ဒေသခံ ချင်းကုပ္မဏီများ ပြည်နယ်ဝန်ကြီးများ အိမ်ယာဆောက်လုပ် ခွင့် နှင့် လွဲ

0

ချင်းပြည်နယ်အစိုးရ၀န်ကြီးများ အိမ်ယာ (၁၅) လုံး ဆောက်လုပ်ခွင့်  တင်ဒါ ဖွင့်ပွဲကို ပြီးခဲ့တဲ့ဇွန်လ (၅) ရက်နေ့က သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရ၊ တင်ဒါ စီစစ်ရွေး ချယ်ရေးကော်မီတီမှ ပြုလုပ်ခဲ့ရာမှာ ဒေသခံ ချင်းကုပ္မဏီများ တင် ဒါ တခုမျှ မရရှိကြောင်း သိရသည်။

အဆိုပါ ၀န်ကြီးအိမ်ယာ ဆောက်လုပ်ခွင့်ကို ကုပ္မဏီ ၁၃ ခု မှ လျှောက်ထားရာတွင် ချင်းကုပ္မဏီများဖြစ်သည့် Mercy Par, Rung, Alpha & Omega ကုပ္မဏီများ ပယ်ချခံရပြီး  Power Seven၊ Aroma Rose၊ Shwe Tapyay၊ Cham pion စသည့် တခြား ချင်းမဟုတ်သည့် ရပ်ဝေးကုပ္မဏီ (များမှ ရရှိခဲ့ကြသည်။

လုပ်ငန်း တင်ဒါ စီစစ်ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းအရ တင်ဒါလျှောက်ထားသူများ အနက် ဒေသခံ ကုပ္မဏီ များကို ဦးစားပေးရန် ဖြစ်သော် လည်း ယခု တင်ဒါအတွက် စီစစ်ရွေးချယ်ရေးကော်မီတီ၏ လုပ်ရပ်အ ပေါ် ချင်းကုပ္မဏီများ မကျေ နပ်ကြောင်း အမည်မဖော်လိုသူ ချင်းကုပ္မဏီ နှင့် နီးစပ်သူ တဦး က ပြောသည်။

” တခြား ဗမာ၊ ကုလား ကုပ္မဏီတွေရဲ့ အရည်အချင်းကို ချင်းကုပ္မဏီတွေလည်း ပြည့်မှီပါတယ်၊ အတွေ့အကြုံလည်း တခြားကုပ္မဏီတွေ ထက် မနိမ့်တော့ဘူး၊ ဒီတင်ဒါမှာ ချင်းကုပ္မဏီတွေ အားလုံးမဟုတ်ယင်တောင် စည်းမျဉ်းစည်း ကမ်းအရ ပေးသင့်တယ်၊ ဒါက စည်းမျဉ်း စည်း ကမ်းကို ချိုးဖောက်တာပါ” ဟု ပြောသည်။

ဇွန် (၅) ရက်နေ့ တင်ဒါဖွင့်ပွဲတွင် တင်ဒါ စီစစ်ရွေးချယ်ရေး ကော်မီတီဝင်၊ လက်ရှိ ချင်းပြည်နယ် လမ်း ပန်းဆက် သွယ်ရေးဝန်ကြီး ပူး ငွန်ဆန်းအောင်က တင်ဒါရွေး ချယ်ရေးနှင့် ပါတ်သက်ပြီး ရှင်းလင်းရာတွင် ယခုပြည် နယ်အစိုးရ အဆောက်အဦးကို ပြည်ထောင်စု အစိုးရ အဆောက်အဦးနည်းတူ အဆင့်မှီ ဆောက်လုပ် ရန် ပြည်ထောင်စု အစိုးရက ညွှန်းကြားထားကြောင်း၊ ထို့ကြောင့် အဆောက် အဦးကို  အရည်အချင်း ပြည့်မှီပြီး အတွေ့အကြုံရှိသည့် ကုမ္ပဏီများ ကို တင်ဒါပေးခြင်ြး ဖစ်ကြောင်း ပြောသည်။

ဝန်ကြီးအိမ်ယာ ဆောက်လုပ်ခွင့်တင်ဒါကို တင်ဒါစီစစ်ရွေးချယ်ရေး ကော်မီတီထံမှ ချင်းကုပ္မဏီများအား ပေးမှာမ ဟုတ်ပဲ သူတို့နှင့် ပိုမိုရင်းနှီးဆက်ဆံသူများ ကို ပေး မှာဖြစ်သည်ဟု တင်ဒါဖွင့်ပွဲ မတိုင်ခင် ချင်းကုပ္မဏီ ပိုင်ရှင်တဦးက ခိုနုမ်းသုန်ကို ပြောသည်။

” ယခင်ကတည်းက သူတို့ ပိုမိုရင်းနှီးပြီးသား တခြားကုပ္မဏီတွေပေးမယ်လို့ ၀န်ကြီးတဦးက ပြောပြဘူးတယ်၊ အခု လည်း ဒီလိုပဲ ဖြစ် လာတာပဲ” ဟု ပြောသည်။

တင်ဒါကို ဒေသခံ ချင်းမဟုတ်သည့် Power Seven ကုမ္ပဏီမှ အဆောက်အဦး (၄)ခု၊ Aroma Rose ကုမ္ပဏီမှ (၃)ခု၊ Shwe Tapyay ကုမ္ပဏီမှ (၂)ခု၊ Champion ကုမ္ပဏီမှ (၆)ခု စီ အသီးသီး ရရှိကြပြီး သတ်မှတ်ဘတ်ဂျက် လုံလောက် မှုရှိပါက ထပ်မံချပေးဖွယ် ရှိကြောင်း သိရသည်။

အိမ်ယာ (၁၅) လုံး၏ လုပ်ငန်းကုန်ကျငွေ ပမာဏမှာ ၀န်ကြိမ်အိမ်ယာ တလုံးအတွက် ကျပ်သိန်းပေါင်း ၅၀၀၀၊ ၀န်ကြီး ချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌ နှင့် ဒုတိယ ဥက္ကဌ အိမ်ယာ အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်၊ မတ်လ တွင် ပြီးစီးရန်ဖြစ် သည်။

ယခု ဆောက်လုပ်မည့် ချင်းပြည်နယ်ဝန်ကြီးများ အိမ်ယာနေရာကို ဟားခါးမြို့အလွန်မှမြောက်ဖက် Hniar lawn ရွာအကြားကား လမ်းဘေး ဧက ၂၀ ခန့် ကျယ်ဝန်း သည့်နေရာတွင် ရာထားကြသည်။

Share.

About Author

Leave A Reply

*

code