သုံးနိုင်ငံချင်းကျောင်းသားများ ယဉ်ကျေးမှု နှီးနှောဖလှယ် ပွဲ ရွှေ့ဆိုင်းခြင်းမရှိ နဂိုသတ်မှတ်သည့်ရက်တွင် ကျင်းပမည်

0

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် နိုဝင်ဘာလဆန်းပိုင်း၌ ကျင်းပရန် စီစဉ်ထားသော သုံးနိုင်ငံမှ ချင်းကျောင်း သားများ ယဉ်ကျေး မှုနှီးနှောဖလှယ်ပွဲ(Chinlung Culture Festival) အား ရွှေ့ဆိုင်းခြင်းမရှိဘဲ နဂိုသတ်မှတ် ထားသည့် နေ့ရက် တွင် ကျင်းပသွားမည် ဟု သိရသည်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် နှင့် မြန်မာနိုင်ငံရှိ ချင်းမျိုးနွယ်စုကျောင်းသားများ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ဟားခါးမြို့ ပူးဝမ်းသူမောင် အားကစားကွင်းတွင် ကျင်းပရန်စီစဉ်ထားကြပြီး ယင်းအတွက် ပြည်ထောင်စု အစိုးရ နှင့် ချင်းပြည်နယ်အစိုးရမှ ခွင့်ပြုထားပြီးလည်းဖြစ်သည်။

သို့သော်လည်း အဆိုပါပွဲတော်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေပိုင်း ဆိုင်ရာ လိုအပ်ချက်များရှိနေသောကြောင့် ပွဲတော် ကျင်းပမည့်ရက်ကို လာမည့် ၂၀၁၅ ခုနှစ် ဧပြီလ သို့ ရွှေ့ဆိုင်းထားသည်ဟု ချင်းပြည်နယ်ဘက်မှ ဖြစ်မြောက်ရေးကော်မတီ ၀င် ဦးယာကုတ်ထန်ကပြောဆိုကြောင်း ချင်းဝေါလ်သတင်းတွင်ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ဘက်မှ ဖြစ်မြောက်ရေးကော်မတီ မီဇိုးကျောင်းသားသမဂ္ဂဥက္ကဌ ဇိုးဒင့်ပွီးယာကို မေးကြည့် ရာတွင် သူက ပွဲတော်ကျင်းပမည့် ရက် ရွှေ့ပြောင်းခြင်း မရှိကြောင်း နဂိုသတ်မှတ်ထားသည့်နေ့ရက် တွင် ကျင်းပမည်ဖြစ် ကြောင်း ပြောဆိုသည်။

“ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကနေလာရောက်မယ့် ကိုယ်စားလှယ်တွေလည်း နိုဝင်ဘာလ ၁ ရက်နေ့မှာ မီဇိုရမ်ကို ရောက်လာကြမယ်၊ နိုဝင်ဘာ ၂ ရက်နေ့မှာ အိုင်ဇောလ်မြို့ Vanapa ခန်းမမှာတွေ့ဆုံကြမယ်၊ နိုဝင်ဘာ ၃ ရက်နေ့မှာ အိုင်ဇောလ်မြို့ကနေ စတင်ထွက်ခွါကြမယ်’’ ဟု ဇိုးဒင့်ပွီးယာကပြောသည်။

ဗြိတိသျှကိုလိုနီအုပ်ချူပ်မှုစနစ်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေရှ့ နှင့် မြန်မာနိုင်ငံ စသည့် သုံးနိုင်ငံတွင် တကွဲတပြားစီ သီးခြားအုပ်ချူပ်မှုအောက်တွင် နေထိုင်ခဲ့ကြရသော တအူတုံဆင်းချင်းမျိုးနွယ်စု (Zohnahthlak) ညီကိုများအကြား ချစ်ခင်ရင်းနှီးမှုတည်ဆောက်ရန်၊ တမျိုးနွယ်တည်းဖြစ်ကြောင်း သက်သေပြရန်၊ ယဉ်ကျေးမှု ရိုးရာဓလေ့များ ဖော် ထုတ်နိုင်ရန်အတွက် Chinlung Culture Festival ပွဲတော်ကို ကျင်းပရန် Mizo Student Union နှင့် Chin Student Union တို့မှ ဦးဆောင် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပွဲတော်တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ် ပူးလာလ်ထန်ဟောလ်အာ နှင့် ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းတို့ လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ဒေသ အသီးသီးမှ ချင်းမျိုးနွယ်စုကိုယ်စားလှယ် တစ်ထောင်ကျော်တက်ရောက် ရန် ခန့်မှန်းထားကြသည်။

Share.

About Author

Leave A Reply

*

code