ချင်းလူမျိုးများလိုလားသည့်ငြိမ်းချမ်းရေးဖြစ် စဉ်နှင့်အနာဂါတ်ပြည်ထောင်စု

0

ဇလပ်နီစုဆောင်းသည်:       : အစိုးရ အဆက်ဆက်နှင့် တိုင်းရင်း သားလူမျိုးစုများအကြား အနှစ် ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်း စစ်မီးချုပ်ငြိမ်းပြီး နိုင်ငံရေးအရ ရေရှည်တည်တံ့ခိုင် မြဲသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောသော ပြည်ထောင်စု မြန်မာနိုင်ငံတော် သစ် တရပ်ပေါ် ထွန်းစေဖို့ ရည်ရွယ်၍ လက်ရှိ သမ္မတ ဦးသိန်း စိန်အစိုးရနှင့် တိုင်းရင်းသားလူမျိုးစု လက် နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ဖော်ဆောင်နေသည့် အချက် (၈) ချက်ပါ

(၁) တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုခြင်း

(၂) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်း

(၃) အမျိုးသား၊ အမျိုးသားများအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း

(၄) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း

(၅) ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုခြင်း

(၆) ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဌာန်းခြင်း

(၇) ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ခြင်း

(၈) လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီ ချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း စ သည့် နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည် ဖော်ရာ တွင် ချင်းတိုင်းရင်းသားလူမျိုးစုများ၏ သဘောထား ဆန္ဒကို သတိချပ်စေဖို့ ရည်ရွယ်သည်။

(က) ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံသဘောထားဆန္ဒ

အနာဂါတ် ချင်းအမျိုးသားအရေးတွင် ကိုင်စွဲကျင့်သုံးသွားမည့် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ် နိုင်ရေးအ လို့ငှာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအမျိုးသားပါတီ(CNP)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီ(ENDP)တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ချင်းအမျိုးသားတပ်ဦး၊ မြို့နယ်နှင့် ဒေသအသီးသီး မှ ချင်းရပ်မိရပ်ဖနှင့် မျိုးနွယ်စု ခေါင်း ဆောင်များ အပါအ၀င် ချင်းအရပ်ဘက်လူမှု အဖွဲ့ အစည်းများ၊ ဘာသာ အသီးသီးမှ ခေါင်းဆောင်များ၊ ချင်းအမျိုးသမီး ကိုယ်စား လှယ်များ၊ ချင်း လူငယ် ကိုယ်စားလှယ်များနှင့် ချင်းကျောင်းသားအဖွဲ့ကိုယ်စားလှယ်များစသည့် အလွှာပေါင်းစုံမှ ချင်းအမျိုးသမီး၊ အမျိုး သားကိုယ်စားလှယ် စုစုပေါင်း (၅၇၁)ဦးဖြင့် ဒုတိယအကြိမ်မြောက် ချင်းအမျိုး သား ညီလာခံကို ချင်းပြည်နယ် ဟားခါး မြို့၌ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) မှ (၁၅) ရက်ထိ ကျင်း ပပြုလုပ်ခဲ့ရာမှာ အောက်ပါ (၁၀)ချက်ကို သဘော တူခဲ့ကြသည်။

၁။ စီးပွားရေး(အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေး)

၂။ ပညာရေး

၃။ မြေယာနှင့် သဘာဝသယံဇာတ

၎။ အစာရေစာဖူလှုံခြင်းနှင့် ဖွံ့ဖြိုးရေး

၅။ နိုင်ငံရေးတွေ့ဆုံမှုဆိုင်ရာမူဘောင်များ

၆။ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်

၇။ အမျိုးသမီး၊ အမျိုးသားတန်းတူညီမျှရေး

၈။ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေး

၉။ ချင်းလူမျိုးဒုက္ခသည်များအရေး

၁၀။ ဖွဲ့စည်းပုံအခြေခံဥပဒေ စသည့်အချက် (၁၀)ချက်နှင့် ပါတ်သက်ပြီး ဆွေးနွေးသဘောတူခဲ့ကြ သည်။ ၄င်းအနက် နိုင်ငံရေးတွေ့ဆုံမှု မူဘောင် နှင့် ဖွဲ့စည်းပုံဆိုင်ရာ သဘောတူညီချက် နှစ်ခုကို အလေးပေးဖော်ပြလိုသည်။

