ကလေးခရိုင်အတွင်း မသန်စွမ်းသူများ အလွယ်တကူမဲပေးနိုင်ရေး သီးခြားဆောင်ရွက်ထားခြင်းမရှိ

0

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် မသန်စွမ်း မဲပေးနိုင်သူဦးရေ ၇၉၀ ရှိသည်ဟု သိရပြီး အလွယ်တကူ မဲထည့်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ဘက်မှ သီးခြားစီစဉ်ဆောင်ရွက် ထားခြင်းမရှိဟု သိရသည်။ ကလေး ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦး ဂင်ခန့်ပေါင် က “ နိုင်ငံတကာတွေမှာလို မသန်စွမ်းတွေ အတွက် သီးသန့်မဲထည့်နိုင်ရေး စီစဉ် ဆောင်ရွက်တာတော့ မရှိပါဘူး၊ အခုအသုံးပြုမယ့် မဲပြားနဲ့ဘဲ မဲပေးရမှာဖြစ် တယ ဒါပေ မယ့် အလွယ်တကူ မဲထည့်လို့ရနိုင်အောင် ရွေးကောက်ပွဲနေ့ မဲလာထည့်ကြတဲ့ အချိန်မှာ သူတို့ရဲ့ မိဘ ၊ ညီအကိုရင်းတဦးဦးကသော်လည်းကောင်း လိုက်ပို့လို့ရပါတယ်”ဟုပြောသည်။

 

ကလေးမြို့ချင်းအမျိုးသား ဒီမိုကရစ်တစ်ပါတီ ဥက္ကဌ ပူး ဗန်ကင်းကတော့ မသန်စွမ်းသူများ အလွယ်တကူ မဲပေးနိုင်ရေးအတွက် ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အပါအဝင်၊ ရပ်မိရပ်ဖများအနေဖြင့်အိမ်တိုင် ရာရောက် သွားရောက် ကာမဲထည့် ခိုင်း သင့်သည် ဟုပြောသည်။

 

“ဘာလို့လည်းဆိုတော့မသန်းစွမ်းသူတွေကို ဒုက္ခမပေးတာကောင်းတယ်။တကယ်လို့ကော်မရှင်အနေနဲ့လုပ်ချင်တယ်ဆိုရင်တော့ မသန်စွမ်းသူတွေရှိတဲ့ အိမ်တိုင်းကို ရပ်ကွက်ကော်မရှင် အပါအဝင်၊ ရပ်မိရပ်ဖနဲ့အတူ သွားရောက်ပြီး မဲပေး ခိုင်သင့်တယ်။ သူဘယ်ပါတီကိုမဲပေးတယ် ဆိုတာလည်းကြည့်စရာမလိုဘူး။ ဒါမှမဟုတ်မဲရုံ အတွင်းထိဘယ်သူကပဲခေါ်ခေါ် အထဲမှာက သူတို့လူတွေပဲဖြစ်နေ တယ့် အတွက်ကျွန်တော့ အနေ နဲ့မယုံတာဖြစ် တယ်”ဟုဦးဗန်ကင်း ကပြောသည်။

 

ကလေးခရိုင် တွင်မဲပေးနိုင် သူမသန်စွမ်းဦးရေကျား ၃၇၅ ၊မ၄၁၅စုစုပေါင်း ၇၉၀ဦးရေရှိသည်။ အလားတူ ကလေးဝနယ်တွင် မသန်စွမ်းဦးရေကျား ၅၇၊မ၇၉စုစုပေါင်း ၁၃၆ဦးရှိပြီး၊ မင်းကင်းနယ်တွင် မသန်စွမ်းဦးရေကျား ၁၀၅၊ မ၁၃၇ စုစုပေါင်း၂၄၂ဦးရေ ရှိကြောင်း ကလေးမြို့ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး မှသိရသည်။

 

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ တွင် ကလေးမြို့နယ် အတွင်း မဲရုံပေါင်း ၁၂၆ ရုံရှိပြီး၊ မဲပေးနိုင်သူဦးရေ ၃ သိန်းကျော်ခန့် ရှိ သည်ဟု ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦး ဂင်ခန့်ပေါင် ကပြော သည်။

Share.

About Author

Leave A Reply

*

code