စံသာသုသာန်မပြောင်းရွှေ့ရေး သတင်းစာရှင်းလင်းပွဲပြုလုပ်

0

Kalay-Myo

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ စံသာသုသာန်နေရာတွင် အထကကျောင်းတည်ဆောက် သွားမယ့် စီမံချက်နှင့် ပါတ်သက်ပြီး  မေလ ၂၀ရက်နေ့က သာရေးခေါင်းဆောင် များက သတင်းစာ ရှင်းလင်းပွဲတရပ် Agape ဘုရားရှိခိုး ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။


၂၀၁၄ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင်  သုသာန်ဖြိုဖျက်ဖို့ သက်ဆိုင်ရာမှ အမိန့်ပေးထားကြောင်း သိရသည့်အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။

 
Pastor Daniel က ” ကျတော်ရဲ့ ၂၈ နှစ်တာ အမှုတော်ဆောင်သက်တမ်းမှာ ကလေးမြို့သင်္ချိုင်းတွေ (၄)ကြိမ်တိတိ ပြောင်းရွှေ့ခံပြီ၊ ကျတော်တို့ ပါဝင်ပါတ်သက်လာ တာကလည်း အလောင်းတွေကို ခရစ်ယာန်ထုံး တမ်းစဉ် လာအရ မြေချရတာ ကျတော်တို့တာဝန်ဖြစ်တယ်၊ ယခုလို သင်္ချိုင်းတွေ (၄)ကြိမ်ပြောင်းရွှေ့ခိုင်း တာဟာ ကာယကံ ရှင် တွေကို (၄) ကြိမ်တိတိ စိတ်နာအောင်လုပ်တာနဲ့ အတူတူပါပဲ” ဟု ပြောသည်။

 
ကလေးမြို့ စံသာသုသာန်ကို ဘာသာပေါင်းစုံမှ ငွေစိုက်ထုတ်၍ လယ်မြေကွင်းအမှတ် (၈၄၆ – က) ကိုဝယ်ယူပြီး ၁၉၉၄ ခုနှစ်မှစပြီး သုသာန်မြေအဖြစ် အ သုံးပြု ခဲ့ကြခြင်ြး ဖစ်သော်လည်း ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် သုသာန်ပိတ် သိမ်းကြောင်း အာဏာပိုင်တွေက အမိန့်စာထုတ်ပြန်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် အုတ်ဂူများအား ရွေ့ပြောင်း ရန် ကလေးမြို့စည်ပင်သာယာရေးအဖွဲ့မှ အမိန့်ထုတ်ပြန်ခဲ့ပါသည်။

 
ကလေးမြို့ပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြိမ်ကြိမ်ဟန့်တားနေသည့်ကြားမှ April လ (၈) ရက်နေ့တွင် မြို့နယ်စည်ပင်သည် စံသာသုသာန်အား ဘူဒိုဇာဖြင့် ထိုးခဲ့သည်ကို လူငယ်တချို့မှ စံသာသုသာန် မြေ ထိန်းသိမ်းရေး၊ မပျက်စီးရေး စာတမ်းရေးထားသည့် ပလေကပ် ၃ / ၄ ခုကိုင်ပြီး သုသာန်မြေ အနီးတွင်
ရပ်လျက်ငြိမ် သက်စွာဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

 
မကြာမီအတွင်း ခရိုင်ရဲမှူး ဦးဆောင် သော ရဲတပ်ဖွဲ့ဝင် များရောက်ရှိပြီး သုသာန်ကိစ္စကို ခရိုင်စီမံခန့်ခွဲရေး (ခရိုင်အုပ် ချုပ်ရေးအဖွဲ့)နှင့် ညှိနှိုင်းတိုင် ပင်ကြရန်၊ ဆန္ဒဖော် ထုတ်ခြင်းကို ရပ်တန့်ကြပါရန်၊ ဤသို့လူစုလူဝေးဖြင့် ဆန္ဒဖော် ထုတ်လိုလျင် ကြိုတင်ခွင့်ပြု ချက်ရယူရန် မိမိအနေဖြင့် ဘူဒိုဇာဆက်လက်မထိုးရန် တားမြစ်ပေးမည် များပြောဆိုပြီး လူငယ်ခေါင်းဆောင် များနှင့် ညှိနှိုင်းနိုင်ခဲ့ပါသည်။

 
” တကယ်လို့ မြေသဂြိုလ်ပြီးသားအလောင်းများကို ပြောင်းရွေ့ချင်တယ်ပဲထား၊ အချို့မှာ မြေသဂြိုလ်တာမကြာ သေးတဲ့ အတွက် ပြောင်းရွေ့လို့ အဆင် မပြေတဲ့ အလောင်းတွေ လည်း ရှိနေတယ်၊ ပြည်သူလူထုမှလည်း ၂၀၁၅ ခုနှစ် မိုးတွင်းရာသီမရောက်ခင် အထိ စောင့်ဆိုင်းပေရန် အစိုးရထံတောင်းဆိုထားတာမျိုးလည်း ရှိပါတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်သူတဦးက ပြောသည်။

 
သတင်းစာရှင်းလင်းပွဲသို့ ၈၈ မျိုးဆက်သစ်ခေါင်းဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code