မြန်မာဘက်က ၀က်များ မီဇိုရမ်ပြည်နယ်သို့ တင်ပို့ခွင့် ပိတ်ပင်

0

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်မြို့နယ်တချို့တွင် ၀က်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံဘက်မှ ၀က်များကို မီဇိုရမ်ပြည်နယ်သို့ တင်ပို့ခွင့် ခေတ္တပိတ်ပင်ထားသည်ဟု သိရသည်။

 

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် Lunglei မြို့နယ်တွင် (Viral Disease porcine reproduction syndrome) ခေါ် ၀က်ရောဂါဖြစ်ပွားလျက်ရှိရာ အဆိုပါ ၀က်ရောဂါ သည် မြန်မာနိုင်ငံမှ ၀င်လာသော ၀က်များမှတဆင့် ကူးဆက်ပြန့်ပွားသည်ဟု ယူဆရသောကြောင့် မေလ ၉ ရက်မှ စပြီး နှစ်လကြာ ၀က်တင်သွင်းခွင့် ပိတ်ပင်ကြောင်း Lunglei မြို့အုပ်ချူပ်ရေးမှူးက အမိန့်ထုတ်ပြန်လိုက်သည်။

 

Lunglei မြို့နယ်အတွင်းရှိ ဒေသခံများ နှင့် ၀က်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသူများအတွက် ပိုမိုလုံခြုံမှုရှိစေရန်  မြန်မာ နိုင်ငံမှ ၀က်များကို မွေးမြူရန် အတွက်သော် ၎င်း၊ အသားစားရန်အတွက်သော်၎င်း ၀ယ်ယူတင်ပို့ခြင်းများမပြု လုပ်ကြရန် Lunglei အုပ်ချူပ်ရေးမှူးက ပြောသည်။

Share.

About Author

Leave A Reply

*

code