မီဇိုရမ် အတာသင်္ကြန်ပွဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲပြုလုပ်

0

waterfestival ceremony

 

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရှိ မြန်မာလူမူရေးအသင်းမှကြီးမူးကျင်းပသော (၇) ကြိမ်မြောက် မြန်မာရိုးရာ အတာ သင်္ကြန်ပွဲတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြောပွဲတခုကို ဧပြီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။  ယင်းဟောပြောပွဲကို မီဇိုရမ်ပြည်နယ်ရှိ လူမူ အကျိုးဆောင် အဖွဲ့အစည်းဖြစ်သော Samaritan society of Mizoram မှ မူးယစ်ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများမှ လာရောက်ဟောပြောခဲ့ကြခြင်းဖြစ်သည်။

“ မြန်မာယက္ကန်းသမားတွေကြားမှာ မူးယစ် ဆေးဝါးသုံးစွဲသူတွေများလာတယ်၊ ဒီအကြောင်းအရာကို ကျနော်တို့ အသင်းအနေနဲ့ ဟောပြောပွဲပြုလုပ်ချင်တယ်၊ ဒီတော့သင်္ကြန်ရက်မှာ လူတော်တော်များများရောက်လာကြမှာဆိုတော့ အဲဒါကို အခွင့်ကောင်းယူပြီး အခုလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟောပွဲပြုလုပ်ရခြင်းဖြစ်တယ်” ဟု မြန်မာ့လူမှုရေး အသင်းမှ တာဝန်ရှိသူကပြောသည်။

 

ဟောပြောပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုး၊ ရောဂါလက္ခဏာများ နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အဓိကထား ဟောပြောခဲ့ကြသည်ဟု ၎င်းကပြောသည်။

 

“ဒီနှစ်သင်္ကြန်ပွဲကြီးမှာ ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်ပဲ မြန်မာလူမူရေးအသင်းမှဦးဆောင်ပြီး ကျနော်တို့လက်ရှိ လိုအပ်နေတဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲမျိုးကို ပြုလုပ်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်တယ်။ ဒါက ကျနော်တို့ အတွက် တကယ်ပဲလိုအပ်ပါတယ်၊ အကျိုးလည်းရှိပါတယ်” ဟု တက်ရောက်သူမြန်မာအမျိုးသားတဦးက ပြောသည်။

 

ယခုနှစ်သင်္ကြန်ပွဲကို မြန်မာလူမှုရေးအသင်းကဦးဆောင်ကာ အိုင်ဇောလ်မြို့ Daifim ဥယာဉ်တွင် ဧပြီလ ၁၄ ရက်နေ့ က ဆင်နွှဲကျင်းပခဲ့ကြပြီး အိုင်ဇောလ်မြို့ရှိ မြန်မာယက္ကန်းသမား ၁၅၀ ခန့် ပါဝင်ခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code