CNDP က ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

0

???????????????????????????????

ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသော အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို Chin National Democratic Party (CNDP) က ချင်းပြည်နယ် ထန်တလန်မြို့ တွင် ဧပြီလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

ထန်တလန်မြို့ CNDP ရုံးခန်းတွင် ကျင်းပသော အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြို့ပေါ်ရှိ ပါတီယူနစ် ခေါင်းဆောင်စုစုပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြရာ အလုပ်ရုံဆွေးနွေးပွဲ ခေါင်းစဉ်တွင် ပါတီ၏ အန္တိမရပ်တည်ချက်၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များ ပါဝင်ဆွေး နွေးခဲ့ကြကြောင်းသိရသည်။

” အခုက မြို့ပေါ်မှာပဲလုပ်နိုင်သေးတယ်၊ ဒါပြီးမှ နယ်ဆင်းပြီး ကွင်းဆင်းပြုလုပ်ဖို့ ဖြစ်မှာပါ” ဟု မြို့နယ်ပါတီ ဥက္ကဌ က ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့် ပါတ်သက်ပြီး ပါတီနိုင်ငံရေးရွေးချယ်ရာတွင် ပေါ်လစီကို အဓိက ကြည့်ရမှာဖြစ်ပြီး ပါတီလှုပ် ရှားမှုပြုလုပ်ရာမှာ မဟာဗျူဟာ၊ နည်းဗျူဟာ များ မှန်ကန်စွာ ချမှတ်ရမှာဖြစ်ကြောင်း မိမိတို့ ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အလုပ်ရုံဆွေးနွေးပွဲကို
ပြုလုပ် ရခြင်းဖြစ်ကြောင်း မြို့နယ်ပါတီ အတွင်းရေး မှူးက ပြောကြားခဲ့သည်။

ရှင်းလင်းချက်တွင် လာမည့် ရွေးကောက်ပွဲတွင် ၂၂ ပါတီဖြင့် စုစည်းထားသော အဲန်ဘီအက်ဖ် အနေဖြင့် ၃၃
ရာခိုင်နှုန်းရရှိနိုင်ရန် ပြင်ဆင်ထားပြီး ပြည်ထောင်စု အစိုးရကိုမူ ညွန့်ပေါင်း အဖြစ်ပါ ၀င်ဖွဲ့စည်းနိုင်မည်ဟု သုံးသပ်ထားကြသည်။

CNDP ပါတီသည် တိုင်းရင်းသားလူမျိုးများ ပါတီများစုရပ်ဖြစ်သည့် Nationalities Brotherhood Federation ၏ အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အခြား ချင်းညီအကို ပါတီများနှင့် ချင်းပြည်နယ်အစိုးရဖွဲ့နိုင်ရန် ပြင်ဆင် ထားကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code