ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်းသစ်များ ခိုးရောင်းနေ

0

Teak in Chin state

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟလာဝအုပ်စု၊ ဟလာဝ ကျေးရွာ လက်ရှိ အုပ်ချုပ်ရေးမှူး  ပူး ထွန်းဘေး (Tun Bay) သည် ဒေသထွက် ကျွန်းသစ်များကို ခုတ်ပြီး ရခိုင် သူဌေးများ ထံ ရောင်းစားနေကြောင်း သိရသည်။

ပူး ထွန်းဘေးသည် အဆိုပါ ကျွန်းသစ်များကို တနှစ်သုံးခေါက် နှုန်းဖြင့် သယ်ယူရောင်းစားနေခြင်းဖြစ်ပြီး ထိုသို့ ခိုး ရောင်းနေသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

” ဒေသခံတွေက မတိုင်ရဲဘူးဗျ၊ ထွန်းဘေးက အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ သူဌေးတွေနဲ့ပေါင်းဆိုတော့ ငွေများ တရား နိုင်ဆိုသလို ဘာမှ မဟရဲကြတာပါ ” ဟု ဒေသခံ တဦးက ပြောသည်။

ပူးထွန်းဘေးသည် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလုံးပတ် 5”X5၊ အရှည် ၁၈ ပေ ရှိတဲ့ ကျွန်းသစ် အလုံးရေ ၇၈ ကို ဟားလာဝ နှင့် တောက်ဝတွင် သိုလှောင်ပြီး ထိုမှတဆင့် ရခိုင်သစ်မှောင်ခိုများထံ ရောင်းခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ်အတွင်း ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် ကျွန်းသစ်နှင့် သစ်မာများပေါက်ရောက်သည်။

 

သစ်ကုန်သည်များသည် အဆိုပါကျွန်သစ် နှင့် အဖိုးတန်သစ်မာ များကို သစ်လေသစ်လွင့်အဖြစ် ပြုလုပ်ပြီး သစ် ကုပ္မဏီ ပိုင်ရှင်များထံ ရောင်းစားနေသည်ဟု ပြောဆို မှုများ လည်းရှိနေသည်။

 

လက်ရှိ ဒေသထွက် ကျွန်းသစ်၏ ကာလပေါက်ဈေးသည် တတန်လျှင် ကျပ်ငွေ ၈ သိန်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code