၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့နေ့ ဟားခါးမြို့တွင် အောင်မြင်စွာ ကျင်းပ

0

photo

၁၉၆၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဦးဆောင်မှုဖြင့် ဟားခါးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ ရဲဇာနည် ခန်းမ တွင် ယနေ့ နံနက် ၀၈း၀၀ နာရီတွင် ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ချင်းပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ် အတွင်းရေးမှူး နှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ရဲအရာရှိ၊ အရာခံ၊ အကြပ်တပ်သား၊ ရဲမိသားစုဝင်များ ၊ မြို့မိမြို့ဖနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ သတင်းမီဒီယာများ စုစုပေါင်း ၁၀၀ ကျော် တက် ရောက် ခဲ့ကြသည်။

အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့ သည် ခေတ်ကာ လနှင့် လိုက်လျောညီထွေစွာ လူ့အခွင့်အရေးကို လေးစားလိုက်နာလျက် နိုင်ငံတကာ စံချိန် စံညွန်းနှင့် အညီ ကျင့်ကြံ ရမှာဖြစ်ကြောင်း လာမည့်အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ များ ဘေးကင်း လုံခြုံစွာ မဲပေးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်အတိုင်း လိုက်နာ စောင့်ထိန်းအပ်ကြောင်း မိန့်ကြား သွားသည်။

ဆက်လက်ပြီး ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင်ကလည်း ရဲချုပ်ကြီး ဦးဇော်ဝင်းပေးပို့သော ၅၁ နှစ်မြောက် မြန်မာ နိုင်ငံရဲ့တပ်ဖွဲ့နေ့ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ရာမှာ ပြောင်းလဲ လာသော နိုင်ငံရေးခေတ်ရေစီးကြောင်းနှင့် အညီ ရဲတပ်ဖွဲ့ အမည်နာမ ပြောင်းလဲလာပုံနှင့် ဒီမိုကရေစီ လမ်းကြောင်း နှင့် အညီ ရဲတပ်ဖွဲ့ အသွင်သဏ္ဍာန်ကို ပြုပြင် တိုးချဲ့ပုံ၊ နိုင်ငံတကာ စံချိန် စံညွန်းအတိုင်း အီးယူ၊ ယူအဲန်ဒီပီ ၊ အင်တာပို နှင့် ပူးပေါင်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ဖတ်ကြား သွားသည်။

အခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့အလိုက် ဆုပေးပွဲကို တဆက်တည်းပြုလုပ်ခဲ့ရာ ပြစ်မှုအနည်းဆုံးဆုနှင့် ရဲတပ် သားသစ် စုဆောင်းမှုအများဆုံးဆု ကို ဖလမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ၎င်း၊ တခြား အမှု အနည်းဆုံး ဆုနှင့် မှုခင်း ဖြစ် ပွား မှု အနည်းဆုံးဆုကို တီးတိန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ၎င်း၊ ကြိုတင်ကာကွယ်မှု အများ ဆုံးနှင့် ဖမ်းဆီးမှု အများ ဆုံးဆုကို မင်းတပ်မြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ၎င်း၊ ပြေး (၄) ပြေးဖမ်းဆီးမှု အများဆုံး ဆုကို ပလက်ဝမြို့ နယ်ပြည်သူ့ ရဲတပ်ဖွဲ့ မှ၎င်း၊ ပြည်နယ် ၀န်ကြီးချုပ် နှင့် ပြည်နယ် လွှတ်တော်ဥက္ကဌတို့မှ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ အင်အား ၄၁ ဦးသည် ၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့နေ့ အမှတ်တရဖြစ်စေ ဖို့ရာ စက်တင်ဘာလ ၂၉ ရက်နေ့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ သွေး လှူဒါန်း မှု ပြုလုပ် ခဲ့ကြ ကြောင်း သိရသည်။

လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲလုံခြုံရေးအတွက် ခရိုင်နှင့် မြို့နယ်အ ဆင့်ရဲအရာရှိ မွမ်းမံသင်တန်းကို လာမည့်အောက်တိုဘာလတွင် ဟားခါးမြို့၌ ပြုလုပ်ကြမည် ဟုလည်း ထပ်မံသိရ သည်။

Share.

About Author

Leave A Reply

*

code