ဟားခါးတွင် ပညာရေးကောလိပ် နှင့် ၀ိဇ္ဇာ-သိပ္ပံကောလိပ် ထားရှိမည်

0

IMG_20150302_082500
(ဟားခါး)။           ။ ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် ၀ိဇ္ဇာ-သိပ္ပံကောလိပ် နှင့် ပညာရေးကောလိပ် တည်ဆောက် ရေးစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့က  ကျင်းပခဲ့ကြပြီး အမှတ်(၁)အခြေခံ ပညာရေးဦးစီးဌာနမှ ညွန်ကြား ရေးမှူးချူပ် ဦးအောင်သန်းဦးနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ဖွင့်ပွဲတွင် ညွန်ချုပ် ဦးအောင်သန်းဦးက ယနေ့ တနိုင်ငံလုံး ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ချင်းတိုင်း ရင်းသားများသည် ရာခိုင်နှုန်းအားဖြင့် ပညာရေးဖွံ့ဖြိုးမှုအများဆုံးဖြစ်ကြောင်း ချင်းပြည်နယ်မှာ ပညာရေး ကောလိပ် နှင့် ကောလိပ်ဖွင့်လှစ်စမှာ အခက်အခဲမျိုးစုံရှိမည်ဖြစ်သော်လည်း နိုင်ငံရပ်ခြားရှိ ချင်းလူမျိုးများ၊ ပညာတတ်များ နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပါက တခြား ပြည်နယ်၊ တိုင်းဒေသကြီးများထက် ဖွံ့ဖြိုးမှုပိုမိုလျင်မြန်မည်ဟု မျှော်လင့်ကြောင်း သို့သော် အဆောက်အဦးများသည် ပထ၀ီနေမြေအနေအထားအရ တခြားပြည်နယ်တိုင်းများထက် ညံ့နေနိုင်မှာဖြစ် သော်လည်း သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း မျှော်လင့် ကြောင်း မှာကြားခဲ့သည်။

ဟားခါးပညာရေးကောလိပ် နှင့် ဟားခါးကောလိပ်(၀ိဇ္ဇာ-သိပ္ပံ)ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းကို ဟားခါးမြို့ အနောက်ဖက် ထန်တလန်မြို့အသွား လမ်းမကြီးနံဘေးတွင် တည်ဆောက်ကြမည်ဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှ မြေထိုးစက် ၄ လုံး ရောက်ရှိလာမည်ဖြစ်ကြောင်း အကောင်ထည်ဖော်ဆောင်မှုအပိုင်းကိုလည်း အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာဘမောင်ကပြောသည်။

“ ကောလိပ်နှစ်ခု တစ်ပြိုင်နက်ဆောက်မှာ ဖြစ်ပါတယ်၊ အပေါ်ပိုင်း ထန်တလန် လမ်းဘေးနားကပ်ရက်က ပညာရေး ကော လိပ်ပေါ့၊ ချင်းတောင်မှာ ကျောင်းဆရာ လုပ်မယ့်သူ တွေအကုန်လုံး အဲဒီမှာသင်တန်းတက်၊ BED ထိသွားမှာပေါ့၊ အောက် ဘက်ပိုင်းကျတော့ ဟားခါးကောလိပ်ပေါ့၊ BA, BSC တွေနဲ့ စမှာပေါ့လေ၊ အဲဒီလို ကောလိပ်နှစ်ခု တည်ဆောက် မှာဖြစ်ပါတယ်’’ ဟု လူမှုရေးဝန်ကြီးက ပြောသည်။

ဟားခါးကောလိပ်တည်ဆောက်ရေးအတွက် မြေဧက ၄၀၀ နှင့် ဟားခါးပညာရေးကောလိပ်တည်ဆောက်ရေးအတွက် မြေ ဧက ၂၀၀ ခန့်အသီးသီးလျာထားပြီး ၂၀၁၅ ခုနှစ်အတွင်း ကောလိပ် အဆောက်အဦး ၅ လုံးတည်ဆောက်သွားရန် စီစဉ် ထားသည်ဟု ၀န်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် တက္ကသိုလ်၊ ကောလိပ်မရှိသေးသော ပြည်နယ်ဖြစ်နေ သည့်အတွက် အလွန်မျက်နှာငယ်ခဲ့ရဘူး သည်ဟု ဒေါက်တာဘမောင်ကပြောသည်။

