အာဏာပိုင်တွေ ဖမ်းဆီးမှုကြောင့် ရဲ နှင့် တပ်ပြေးတွေ တဖက် မီဇိုရမ် သို့တိမ်းရှောင်နေ

0

သက်ဆိုင်ရာအာဏာပိုင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းကစပြီး ချင်းပြည်နယ်အတွင်း ရဲပြေးနှင့် တပ်ပြေး များအား စုံစမ်းဖမ်းဆီးနေမှုကြောင့် ရဲ နဲ့ တပ်ပြေးကြေညာ ခံရသူများ တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်း ရှောင်လာနေကြောင်း သိရသည်။

ရဲပြေးကြေညာခံရသူများသည် ယခင်အစိုးရလက်ထက်တွင် လစာ မလုံလောက်မှုကြောင့် ထွက်ပြေးခဲ့ကြ တာဖြစ်ပြီး ယခုအချိန်တွင် မိသားစုနဲ့အတူ လုပ်ကိုင် စားသောက်နေကြသူများဖြစ်ကြကြောင်း သို့သော် ယင်းအမှုကြောင့် လက်ရှိ မတူပီမြို့နယ်မှ ရဲပြေး ၃၀ ခန့် မီဇိုရမ်ပြည်နယ်တွင်း သို့ဝင်ရောက် လာကြပြီ ဖြစ်ကြောင်း သိရသည်။

” စစ်အစိုးရလက်ထက်က ကျတော်တို့ရဲတပ်သားလစာဟာ ကျပ် ၇၀၀ နဲ့ တောင်တန်းစရိတ် ကျပ် ၁၀၀၀ ပဲရတာဆို တော့ တယောက်စာတောင် မလုံလောက်ခဲ့လို့ ထွက်ပြေးရတယ်၊ စစ်အစိုးရလက်ထက်ကတောင် ဘာမှ မလုပ်ပဲနဲ့ ဒီမိုက ရေစီအစိုးရစနစ်သစ်လက်ထက်မှာ ယခုလို ဖမ်းဆီးမှုလုပ်တာက စဉ်းစားလို့မရဘူးဗျ” ဟု အမည်မဖော်လိုသူ ရဲပြေးတဦးက ခိုနုမ်းသုန်ကို ပြောသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက မတူပီမြို့ပေါ်နေ လိုင်လင်းပီရွာသား ရဲပြေး ဦးနေဒေါင်းအား မတူပီမြို့ နယ်ပြည် သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထောင်ဒါဏ် သုံးနှစ်ချမှတ်ခဲ့သည် ဟု သိရသည်။

” ရဲပြေး နဲ့ တပ်ပြေးတွေအတွက် ပြစ်မှုက ထောင်ဒါဏ် ၇ နှစ်ဖြစ်ပေမဲ့ ဦးနေဒေါင်းက ကျပ်သိန်းပေါင်း ၃၀ နဲ့ သက် ဆိုင်ရာကို လဒ် ထိုးခဲ့လို့ သုံးနှစ်ပြန်လည်ချမှတ် ခဲ့ကြတယ်” ဟု ထပ်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ဒေသခံ ရဲပြေးများ အနည်းဆုံး ၁၈ ဦးဖမ်း ဆီးခဲ့ပြီဟု သိရပြီး ရဲပြေး နှင့် တပ်ပြေးတချို့သည် တဖက် နယ်စပ် မီဇိုရမ်ပြည် နယ်သို့ ထွက်ပြေးခိုလှုံလာနေကြောင်း စုံစမ်း သိရှိရသည်။

ယခုနှစ်ဆန်းပိုင်းကစပြီးချင်းပြည်နယ်တွင် ပြည်သူ့ရဲကင်းနှင့် တပ်သားအင်အားများတိုးချဲ့နေကြောင်း မကြာခင် အတွင်း ချင်းပြည်နယ် မတူပီမြို့နယ်၊ နယ်စပ်ဒေသ မရာနယ်၊ စဘောင်းသဲတွင် ရဲကင်းတခု တိုးချဲ့ဖွင့်လှစ်ကြမှာဖြစ်သည်။

ချင်းပြည်နယ်ရဲမှူးက လိုင်လင်းပီ ရဲစခန်းမှူးအား ယခုလ ဒုတိယပတ်က ခေါ်ယူပြီး ဒေသ အတွင်းရှိ ရဲပြေးတွေ ကို မဖမ်းဆီးနိုင်ပါက လိုင်လင်းပီရဲစခန်းမှ စဘောင်းသဲရဲကင်း သို့ပြောင်းရွှေ့မည်ဟု နှုတ်မိန့်ပေးလိုက်ကြောင်း သိရ သည်။

ရဲမှူးနှုတ်မိန့်ကြောင့် မတူပီမြို့နယ်၊ ရေဇွာ နှင့် လိုင်လင်းပီ ရဲစခန်းမှ ပြည်သူ့ရဲများသည် တရွာဝင်တရွာ ထွက်၍၄င်း၊ မီဇိုရမ်ဖက်သို့ ထွက်ပြေး လာမည့် ရဲပြေးတွေကို ဖမ်းဆီး ရန် စောင့်ကြပ်၍၄င်း နေ့ညမပြတ် လှုပ်ရှားနေကြသည်။

စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် တချို့ ရဲပြေး နှင့် တပ်ပြေးများသည် ဒေသအတွင်း ကျေးရွာ၊ အုပ်စု အေးချမ်း သာယာရေး ကောင်စီတွင် ဥက္ကဌ ၊ အဖွဲ့ဝင်တာဝန်တွေကို ထမ်းဆောင်ခဲ့ကြသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ယခုကဲ့သို့ ရဲနှင့်တပ်မှ ထွက်ပြေးသူများ ပြန်လည်ဖမ်းဆီးနေမှုလုပ်ရပ်၏ နောက် ကွယ်တွင် နိုင်ငံရေးအရ ပြင်ဆင်မှုတခုခု ရှိနေနိုင်ကြောင်း ဝေဖန်ပြောဆိုမှု များရှိနေသည်။

Share.

About Author

Leave A Reply

*

code