အရက်မူးသူ အချင်းချင်း ရိုက်သတ်မှုဖြစ်ပွား

1

ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်က ချင်းပြည်နယ်ဖလမ်းမြို့နယ် အတွင်း ကျေးလက်ဒေသတွင် အရက်မူးသူ နှစ်ဦး က  သောက်ဖော်သောက် ဖက် တဦးအား ရိုက်သတ် ခဲ့ပါတယ်၊

အိန္ဒိယ – မြန်မာနယ်စပ် News Hnathial ရွာသား အသက် ၂၄ နှစ် အရွယ်ရှိသူ Billuai ကို Old Hnathial ရွာက CungBuai (20) နဲ့ Cung Bik တို့က တုတ်နဲ့ ရိုက်သတ်ခဲ့တယ်လို့ ဒေသခံ ဆလိုင်း ဆွိနေလိန်းက ခိုနုမ်းသုန်ကို ပြောပါတယ်

” သူတို့ သုံးဦးဟာ ရွာနားက Ngailan ရွာကို အတူတူ သွားကြပြီး သေဆုံးသူ ယူဆောင်လာတဲ့ တောအရက်ကို အတူ တူ သောက်ကြ ရာကနေ အချင်းချင်း စကားများကြ တယ်၊ ဒါနဲ့ CungBik က ဦးခေါင်းမှာ တုတ်နဲ့ ရိုက်လို့ Billuai ဟာ ပွဲချင်း သေဆုံး သွားတာပါ” ဟု  ပြောပြပါတယ်၊

သေဆုံးသူဟာ CungBuai နဲ့ Cung Bik ရဲ့ ဆိုင်ကယ်ကို ကာယကံရှင်တွေ ခွင့်မပြုပဲ လျှောက်စီးရာကနေ ပြသနာ တက်ပြီး ယခုလို လက်လွန်ခြေလွန်ခဲ့တာဖြစ်ကြောင်း သုံးဦးစလုံးဟာ အရက်ကို သောက်လေ့သောက်ထ ရှိသူများ ဖြစ်ကြကြောင်းလည်း သိရပါတယ်၊

သေဆုံးမှုနှင့် ပါတ်သက်ပြီး သေဆုံးသူ ဆွေမျိုးများနှင့် ကျုးလွန်သူများအကြား ချင်းဓလေ့ထုံးစံဖြင့် ဖြေရှင်းဘွယ်ရှိ ကြောင်း သိရပါတယ်၊

” ယခု သေဆုံးသူ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ ကလေး၊ တမူး ကနေ ရွာကို လာနေကြပါတယ်၊ သူတို့ရောက်မှ ပြသာ နာကို ဖြေရှင်းကြမှာပါ “ဟု အဆိုပါ မျက်မြင်က ဆက်ပြောပါတယ်၊

သေဆုံးသူအလောင်းကို ရပ်ဝေး ရပ်နီးက ဆွေမျိုးတွေ စုံလင်ပြီးမှ မြေချ သဂြိုလ်ကြမည်ဟု သိရပါတယ်၊

 

Share.

About Author

1 Comment

  1. ကြိုတင်ကြံစည်သတ်ဖြတ်၇ာတွင်ပါဝင်သူအားပေးပါသူကျုံးဘိခ်ကိုမိဘများနှ့င့်ဇောင်သဲကျေး၇ွာတာဝန်ခံမှသှက်ထားသည့်နေ၇ာသို့ပြန်သွားခေါ်ပြီး၇ဲလက်သို့၇/၈/၂၀၁၄နေ့တွင်အပ်နှံပြီးဖြစ်ပါသည်

Leave A Reply

*

code