နိုင်ငံရေးတွေ့ဆုံမှုဆိုင်ရာမူဘောင်များ အပေါ် သဘောတူညီချက်များ

၁။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ၏ လစဉ်ရေဒီယို မိန့်ခွန်းတွင် “ရေရှည်တည်တံ့ မည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ် စဉ်တစ် ရပ် ပိုင်ဆိုင်နိုင် ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေးတစ်ခု တည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋ္ဋိပက္ခ များရဲ့ ဇစ်မြစ်ဖြစ်တဲ့ ပြသနာတွေကို နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းနိုင်ဖို့က အဓိကဖြစ်တယ်” ဆိုသည့်ပြောကြားချက်အပေါ် ဤညီလာခံမှ ကြိုဆိုသည်။

၂။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပထမဆင့်အနေဖြင့် နိုင်ငံရေးတွေ့ဆုံမှုဆိုင်ရာ မူဘောင်များ ချမှတ်ခြင်း၊ ဒုတိယအဆင့် အနေဖြင့် တစ်ပြည်လုံးအတိုင်း အ တာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ တတိယ အဆင့်အ နေဖြင့် အမျိုးသား အဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုများ ကျင်းပခြင်း၊ စတုတ္ထ အဆင့်တွင် ပင်လုံ စိတ် ဓာတ်၊ ပင်လုံမူကို အခြေ ခံသော ပြည်ထောင်စုညီလာခံ ကျင်းပပြီး “တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင် စုသဘော တူညီချက်” ကို လက်မှတ်ရေးထိုးခြင်း၊ ပဉ္စမအဆင့်တွင် “တိုင်းရင်းသားလူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘောတူ ညီချက်”ကို အတည်ပြုခြင်း(Ratification)၊ နောက်ဆုံး အဆင့်တွင် “တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်” ပါအချက်များကို အကောင်အထည်ဖော်ခြင်း စသည်တို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

၃။ ပြည်ထောင်စုညီလာခံကို-

(က) ပြည်ထောင်စုလွှတ်တော်၏ လွှမ်းမိုးမှု မရှိစေဘဲ လွှတ်တော်ပြင်ပတွင် ကျင်းပရန်၊

(ခ ) အုပ်ချုပ်ရေးအဖွဲ့ (ပြည်ထောင်စုအစိုးရ)၊ ဥပဒေပြုအဖွဲ့အစည်း(လွှတ်တော်)၊ တရားစီရင်ရေး အဖွဲ့အစည်း၊ တပ် မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နိုင်ငံရေးပါတီများမှ တရားဝင် လုပ်ပိုင်ခွင့် အာဏာအပ် နှင်းပေး ရန်။

(ဂ) ထွက်ပေါ်လာသော ရလာဒ်အား လွှတ်တော်အပါအ၀င် သက်ဆိုင်သူအားလုံးမှ ဆွေးနွေးခြင်း မပြုတော့ဘဲ ပြည့် ပြည့်စုံစုံ သတ်မှတ်ချိန်အတွင်း အကောင်အ ထည်ဖေါ်ဆောင်ရွက်စေရန်၊

၎။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာတွင် အခြေခံရမည့် မူများ

(က) နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် သံန္နိဋ္ဌာန်ပြုခြင်း

(ခ) ပင်လုံသဘောတူညီချက်ကို အသိအမှတ်ပြုခြင်း

(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံတော်

(ဃ) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးခြင်း

(င) ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်း

(စ) လေးစားမှု၊ ဒီမိုကရေစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်

(ဆ) တိုင်းရင်းသားလူမျိုးများကို ကာကွယ်ခြင်း

(ဇ) အခွင့်အရေးတန်းတူမှု

(ဈ) ပြည်သူလူထုခံစားရသော ဒုက္ခများကို အသိအမှတ်ပြုခြင်း

(ည) တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြုခြင်း

(ဋ) အားလုံးပါဝင်ရေး

(ဌ) အများသဘောတူညီမှု

(ဍ) ပူပေါင်းဆောင်ရွက်မှု

(ဎ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု

(ဏ) စစ်တပ်များကိုခွဲထားခြင်းနှင့် ရန်လိုမှုများရပ်ဆိုင်းထားခြင်း

(တ) စစ်အင်အားအသုံးပြုခြင်းကို တားမြစ်ခြင်း

(ထ) တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိသောအကျိုးရလဒ်

၅။ ပြည်ထောင်စုညီလာခံတွင် ဆွေးနွေးရမည့် အကြောင်းအရာများ

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်း

(ခ) လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း

(ဂ) စီးပွားရေးဆိုင်ရာ မေးခွန်းများ

(ဃ) ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း

(င) မြေယာဆိုင်ရာကိစ္စ

(စ) ပညာရေး အဆင့်အတန်းများ

(ဆ) ဘာသာစကားနှင့် ယဉ်ကျေးမှုအခွင့်အရေးများ

(ဇ) ဘာသာရေး အခွင့်အရေး

(ဈ) ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းများ

(ည) လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ကိစ္စများ

(ဋ) အမျိုးသားပြန်လည် ရင်ကြားစေ့ရေး

(ဌ) မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်း

(ဍ) အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း

(ဎ) ဒုက္ခသည်ကိစ္စများ

(ဏ) အလုပ်သမား

(တ) ခွဲခြားဆက်ဆံမှုမရှိရေး

(ထ) ခရီးသွားလုပ်ငန်း

(ဒ) သတင်းမီဒီယာ

(ဓ) အစိုးရအဖွဲ့အစည်းများမဟုတ်သော အဖွဲ့အစည်းများ ပါဝင် မှုနှင့် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

