ကလေးမြို့နယ် ကျောင်းသား၊သူများအကြား သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေ

0

ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်ရှိ ကလေးသူငယ်များ သွေးလွန်တုတ်ကွေးရောဂါအဖြစ်များပြီး အထူးသဖြင့် ကျောင်းသား၊ ကလေးသူငယ်များတွင် အဖြစ် များကြောင်း သိရပါတယ်၊

အဆိုပါ သွေးလွန်ုတုတ်ကွေးရောဂါကြောင့် ကျောင်းမတက်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူ မြောက်များ စွာရှိနေ ပေ မဲ့ သွေးလွန် တုတ်ကွေးရောဂါကြောင့် အသက်ဆုံး ရှုံးမှုတွေ မရှိကြောင်း သိရပါတယ်၊

” နှစ်စဉ်နှစ်တိုင်း ဒီရာသီမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်၊ ရောဂါကြောင့်  အသက်ဆုံးရှုံးတာတွေ မကြားရပေမဲ့ ကျောင်း သား ကျောင်း သူတွေ ကျောင်းတက်ပျက်တာ များ လာတယ်၊ ” ဟု ဒေသခံတဦးက ပြောပြပါတယ်။

ယခုလို သွေးလွန်တုတ်ကွေးရောဂါ ဟာ အတန်းတတန်းမှာ ကျောင်းသား ၃၀ ခန့် ဟာ သွေးလွန်တုတ်ကွေး ရော ဂါ ဝေဒနာ ခံစားနေကြပေမဲ့ သက်ဆိုင်ရာဖက် က မည်သည့် အကူအညီမျှ မပေး ကြောင်း ဒေသထုတ်သတင်း က လည်း ရေးသားထားပါတယ်၊

ကလေးမြို့နယ်ရှိ ဆေးရုံ၊ ဆေးခန်းတွေမှာ ကလေးလူနာ တော်တော်များများ ဆေးကုသမှုခံယူနေကြပြီး ငွေကြေးမ တတ်နိုင်သူတွေ ဟာ ဆေးမီးတိုနဲ့ ကုသနေ ရကြောင်း သိရပါတယ်။

” သွေးလွန်တုတ်ကွေးလို့ ယူဆလျှင် ကျပ်ငွေ ၁၃၀၀၀ နဲ့ သွေးစစ်ခိုင်းပြီး  ရောဂါဖြစ်ပါက  ၅ ရက်အတွင်း ကျပ်ငွေ ၃၀၀၀၀ ခန့်နဲ့ ဆေးကုသကြတယ်၊  ဆေးရုံတက်ရင် ဒီထက် ပိုကုန်ကျနိုင် တာ ကြောင့်ဆေးရုံဆေးပေးခန်း မပြပဲ တိုင်းရင်းဆေးတွေနဲ့ ကုသနေကြတာက များပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပြပါတယ်၊

ယခုရက်ပိုင်းအတွင်း သွေးလွန်တုတ်ကွေးရောဂါအပြင် မျက်စိနာရောဂါလည်း နေရာအနှံ့ဖြစ်ပွားနေကြောင်း သိရပြီး ကူးစက်မှုနှုန်း လည်း မြန်ဆန်ကြောင်း သိရပါတယ်။

 

Share.

About Author

Leave A Reply

*

code