ကုလားတန်မြစ်ကမ်းလူနေအိမ်များ ရေလွှမ်းမိုး

0

flood

 

ဇူလိုင်လ ၂၀ နောက်ပိုင်း မိုးသည်း ထန်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကုလားတန်မြစ်ကမ်းဘေး ရှိ ဒေသခံ ကျေးရွာတချို့၏ လူနေအိမ်များ ရေလွှမ်းမိုးခြင်းခံရ သည်ဟု သိရသည်။ ယခု လ ၂၀ ရက်နောက်ပိုင်း မိုးသည်းထန်မှုကြောင့် ပလက်ဝမြို့နယ် ကုလားတန်မြစ်ြေoကာင်းပေါ်ရှိ ပလက်ဝမြို့ အပါ အ၀င် ကာရမိတ် ၊ ရှင်းလက်ဝ၊ ထရွန် အိုင်၊ တောင်ပြိုရွာ ရှိ လူနေအိမ်များ ယခုလ ၂၅ ရက်နေ့မှ ရေလွှမ်းမိုးသွား သည် မှာ ယနေ့အထိ ပင်ဖြစ်သည်ဟု သိရသည်။

” ကျတော်သိရသလောက်က ကာရမိတ်ရွာက အိမ်ခြေ ၂၀၊ ရှင်းလက်ဝက အိမ်ခြေ ၁၇၊ ပလက်ဝမြို့ပေါ်က အိမ်ခြေ ၂၀ ခန့်မြစ်ရေ လွှမ်းမိုးသွားတယ် ၊ ဒါ့အပြင် ရွာသားတွေရဲ့ ကိုင်း ပင်တွေ လည်း ရေထဲ ပါသွားတယ်ပေါ့နော် ” ဟု ပလက်ဝမြို့ပေါ်နေ ကိုလှထွန်းက ယနေ့ ပြောသည်။

 

မြစ်ရေကြီးမှုကြောင့် ကုလားတန်မြစ်ကြောင့်ပေါ် နေ့စဉ် ပြေးဆွဲနေသည့် ပလက်ဝ – ကျောက်တော် နှင့် ပလက်ဝ – ရှင်းလက် – ထရွန်အိုင် စက်လှေ ယဉ်လိုင်းများ ရပ်နား ထားေ ကြာင်း ထပ်မံ သိရသည်။

 

ယခုနှစ် မိုးသည်းထန်မှုသည် ယခင်ကာလများထက် ပိုမိုပြင်းထန်ကြောင့်  မြေပြို၊ အိမ်ပြို၊ လမ်းပြိုမှုများ ချင်းပြည်နယ် အနှံ့ရှိနေသည်။

Share.

About Author

Leave A Reply

*

code