၆။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးအား ဦးဆောင်အကောင်အထည်ဖော်မည့်ကော်မီတီ

(က) ထိပ်သီးငြိမ်းချမ်းရေးပူးတွဲကော်မတီ

(ခ) အမျိုးသားတွေ့ဆုံဆွေးနွေးရေးဦးဆောင်ကော်မတီ

(ဂ) အထူးအလုပ်အဖွဲ့နှင့် အကြောင်းအရာအလိုက်ဆွေးနွေးရမည့်ကော်မတီ

၇။ ပြည်ထောင်စုညီလာခံတွင် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းရမည်။ သို့ရာတွင် အထူးအလုပ်အဖွဲ့နှင့် အ ကြောင်းအရာအလိုက်ဆွေးနွေး ရမည့်ကော်မီတီများ တွင်မူအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များလည်း ပါဝင်စေရန်၊

၈။ လုပ်ငန်းစဉ်အဆင့်အတိုင်း၌ အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်စေရန်၊

၉။ ပြည်ထောင်စုညီလာခံ၏ အချိန်ကာလ၊ဆုံးဖြတ်ချက်ချခြင်း

(က) ပြည်ထောင်စုသဘောတူညီချက် အား အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်သည့် အခြေအနေသို့ ရောက် သောအခါ ညီလာခံအား အဆုံးသတ်ရန်

(ခ ) သဘောတူစာချုပ်ကို မဲဆန္ဒဖြင့် အတည်ပြုရန်

(ဂ ) ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ (၆) လအလိုတွင် အပြီးသတ်ကျင်းပနိုင်ရန်၊ ပင်လုံ (၃)ကိုရွေးကောက်ပွဲအပြီး ကျင်း ပရန်၊

(ဃ) ပြည်ထောင်စုစာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းတွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရန်၊

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ –

၁၀။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့်မူ (၁၀)ချက်

(က) တိုင်းရင်းသားပြည်သူတစ်ရပ်လုံးထံမှ ဆင်းသက်သော အချုပ်အခြာအာဏာ

(ခ) တိုင်းရင်းသားလူမျိုးတိုင်း နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရ တန်းတူရေး

(ဂ) ကိုယ်ပိုင် ပြဌာန်းခွင့်

(ဃ) ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်မူ

(င) လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း

(စ) ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူမှု

(ဆ) ပါတီစုံ ဒီမိုကရေစီစနစ်

(ဇ) ဘာသာရေးကို အခြေမခံသော နိုင်ငံ

(ဈ) ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် အရပ်ဖက်အုပ်ချုပ်မှု အောက်တွင် လက်နက်ကိုင် တပ်ဖွဲ့များ ထား ရှိခြင်း။

(ည) ပြည်နယ်သစ် ထူထောင်ခွင့် ရှိခြင်း

၁၁။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/တိုင်း ဒေသကြီးများ၌ သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ အသုံးပြုရန်၊

၁၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ ဦးတည်ပြီး ပြင်ဆင်ရန်၊

(ခ) လူထု သဘောထားဆန္ဒ စစ်တမ်းကောက်ယူခြင်း

ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးသဘောတူညီချက်(၅)နှင့် ဗဟိုအဆင့် သဘောတူညီချက် (၆)အရ ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်အတွင်း လူထုတွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ် ဧပြီလ(၂၂)ရက်မှစ၍ စတင်အကောင်အထည်ဖော်ပြု လုပ်နိုင်ခဲ့သည်၊ ချင်းအမျိုးသားတပ်ဦး၊ ထန်တလန် ဆက်ဆံရေးရုံးမှ ဦးဆောင်ပြီး ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ် နှင့်ထန်တလန်မြို့နယ် များတွင်လည်းကောင်း၊ တီးတိန်ဆက်ဆံရေးရုံးမှ ဦးဆောင်ပြီး တွန်းဇံနှင့် တီးတိန်မြို့နယ်များတွင် လည်းကောင်း၊ မတူပီ ဆက်ဆံ ရေးရုံးမှ ဦးဆောင်ပြီး မတူပီ၊ မင်းတပ်၊ ကန်ပလက် နှင့် ပလက်ဝမြို့ နယ်များတွင်လည်းကောင်း၊ (၃)နေရာခွဲပြီး ပြုလုပ်ခဲ့ပါသည်။

