ ကျန်ဖိုင်းရဲများက လိုက်လံရှာဖွေ နေဆဲဟု သိရသည်။

 

အလားတူ မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော အလေးချိန် ၃ ကီလိုဂရမ်ခန့်ရှိသော Research Department Explosive (RDE) ခေါ် ဗုံးပြုလုပ်ရန်အသုံးပြုသော ပစ္စည်းကိရိယာကို ယခုလ ၄ ရက်နေ့က အိုင်ဇောလ်မြို့ Rangvamual ရပ်ကွက်တွင် ဒေသတွင်းရဲများက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

Share.

About Author

Leave A Reply

*

code