ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် မဲဆွယ်စည်းရုံးရေး အခက်ကြုံ

0

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်မဘက်နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အပြိုင် အဆိုင်လုပ်နေကြသော်လည်း မကြာသေးခင်က သဘာဝဘေးဒဏ်ခံခဲ့ရသော ချင်းပြည်နယ်မှာမူ လမ်းပန်းဆက်
သွယ်ရေးခက်ခဲမှုများကြောင့် ချင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးအတွက် အခက် ကြုံတွေ့ နေကြရသည်။ ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ မြေသားတွေပြိုကျပြီး  လမ်းပန်း ဆက် သွယ်ရေး ပျက်တောက်မှု များ ရင်ဆိုင်ခဲ့ရသည့်အတွက် ချင်းပြည်နယ် မြို့ပေါ်ပိုင်းမှာသာ စည်းရုံးရေးဆင်းနိုင်ကြပြီး ကျေးလက်ဒေသအထိ သွားရောက်မဲဆွယ်စည်းရုံးရန် အခက်ကြုံနေကြခြင်းဖြစ်သည်ဟု ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီမှ ဟားခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချန်ပုမ်က ပြောသည်။

 

“စည်းရုံးရေးဆင်းလို့မရဘူးဗျ မြို့ပေါ်မှာပဲ ကျနော်တို့ တရားဟောနေတယ်၊ အရင်တုန်းက ဆိုင်ကယ်နဲ့သွားတဲ့ ဥစ္စာ မသွားနိုင် ကားနဲ့သွားတဲ့ဥစ္စာလည်းမသွားနိုင် အရင်တုန်းက ၃ နာရီလောက် သွားတဲ့ဥစ္စာအခု ၂ ရက်လောက် သွားရ တယ်ဗျ၊ အခြေအနေမကောင်းဘူးဗျား ဆရာသမားရယ် ကျန်ာတို့မှာ ဘယ်လိုလုပ်ရမလဲမသိဘူးဗျ၊ ၂ ရက်ခရီးကို ၄၊ ၅ ရက်သွားရတယ်ဗျ၊ ခြေလျင်နဲ့ပဲသွားနေကြတယ်ဗျာ ကျနော်တို့ကတော့  ငရဲပြည်ဖြစ်နေတယ်ဗျာ
ဟားခါးကတော့’’ ဟု ပြောသည်။

 

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီကလည်း တီးတိန်၊ တွန်းဇံဘက်တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ စတင်နေပြီဖြစ် သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ဘဲ စည်းရုံးရေး လုပ်ငန်းနှောင့်နှေး မှုများ ကြုံနေကြရကြောင်း ပါတီပြောခွင့်ရ ဦးကျင့်ဆွမ်းမန်ကပြောသည်။

 

“အဓိကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ ကားတွေနဲ့သွားလို့မရတော့ဘူး ဆိုင်ကယ်နဲ့ပဲသွားရတဲ့အနေအထားဖြစ်တယ်၊ ဆိုတော့ ခရီးအတော်လေးနှောင့်နှေးတာပေါ့နော်၊ အစစအရာရာဂရုစိုက်ရတယ်၊ ပြီးတော့
စိတ်သွား တိုင်း ကိုယ်မပါနိုင်တဲ့ အနေအထားဖြစ်သွားတာပေါ့။ ဒါပေမယ့် ဒီကြားထဲမှာ ကျနော်တို့အကောင်းဆုံးဖြစ်အောင် မဲဆွယ်မှုတွေစနေပါပြီ” ဟု ပြောသည်။

 

သဘာဝဘေးဒဏ်သင့်ခံခဲ့ရသော ချင်းပြည်နယ်တွင် ဒေသခံချင်းပြည်သူအများစုသည်လည်း နေ့စဉ်စားရေးသောက်ရေး အတွက် ပူပင်သောကရောက်နေကြသည့်အတွက် ရွေးကောက်ပွဲကိုပင် စိတ်ဝင်စားမှုနည်းပါးကြောင်း ဦးချန်ပုမ်ကပြော သည်။

 

“လူထုကလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကိုး နိုင်ငံရေးဘက်မှာ စိတ်ဝင်စားမှုမရှိဘူးဗျ ကျနော်တို့ဘာစား မလဲ ဘာသောက်မလဲဆိုတဲ့အတွေးမှာပဲရှိကြတယ်ဗျ’’ဟု ဦးချန်ပုမ်ကပြောသည်။ ချင်းပြည်နယ်အစိုးရရဲ့ ဩဂုတ်လ (၃၁) ရက်နေ့ထုတ်စာရင်းအရ ချင်းပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် နေအိမ်ပြိုပျက် မှုမှာ အိမ်ခြေပေါင်း ၁၁၀၃ လုံး၊ ဆုံးရှုံးမှုတန်ဖိုး ၂၀၆၄ သန်း၊ ပြောင်းရွှေ့ရန်လိုအပ်သောအိမ် ၁၇၈၁လုံး၊ ဆုံးရှုံးမှုတန်ဖိုး ၈၉၁၀ သန်း၊ ဒုက္ခသည်ပေါင်း ၁၄၉၇၉ ဦးရှိတယ်လို့သိရသည်။

 

မဲဆန္ဒနယ်မြေ စုစုပေါင်း ၃၉ နေရာရှိသော ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၂ ဦး နှင့် တစ်သီးပုဂ္ဂလ ၇ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၉ ဦးဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Share.

About Author

Leave A Reply

*

code