ကလေးမြို့ ရေဘေးသင့်ပြည်သူ ၈၀၀၀ ခန့်ရှိပြီ

0

Kalay flood

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရေကြီး မှုကြောင့် ရေဘေးသင့်ပြည်သူ ၈၀၀၀ နီးပါးခန့် ရှိနေပြီဟု သိရသည်။ ကလေးမြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ် ကဲမှုအဖွဲ့မှရရှိသော စာရင်းအရ ကလေးမြို့ပေါ်ရှိ ညောင်ပင်သာ၊ အောင်မင်္ဂ လာ၊ အောင်မြေမာန်၊ အောင်သစ္စာ စ သည့် ရပ်ကွက် ၅ ခု နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာပေါင်း ၃၀ ခန့်တွင် ရေလွှမ်းမိုး မှုကြောင့် ဒေသခံပြည်သူ ၇၇၀၈ ဦးကို မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းတွင် နေရာချထားပေး ရကြောင်း သိရသည်။

ကလေးမြို့ပေါ်တွင် ယခုလက်ရှိ ကယ်ဆယ်ရေးစခန်း (၅) ခုဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူများကို ဒေသခံတွင်း အခြေစိုက် စေတနာရှင်များ၊ လူမှုအသင်းအဖွဲ့အများ နှင့် ကမ္ဘောဇဘဏ်တို့မှ အကူအညီပေးလျက်ရှိသည်ဟုသိရသည်။

 

ယခုရေကြီးမှုသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်သည်ဟု ကလေးမြို့ဒေသခံများကပြောဆိုကြသည်။ ရေကြီးမှုကြောင့် အနီးအနားပတ်ဝန်းကျင်းကျေးရွာရှိ စပါးစိုက်ပျိုးထားပြီးသော လယ်မြေဧကပေါင်းများစွာ ပျက်ဆီးခဲ့ရပြီး ဒေသခံများ အဓိကအသုံးပြုနေရသော တံတာများ လည်း ကျိုးကျပျက်ဆီးကုန်သည်ဟုသိရသည်။

 

“ပြီးခဲ့တဲ့တစ်ပတ်ကဘဲ ကျမတို့လယ်လည်း စပါးစိုက်ပြီးတာ အခုတော့ ရေကြီးလို့ အကုန်ပျက်စီးသွားပြီ” ဟု ကလေးမြို့ နယ် ပျဉ်းတောဦးကျေးရွာသူတစ်ဦးကပြောသည်။

 

အလားတူ ကလေးမြို့ရပ်ကွက်အတော်များများတွင်လည်း ရေကြီးမှုကြောင့် အိမ်တွင်းပစ္စည်များတစ်ခုမကျန် ရေထဲအကုန် ပါသွားသူများလည်းရှိသည်။

 

“ပစ္စည်းတွေကို အိမ်ခေါ်မိုးပေါ်မှာ တင်ထားတာ အခုတော့ တအိမ်လုံးမြှပ်သွားတော့ အကုန်ပါသွားပြီ”ဟု ကလေးမြို့ ညောင်ပင်သာရပ်ကွက်နေ ကိုဖိုးသားကပြောသည်။

Share.

About Author

Leave A Reply

*

code