“ ကျနော်က ပါမောက္ခလုပ်ခဲ့တယ်၊ ပညာရေးညွန်ချူပ်လည်းလုပ်ခဲ့တယ်၊ ခုလည်း လူမှုရေးဝန်ကြီးက ပညာရေးနဲ့ဆိုင် တယ်၊ တက္ကသိုလ်ကောလိပ်နဲ့ပတ်သက်တဲ့ တစ်နိုင်ငံလုံးအစည်းအဝေးကြီးတွေရှိတယ် ကျနော်သွား တက်ရတယ်၊ ကျနော့ပြည် နယ်မှာက တက္ကသိုလ်တစ်ခုမှမရှိဘူး၊ အလွန်မျက်နှာငယ်ပါတယ်၊ ရှက်လည်းရှက်ခဲ့ရတယ်’’ ဟု ၀န်ကြီးက ပြော သည်။

ချင်းပြည်နယ်အစိုးရ၏ကြိုးစားအားထုတ်မှု၊ ချင်းပြည်သူလူထုများ၏ တောင်းဆိုမှု နှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စေတနာထားရှိမှုတို့ကြောင့် ချင်းပြည်နယ် တွင် ကောလိပ်များရှိလာနိုင်တော့မည် ဖြစ်ပြီး၊ ၁၀ တန်းစာမေးပွဲအောင်မြင်ပြီး ပြည်မဘက်သို့ တက္ကသိုလ်သွားရောက်တက်နေရသော ချင်းကျောင်းသူ၊ ကျောင်းသားများ သည်လည်း ကိုယ့်အိမ် ကိုယ့်ဒေသတွင် တက္ကသိုလ်ကောလိပ်တက်ရောက်နိုင်မည့်အဆင့်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း ၀န်ကြီးက ဆက် ပြော သည်။

ချင်းပြည်နယ်သည် အခြားပြည်နယ်များကဲ့သို့ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝမှုမရှိသည့်အတွက်ကြောင့် ချင်း ပြည်နယ် အနာဂါတ် ရေရှည်ဖွံဖြိုးတိုးတက် လာရေးအတွက် ခေတ်ပညာတတ် လူသားအရင်းအမြစ်များအပေါ် အားကိုး အားထားပြုရမှာဖြစ်ကြောင်း ယင်းအတွက် ကောင်းမွန်သော အခြေခံပညာရေး၊ တက္ကသိုလ်ကောလိပ်များ တည်ရှိရန် အထူး လိုအပ် သည်ဟု ဟားခါးမြို့မိမြို့ဖဥက္ကဌ Pu Siang mang ကပြောသည်။

“ ချင်းပြည်နယ်ဟာ သူများပြည်နယ် တိုင်းဒေသလို သယံဇာတတွေ သိပ်မရှိဘူးဆိုတော့ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့ အဓိက လူသားအရင်းအမြစ်ပဲဖြစ်ပါတယ်၊ အဲဒီလူသားအရင်းအမြစ် များများထုတ်နိုင်ဖို့ တက္ကသိုလ် ကောလိပ် တွေရှိပြီး တော့ ဒီကနေ ဆင်းရဲသားကျောင်းသူကျောင်းသားများများ ဈေးပေါပေါနဲ့ ပညာလေ့လာဆည်းပူးနိုင်မယ်၊ အဲဒီပညာတတ် လူငယ်တွေဟာ နောင်တချိန်ကျ ရင် ချင်းပြည်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက် အားကိုးအားထားရတဲ့ Human Resource တွေ ဖြစ်လာမယ်’’ ဟု Pu Siang Mang ကပြောသည်။

ချင်းပြည်သူလူထုများမှ နှစ်ရှည်လများ မျှော်လင့်တောင့်တနေကြသော ချင်းပြည်နယ်တွင် တက္ကသိုလ် ကောလိပ် ထားရှိရေး စိတ်ကူးယဉ်အိမ်မက်များကို နိုင်ငံတော် အစိုးရမှ လက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်လာတော့မည့် အတွက် ၀မ်းသားကျေနပ်အားရမိကြောင်း ၎င်းကဆက်ပြောသည်။

ဟားခါးမြို့မိမြို့ဖများသည် ချင်းပြည်နယ်တွင် တက္ကသိုလ်တည်ဆောက်ရေးအတွက် နိုင်ငံတော်အစိုးရထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ဘူးသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုရှိမလာသည့်အတွက် တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း ကာ ချင်းပြည်နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တက္ကသိုလ်ကျောင်းတည်ဆောက်ရန် စီစဉ်ခဲ့ဘူးကြသည်။

Share.

About Author

Leave A Reply

*

code