တီးတိန်မြို့ CNF ဆက်ဆံရေးရုံး ဗုံးဖောက်ခွဲခံရ

0

ချင်းပြည်နယ် တီးတိန်မြို့တွင် ဖွင့်လှစ်ထားသော ချင်းအမျိုးသားတပ်ဦး CNF ၏ ဆက်ဆံရေးရုံး အောက်တိုဘာလ ၁၉ ရက်ည ၁၁ နာရီခန့်တွင် ဗုံးဖောက်ခွဲခံရပြီး ပေါက်က်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိကြောင်းသိရသည်။ 

အခင်းဖြစ်ပွားပုံနှင့်ပတ်သက်ပြီး တီးတိန်မြို့ CNF ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ကိုမာန်နိုးက “ ကျနော်တို့က ရုံးစောင့် လည်းမထားဘူး၊ ရုံးသန့်ရှင်းရေးလုပ်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်၊ ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ပေါက်ကွဲမှုက ဖြစ်တာ၊ အုပ်နံရံကို ဖောက်ပြီး၊ ယမ်းထုတ်နဲ့ပဲလုပ်တဲ့သဘောရှိတယ် အကြီးအကျယ်ပျက်စီးမှုတော့မရှိပါဘူး၊ ရုံးခန်း ထဲမှာရှိတဲ့ ထိုင်ခုံတွေလောက်ပဲ ပျက်စီးမှုရှိတာပေါ့’’ ဟု ပြောသည်။

CNF သည် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) လက်မှတ်ရေးထိုးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ လူထုထံရှင်းလင်းတင်ပြခြင်းအစီစဉ်ကို ချင်းပြည်နယ်တွင် ပြုလုပ်ရန်စီစဉ်လျက်ရှိပြီး ယင်းအစီစဉ်ကို ကန့်ကွက်သော လူတစ်စုမှ ယခုကဲ့သို့ ဗုံးဖောက်မှုကို လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ကိုမာန်နိုးကပြောသည်။

“ NCA လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုရှင်းလင်းပွဲလုပ်မယ်၊ ကျနော်တို့ ဥက္ကဌကိုယ်တိုင် ဒီကိုလာမယ်၊ အဲဒီ အစီစဉ်ကို မလိုလားတဲ့လူတစုက ကန့်ကွက်တဲ့အနေနဲ့ ခုလိုလုပ်တာလို့ထင်ပါတယ်’’ ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့မှ လေ့လာစုံစမ်းမှုများပြု လုပ်နေ ကြောင်း ဟားခါးမြို့မှ ဗျူဟာမှူးကိုယ်တိုင်လာရောက်မည်ဟုလည်း သူကဆက်ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ ထန်တလန် နှင့် မတူပီ စသည်တို့တွင် ဖွင့်လှစ်ထားသည်။
တီးတိန်မြို့တွင် ဆက်ဆံရေးရုံးစတင်ဖွင့်လှစ်သည့်အချိန်ကလည်း ဒေသခံတစ်ချို့ မှ ကန့် ကွက်မှုများရှိခဲ့သည်။

တီးတိန်မြို့ CNF ဆက်ဆံရေးရုံးသည် ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်ညကလည်း ဖောက်ခွဲခံရ သော်လည်း ယနေ့ထိ တရားခံကို မဖော်ထုတ်နိုင်ခဲ့ကြပေ။

Share.

About Author

Leave A Reply

*

code