ကျေးရွာမီးလင်းရေး ထောက်ပံ့မှု လက်မခံကြောင်း ပြည်သူ့ထံမှ ပေးစာ

0

ကျတော်သည် ထန်တလန်မြို့နယ်၊ ဘွာလ်ပဲန်တောင်ကြော၊ မှုန်ဟဲလ် ကျေးရွာက သိက္ခာတော်ရ ဆရာ တဦးပါ၊ အစိုး ရက ကျတော်တို့ ကျေးရွာ အိမ်ခြေ (၆၀) မီးလင်းရေးအတွက် ရည်ရွယ်ပြီး ကျပ်သိန်းပေါင်း တထောင် တန် ဆိုလာ မီးထွန်းပေးရေး ပရိုဂျက်ကို ချပေးခဲ့ပါတယ်၊ ၄င်းကို Brother Company က တာဝန်ယူ ဖော်ဆောင်မည်ဟု ထန်တ လန်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်၊

မြို့နယ်အုပ်ချုပ်ရေးမှူးက ၄င်းအတွက် ဆိုလာ၊ ဘက်ထရီ မီးချောင်း တွေကို လာရောက် ထုတ်ယူဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ထန်တလန်မြိ့သို့ ခေါ်ယူခဲ့ရာမှာ ကျတော်တို့ မှုန်ဟဲလ်ကျေးရွာ အိမ်ခြေ ၆၀ အတွက် ကာလ ပေါက်ဈေး ကျပ် တသိန်း နှစ်သောင်းတန် ဆိုလာပြားတချပ်၊ ကာလပေါက်ဈေး ကျပ် ရှစ်ထောင်တန် ဘက်ထရီ အသေး အလုံး ၆၀ ကို ပေးခဲ့သည်။ ကျပ်ငွေအားဖြင့် ကျပ်ငွေ ကိုးသိန်း ဖိုး နှင့် ညီမျှသည်ဟု ဆိုရမည်ဖြစ်သည်။ အစိုးရက ချပေးသည်မှာ ကျပ်ငွေ သိန်းတထောင်၊ ကျတော်တို့ဆီရောက်တာ ကျပ် ကိုးသိန်း ဟု ဆိုချင်သည်။ အစိုးရသည် ကျတော်တို့ ကျေးလက်ဒေသ မီးလင်းရေးအတွက် ထောက်ပံ့သည့် အပေါ် လူထုက အင်မတန်မှ ၀မ်းသာကြိုဆိုနေပေမဲ့ ကြားထဲက မြို့နယ် အုပ်ချုပ်ရေးဆိုမလား၊ Brother Company ဆိုမလား၊ နှစ်ခုစလုံး ပေါင်းကြံကြတာလား၊ နာနေတာက ကျတော်တို့ ကျေးလက်ဒေသပြည်သူတွေဖြစ်နေပါတယ်၊

ကျတော်တို့ ကျေးရွာနားက အိမ်ခြေ (၁၄) ရှိတဲ့ ဘနော့တလန်ရွာ မီးလင်းရေးအတွက် Chin Green Hill Company က ကျပ်ငွေ နှစ်သိန်း ခြောက်သောင်း ဖိုး ဆိုလာမီး တပ်ပေးသည့် အခြေအနေကို ယှဉ်းထိုးပြချင်ပါသည်။ တအိမ် လျှင် ၂၃၀ ဗို့အားရှိ ဆိုလာပြားတချပ် ( တာတာ)စီ ၁၄ ချပ်၊ ဗို့အား ၇၀ ရှိ ဘက်ထရီ ( 3k) ၁၄ လုံး၊ ဗို့အား ၃၀၀ အင်ဗာ တာ တစ်လုံးစီ၊ တအိမ်မီးချောင်း နှစ်ချောင်းစီ  တပ်ဆင်ပေးခဲ့ပါတယ်။

ကျတော်တို့ မှုန်ဟဲလ်ရွာ နဲ့ ဘနော့တလန်ရွာ ဆိုလာမီး တပ်ဆင်ပေးမှုဟာ ပြောရဲစရာ မရှိလောက်အောင် ကွာဟလွန်းပါတယ်၊ ဒါကြောင့် ကျတော်တို့ ကျေးရွာအတွက် ဆိုလာ မီး တပ်ဆင်ပေးမှုကို လူထုက လက်မခံနိုင် သဖြင့် ပြီးခဲ့တဲ့ အပတ်က သက်ဆိုင်သူ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပြန်လည် ထိုးအပ်ခဲ့ရတာပါ။ အလားတူပဲ ပတ်ဝန်း ကျင် (၆) ရွာကလည်း ကျတော်တို့လို ပြန်လည်ထိုးအပ်ခဲ့တယ်လို့ သိရပါတယ်၊ ယင်းကိစ္စနှင့် ပါတ်သက်ပြီး မြို့နယ်အုပ် ချုပ်ရေးမှူးက ဆိုလာမီး တပ်ဆင်ပေးမှု ကို ပြန်လည်ထိုးအပ်တဲ့ ကျေးရွာတွေအတွက် လုပ်ငန်းပြန်လည် ဖော်ဆောင်ပေးမှုမပြုတော့ကြောင်း စာထုတ်ခဲ့ပြန်ပါတယ်၊

ဒေသခံတွေအနေနဲ့ ကျေးရွာ မီးလင်းရေးကို လိုချင်ခဲ့ပေမဲ့ အခု ဆိုလာမီး တပ်ဆင်မှုဟာ တအိမ်လျှင် တနေ့ ဆို လာမီး တနာရီတောင် ရရှိနိုင်မှာ မဟုတ်တဲ့အတွက် နာမည်သာခံ၊ မစို့မပို့သော ဆိုလာမီးကို လက်မခံနိုင်ခဲ့တာ ဖြစ်ကြောင်း အထက်အစိုးရနဲ့ အများပြည်သူ သိစေဖို့ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်၊

ပူး တုမ်နောလ်

မှုန်ဟဲလ်ကျေးရွာ

Share.

About Author

Leave A Reply

*

code