၎င်းအနက် ထန်တလန် ဆက်ဆံရေးရုံးမှ ဦးဆောင်ပြုလုပ်သည့် ဖလမ်း၊ ဟားခါး နှင့် ထန်တလန် မြို့နယ်များ အတွင်း လူထုတွေ့ဆုံပွဲကို စုရပ်(၃၆)နေရာ ခွဲပြီး ကျေး ရွာပေါင်း (၃၁၇) မှ ပြည်သူ (၁၀၁၂၈)ဦးနှင့် တွေ့ဆုံးဆွေးနွေးမှု ပြုလုပ် ရာမှာ လူပေါင်း (၆၇၃၆)ဦး ၏ သဘောထားဆန္ဒကို အလေးပေးဖော်ပြလိုသည်၊

ထို့သို့ သဘောထားဆန္ဒ ရယူခဲ့ရာတွင်  အနာဂါတ်ပြည်ထောင်စုကို ဖက်ဒရေပြည်ထောင်စုဖြင့် တည်ဆောက်ရန် ပါဝင်သူအားလုံးက ဆန္ဒရှိကြသည်။ ဖက် ဒရေပြည်ထောင်စုဆိုရာတွင် မည်ကဲ့ သို့သော ဖက်ဒရေပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်မည်ကို အောက်ပါ အတိုင်း သဘော ထားပေးကြပါသည်။

၁။ အနာဂါတ်မြန်မာနိုင်ငံတွင် ပြည်ထောင်စုစနစ်ကျင့်သုံးသင့်(၆၅၄၁ ဦး)၊ တပြည်ထောင်စနစ်ကျင့် သုံးသင့်( ၇၄ ဦး)၊ ပြည်ထောင်ပေါင်းစု စနစ် ကျင့်သုံးသင့်(၅၄ ဦး)၊

၂။ ပြည်ထောင်စုဖွဲ့စည်းရာတွင်း အမျိုးသားပြည်နယ်နှင့် အမျိုးသားများပြည်နယ်ဖြင့် ဖွဲ့စည်းသင့် (၅၂၈၁ ဦး)၊ ရှစ်ပြည် နယ်အခြေခံသော အမျိုးသားများပြည်နယ်ဖြင့် ဖွဲ့စည်းသင့် (၁၂၁၈ ဦး)၊ ပြည် နယ် (၇)ပြည်နယ်နှင့် တိုင်း (၇)တိုင်းဖြင့် ဖွဲ့စည်းသင့်( ၁၇၅ ဦး)၊

၃။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ဖြည့် စွက်သင့်( ၄၆၈၃ ဦး)၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲသင့် ( ၁၆၃၈ ဦး)၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ကျင့်သုံးသင့်( ၃၅၃ ဦး)၊

၎။ ဖက်ဒရေပြည်ထောင်စုမြန်မာနိုင်ငံကို ပါလီမန်ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သင့်( ၆၃၃၄ ဦး)၊ သမ္မတစနစ်ဖြင့် အုပ် ချုပ်သင့် (၂၈၁ ဦး)၊ စည်းမျဉ်းခံဘုရင်စနစ် (၅၉ ဦး)၊

သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တခု ဖြစ်တည်လာဖို့ဆိုသည်မှာ တိုင်းပြည် အတွင်း စစ်မှန်သည့် ငြိမ်းချမ်းရေးရှိမှသာ၊ စစ်မှန်သည့် ငြိမ်းချမ်းရေးဆိုရာ တွင် လူထု အခြေခံသည့် လွတ်လပ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံများ တည်ဆောက်နိုင်မှသာ တည် ငြိမ်အေးချမ်းပြီး သာယာဝပြောသော တိုင်းပြည်ဆိုတာ ဖြစ်တည်လာသည်။

ချင်းအမျိုးသားတပ်ဦးနှင့် သမ္မတ ဦးသိန်းစိန်အစိုးရအကြား မပြောပလောက်သော ပဏာမ ငြိမ်း ချမ်းရေးကြောင့် လူထု ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့သည့် ဖော်ပြပါ လက်တွေ့သာဓကနှင့် လူထုဆန္ဒကို လေးစားသမှုပြု ကိုင်စွဲလျက် အနာဂါတ် ဖက်ဒရေပြည်ထောင်စုကိုသော် လည်းကောင်း ၊ အနာဂါတ် ချင်းအမျိုး သားပြည်နယ် ကိုသော် လည်းကောင်း မည်သို့ ဖွဲ့စည်း တည်ဆောက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရသည်။

Share.

About Author

Leave A Reply

*

code