Nippon Foundation မှ ကျေးလက်ပြည်သူများ ဆန်ထောက်ပံ့မှု USDP လက်မခံ

0

Nippon

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် ကျေးလက်ဒေသပြည်သူတွေ အစာရေစာ ပြတ်လပ်မှုအတွက် Nippon Foundation ( Japan) က နောက်လ မှ စပြီး ချင်း အမျိုးသားတပ်ဦး(CNF) မှ တဆင့် ဆန်ထောက်ပံ့မည့်ကိစ္စကို တွန်းဇံမြို့နယ် USDP ပါတီက လက်မခံကြောင်း သိရပါတယ်၊

” တွန်းဇံမြို့နယ် USDP ပါတီခေါင်းဆောင်တွေက Nippon Foundation ကနေ ဆန်ထောက်ပံ့မည့်ကိစ္စ လက်မခံ ကြောင်း ချင်းပြည်နယ်အစိုးရကို ပြီးခဲ့တဲ့လက တင်ပြလို့ ပြည်နယ်အစိုးရက ဆန်ထောက်ပံ့ခွင့် မပြုတာပါ” လို့ တွန်း ဇံမြို့ပေါ်မှ လူကြီး တဦးက ပြောပြခဲ့ပါတယ်၊

ဆန်ထောက်ပံ့မည့် ဒေသသည် အစိုးရမှ ဘိန်းခင်းဖျက်ဆီးခဲ့တဲ့ ဒေသဖြစ်ပြီး တကယ်လို့ ဆန်တွေထောက်ပံ့ပါက  ဘိန်းခင်းဖျက်ဆီး ခံသူတွေကို အားပေးကူညီ ရာ ရောက်တဲ့အတွက် ပြည်နယ်အစိုးရက လက်မခံတာဖြစ်တယ်လို့ သိ ရပါတယ်၊ သို့သော် အစိုးရဖက်က ဒေသခံတွေအတွက် မည်သည့် ထောက်ပံ့မှုတွေ လုပ်ပေး တယ်ကိုတော့ မသိရပါ၊

တွန်းဇံမြို့ နယ်၊ ကျီခါးမြို့ နယ်ခွဲအတွင်း ဘိန်းခင်း ၆၇၂ ဒသမ ၈၆ ဧကကို ဖလမ်း ခရိုင်ပြည်သူ့ ရဲတပ်ဖွဲ့ များ၏ ကြီး ကြပ်မှုဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၂၄ ရက်နေ့ အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ၂၀၁၄ခုနှစ် ဇန်န၀ါ၇ီလ ၃ ရက်နေ့ ထုတ် မြန်မာနိုင် ငံ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ အင်တာနက် စာမျက်နှာ တွင် ဖေါ်ပြထားသည်။

” ဒီကိစ္စ CNF လူကြီး အစည်းအဝေးမှာ ၀င်လာပါတယ်၊ ချင်းပြည်သူ အားလုံးလိုလိုက အစာရေစာ ခက်ခဲကြတယ် ဆို တော့ တခြား ဒေသတွေကို ဖြန့်ပေးရမှာပေါ့”  ဟု ချင်းအမျိုးသားတပ်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ရွှေ ခါးက ပြောပါတယ်၊

တွန်းဇံမြို့နယ် အဆင့် UPDP ပါတီခေါင်းဆောင်များနဲ့ တွန်းဇံနယ်ခံဖြစ်သူ CNF တီးတိန်ဆက်ဆံရေးရုံး တာဝန်ခံ Pu Haukang တို့ စိတ်ချင်းမတိုက်ဆိုင်လို့ ယခုလို CNF မှ တဆင့် ထောက်ပံ့မည့် Nippon လူသား ချင်းစာနာ ထောက် ထားမှုကို လက်မခံ တာဖြစ်ကြောင်း ဒေသခံ တချို့က ဝေဖန်ပြောဆိုကြပါတယ်၊

Nippon Foundation (Japan) သည်  ပြီးခဲ့တဲ့ ၂၀၁၃ အတွင်း ချင်းပြည်နယ် တီးတိန်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ မြို့နယ် ကျေးလက်ဒေ သတွေမှာ ဆန်အိတ် များ ဖြန့်ဝေပေးခဲ့ပြီး ယခုနှစ်မှာ ကန်ပလက်မြို့နယ် နှင့် တွန်းဇံမြို့နယ် မှာ ဖြန့်ဝေဖို့ စီစဉ် ခဲ့တာပါ၊

ချင်းပြည်နယ်အတွင်း ဘိန်းပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန် ချင်းအမျိုးသားတပ်ဦး၊ ချင်းပြည်နယ်အစိုးရ နှင့် ပြည် ထောင်စု အစိုးရတို့ သဘောတူ လက်မှတ်ရေး ထိုး ခဲ့ကြသည်။

 

Share.

About Author

Leave A Reply

*

code